မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက်လေ့လာ ဆည်းပူးဖို့အတွက် ယန်းငွေ သန်း (၂၀၀)
ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ နဲ့ တွေ့ဆုံတဲ့အခါ ဒီအစီအစဉ် ကို ၀န်ကြီးချုပ်က ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ် အတွက် ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေးဝန်ထမ်း (၂၀) ကို လက်ခံမှာဖြစ်ပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ဂျပန်
တက္ကသိုလ်တွေမှာ ဥပဒေ၊ အုပ်ချုပ်ပုံနည်းစနစ်၊ မူဝါဒချမှတ်ပုံ စတာတွေ အပြင် ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွဲ့ဖြိုး တိုးတက်မှု ဆိုင်ရာဘာသာရပ်တွေကို လေ့လာဆည်းပူး
နိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး အခြေခံတွေ နဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ စတင် ဆောင်ရွက်နေပေမဲ့ ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးနေတယ်လို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။

(ဓာတ်ပုံ- ဂျပန်-မြန်မာ ဆက်ဆံရေး -၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ 
RFA
 
AFP PHOTO / TOSHIFUMI KITAMURA)
မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည် မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည် Reviewed by သစ်ထူးလွင် on 10:07 Rating: 5

7 comments:

sai aung said...

ဟိုတုန်းက ဂျပန်ငပု ဆို အခု ဗမာငပု ဖြစ်နေပြီ။

blog-ger said...

ဘယ်လိုမျိုး သူတို့က လက်ခံပြီးတော့ အကူအညီပေးမှာလဲ ... ဆက်သွယ်ဖို့ ရော link ပေးနိုင်မလား ...

အောင်သာယာ said...

တချိန်က ဂျပန် ငပု တွေ အခု ခေါင်းတစ်လုံး မက ပိုမြင့် နေကြပြီ မြန်မာ တွေ ကြိုးစါးကြ ရပ်မနေကြနဲ့

Nay Win P M said...

အရင်တုန်းက ဂျပန်ငပုလို့ခေါကြတယ်။ အခုတော့ဗမာငပုပေါ့။

အောင်သာယာ said...

အဂတိ တရားတွေကင်းရှင်းပြီး နိုင်ငံတော်ကြီးအကျိုးအတွက် တကယ် အကျိုးပြုပေးနိုင်ကြမဲ့ ပြည်သူ့ရင်သွေးရတနာတွေ များများ ပေါ်ထွန်းလာနိုင်ကြပါစေ

အောင်သာယာ said...

အဂတိ တရားတွေ ကင်းရှင်းစွာနဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ အကျိုး ပြည်သူတွေအကျိုးကိုထမ်းရွက် နိုင်ကြမဲု့ပြည်သူ့ရင်သွေးရတနာတွေ များများပေါ်ထွန်းလါနိုင်ကြပါစေ

Bravo said...

ကဲ-အမြန်သာလုပ်ကြတော့။ ဘာမှမဆိုင်တဲ့ သားသမီး၊ ဆွေမျိုး၊ နီးစပ်ရာ နဲ့ လာဒ်ထိုးနိုင်သူများသာလို့များ ဂျပန်ကြီးကမှာလိုက်သေးလားဗျာ။
တကယ်တိုးတက်ချင်ရင်တော့ တကယ်တိုင်းပြည်အတွက်လုပ်ပေးမဲ့ သက်ဆိုင်ရာဌာနက ကျွမ်းကျင်တတ်သိသူ ပညာတတ်များကိုသာလွှတ်ပါ။

Powered by Blogger.