ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို
မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု
အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့်
အငြိမ်းစားဝန်များလည်းပါဝင်ကြော
င်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်း ကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။
ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်
နေပြည်တော်ကောင်စီနယ်
ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂
သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀
ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာအတူတူပါပဲ။
နိုင်ငံတော်အကြီးအကဲတွေကလည်း နိုင်ငံ
တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ
အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ "
ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။
ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်
Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)
Reviewed by သစ်ထူးလွင်
on
09:37
Rating:
5 comments:
ကိုသစ်ထူးလွင်ရေ..ဒီမှာတော့ရင်တွေခုန်..ရင်တွေတုန်နေတယ်ဗျ..
NLDနိုင်ပါစေပဲဆုတောင်းနေရတယ်ဗျာ....
သတင်းတွေကိုအမြန်ဆုံးတင်ပေးတာကိုကျေးဇူးတင်ပါတယ်
နောက်ဘာတွေဖြစ်လတြင်ပေးပါအုံး...
သတင်းကိုစောင့်မျှော်နေလို့..ချစ်သူဆီတောင်ဖုန်းမဆက်နိုင်ဘူးဗျာ...
NLD အောင်မြင်ပါစေ......
တင့်ဆန်းကတော့ ၀န်ခံသွားပြီ။ အ၇င်ေ၇ွးကောက်ပွဲနဲ့အတူတူဘဲတဲ့။ အ၇င်လိုဘဲ ခိုးလို့၇တာခိုး တိုက်လို့၇တာတိုက်ပီးယူပါတယ်လို့ သဘောက်ပေါက်မိပါတယ်။ ။
တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊
သစ်ထူးလွင်ကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ
"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ 
Post a Comment