ဓါတ်ပုံ(NLD) |
လမ်းလျှောက်ခွင့်မရှိကြောင်းမဲရုံမှူးက ခြိမ်းခြောက်မှုများရှိနေကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စ စ်ကိုင်းရုံးမှတာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စ
မတ် ၃၁ ရက်ည ၈ နာရီက ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီက
မဲဆွယ်စည်းရုံးရာ၌ NLD ကသတင်းဓာတ်ပုံ ရိုက်ယူရာမှ
နှစ်ဖက်ပဋိပက္ခဖြစ်ပွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ဗီဒီယိုရုံပိုင်ရှင်၏သား
ဓားထိုးခံရ၍ သေဆုံးသွားကြောင်းသိရသည်။
7Day News Journal
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့
သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ
ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်
ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။
မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။
အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။
မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။
မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။

ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင

Yangon Press International
--------------------------------------------------------------------------------------
မရမ်းကုန်း ၉ ရပ်ကွက် မဲရုံ ၈ မဲစာရင်းစတင်ပိတ်၊ NLD တစ်မဲသာရ
မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် မဲရုံနံပါတ် ၈ မဲစာရင်းကုန်သွားပြီဖြစ်သဖြင့် မဲရေတွက်ရာ NLD ပါတီမှ တစ်မဲသာရရှိခဲ့ကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၇၃ ယောက်ရှိပြီး ကြိုတင်မဲ ၁၀၁ မဲရှိကြောင်း စုံစမ်းသိရှိရသည်။
လက်တလောစာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ၁၆၇ မဲ ၊ ပယ်မဲသုံးမဲ၊ မြန်မာကွန်ရက်မှ တစ်မဲ၊ NLD မှ တစ်မဲသာရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီမဆိုထားနှင့် ပယ်မဲပင်လျှင် NLD ကို ဖြတ်တက်သွားကြောင်း တွေ့ရှိရသည်။
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၈)
Reviewed by သစ်ထူးလွင်
on
09:14
Rating:
3 comments:
သတင်းတွေကို အဆက်မပြတ်တင်ပေးတဲ့အတွက်
သစ်ထူးလွင် ဆိုဒ်ကို အထူးကျေးဇူးတင်ပါတယ်..ဗျာ...
ညနေ ရလဒ်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပေးဖို့ မျှော်လင့်ပါတယ်..
video ရုံပိုင်ရှင်သားအမှုကိုပုလိပ်တွေကဖော်ထုတ်ပါတော့မည်ခင်ဗျား
ဟဲဟဲဟဲ..စိတ်မကောင်းတာတော့အမှန်ပါ. ဘယ်ပါတီကိုအားပေးပေး
စိတ်ဒေါသနဲ့ တော့မပြုမူသင့်ပါဘူး.အမေစုပါတီဝင်ကိုအားပေးကြတဲ့မိဘပြည်သူများခင်ဗျား.ဒေါသရှေ့ တန်းမတင်ကြပါနဲ့ .ခင်ဗျား.
သေဆုံးသူအတွက်အမျှပေးဝေပါတယ်..အမျှ.အမျှ.အမျှ.ရကြပါစေ..ဗျာ.
တရားခံကိုလည်းထိုက်သင့်တဲ့ပစ်ဒဏ်ပေးမှာပါ. အော်အော်..လူလောက
တယ်ရှုပ်သကိုး..
ဟိုက်...မရမ်းကူုန်း က ဘယ်လိုဖြစ်တာလဲ...ဒုက္ခပါပဲ...
Post a Comment