"မဲ နှစ်ခါပြန်ပေးသူအား တရားစွဲရန်စီစဉ်နေ"
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ မဲရုံ အမှတ်(၁)တွင် လူတစ်ဦးတည်းမှ မဲနှစ်ခါပေးခြင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပါတီနှစ်ခုမှ ကိုယ်စားလှယ်များက ယင်းကိစ္စကို ဂရုပြုစောင့်ကြည့်ရာ ထပ်မံ၍ မဲနှစ်ခါပြန်လာပေးသူနှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန်ခေါ်ယူရာတွင် တစ်ဦးကထွက်ပြေးသွားကာ ကျန်အမျိုးသမီးကိုသာ ခေါ်ယူထားနိုင်ကြောင်းသိရသည်။
ထိုအမျိုးသမီးကို ကော်မရှင် ဥပဒေ အခန်း(၁၄)ပါအချက်များအရ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည
်။

"သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ ဖုန်းဖြင့်တိုင်ကြားမှုများပြား"
မဲပေးရာတွင် အဆင်မပြေမှုများကို သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ တရားဝင် စာဖြင့်တိုင်ကြားမှုလုံးဝမရှိပဲ ဖုန်းဖြင့်တိုင်ကြားမှုများပြားလ
ျက်ရှိကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိုင်ကြားမှုများအနက် မဲရုံနားကပ်၍ မဲဆွယ်ခြင်းကိုတိုင်ကြားခြင်းမှာ အများဆုံးဖြစ်ပြီး ယခုကဲ့သို့တိုင်ကြားခြင်းများသည် ၂၀၁၀ ခုနှစ်ကထက် ပိုမိုများပြားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
သို့သော် စာဖြင့် တရားဝင်တိုင်ကြားခြင်းမဟုတ်သဖြင့် အရေးယူရန် အကြောင်းမရှိကြောင်းသိရသည်။
မဲပေးရာတွင် အဆင်မပြေမှုများကို သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ တရားဝင် စာဖြင့်တိုင်ကြားမှုလုံးဝမရှိပဲ ဖုန်းဖြင့်တိုင်ကြားမှုများပြားလ
တိုင်ကြားမှုများအနက် မဲရုံနားကပ်၍ မဲဆွယ်ခြင်းကိုတိုင်ကြားခြင်းမှ
သို့သော် စာဖြင့် တရားဝင်တိုင်ကြားခြင်းမဟုတ်သဖြင
Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၇)
Reviewed by သစ်ထူးလွင်
on
14:57
Rating:
1 comment:
သဘောကျတယ်ဗျာ......
ရှင်းရှင်းပဲ. :)
Post a Comment