မုံရွာမြို
့အနောက်ဘက်ချင်းတွင်းမြစ်တဘက်ကမ်းရှိမြန်မာ.စီးပွားရေးဦးပိုင်လိမိ
တက်နှင့် တရုတ်နိုင်ငံမှ ယန်စီမြန်မာကော့ ပါးလီမိတက်တို့  အကျိုးတူပူးပေါင်း
ဆောင်ရွက်နေသော စပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံ
ကိန်းသည် ယခင် မ.ဆ.လ အစိုးရလက်ထက် ကပင် ယူဂိုစလာဗီးယား နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် တူးဖော်နေသောကြေးနီသတ္တုတွင်းကြီးပင်ဖြစ်သည်။
န.အ.ဖ အစိုးရလက်ထက်တွင်လည်း နာမည်ကျော်သတ္တုတွင်းကုမ္ပဏီကြီးတစ်
ခုဖြစ်သော Ivanhoe Mines Company နှင့် သတ္တုတွင်းဝန်ကြီးဌာနာ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ သော ကြေးနီအမြောက်အများထွက်သည့် 
သတ္တုတွင်းကြီးတခုဖြစ်ပါသည်။
"ကျတော်တို့ ဒီဒေသခံတွေကခေတ်အဆက်ဆက်ဒီသတ္တုတွင်းမှာအလုပ်လုပ်လာ
လုပ်တဲ့ နိုင်ငံခြားသားပေါင်းစုံနဲ့ ဆက်ဆံဖူးကြတာမှာဘာပြဿနာမှ ကြီးကြီးမားမားမကြားဖူးပါဘူး၊အရင်တုန်းကလူတွေကအလုပ်လုပ်တာပိုပီးစနစ်
ကျတယ်ထင်တာပဲ၊ဒေသခံတွေမထိခိုက်မနစ်နာအောင်လည်းတတ်နိုင်
သလောက် ထိန်းပီးလုပ်ကြတယ် ။အခုနောက်ဆုံးလုပ်နေတဲ့ နိုင်ငံခြားသားတွေ နဲ့ ကတော့ နည်းနည်းပြဿနာရှိလာတယ်။သူတို့ ကဒေသခံတွေနဲ့ 
ဆက်ဆံရေးသိပ်မပြေပြစ်ဘူး အလုပ်လုပ်တဲ့ နေရာမှာလည်းဒေသခံတွေ
နဲ့ ညှိနှိုင်းပီးမလုပ်ပဲ သူတို့ လုပ်ချင်ရာလုပ်နေသလိုပဲ"ဟုအဆိုပါစီမံကိန်း
အနီးနေသောရွာသားတယောက်က CJMyanmar ကိုပြောပြပါသည်။

CJMyanmar
စီမံကိန်းအ၀င်ဂိတ်ဝ |
လုပ်ငန်းဆောင်ရွက်နေသောယာဉ် |
မိုင်းစွန့် ပစ်မြေစာများထဲမှ ဒေသခံတချို့ ရဲ့ ဒုတ္တာရှာတဲ့ လုပ်ငန်းခွင် (စွန့် ပစ်ဓါတုပစ္စည်းတွေကြောင့် အလွန်အန္တရာယ်များတယ်လို့ သိရပါတယ်) |
ဒေသခံတို့ ရဲ့ အန္တရာယ်များသောလုပ်ငန်းခွင |
စွန့် ပစ်မြေစာများနဲ့ အပိုင်းလိုက်ပေါင်မုန့် လှီးသလိုအလှီးခံထားရတဲ့ တောင်ကြောကြီး |
မိုင်းထဲမှမြေသယ်ယာဉ်ကြီးPhoto - CJMyanmar |
မုံရွာကြေးနီသတ္တုတွင်းစီမံကိန်း
Reviewed by သစ်ထူးလွင်
on
06:40
Rating:
1 comment:
တရုတ်နည်းကတော့ စိတ်မချရတာကမ္ဘာသိပဲ။ သူ့နိုင်ငံမှာတောင် မတော်တဆမှုတွေ ခဏခဏဖြစ်နေတာ။ ငါတို့နိုင်ငံကတော့ အစမ်းသပ်ခံပေါ့။ ဦးပိုင်ကလူတွေပဲ ချမ်းသာသွားမှာပါ။ ပြည်သူတွေ၊ ဒေသခံတွေကတော့ ဒုံရင်းဒုံရင်းပဲ ကျန်ခဲ့မှာပါ။ လက်ပတောင်းတောင်၊ ကြေးစင်တောင်တွေသာ မြေပြင်ဖြစ်သွားမယ်။ ဒေသဖွံ့ဖြိုးမှုအတွက်တော့ ဘာမှ လုပ်ပေးမှာမဟုတ်ဘူး။ အစိုးရကလည်း သိသိချည်းနဲ့ခွင့်ပြုထားတယ်ဆိုတော့ စဉ်းစားစရာပဲ။
Post a Comment