၂၀၁၂ ခုနှစ် ဧပြီ ၁
ရက်ကစပြီး မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေဟာ
အမေရိကန် ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် ဒေါ်လာ ၁ သောင်းနဲ့ ညီမ်ွတဲ့
မည်သည့် နိုင်ငံခြား ငွေကိုမဆို ယူဆောင်လာနိုင်တယ်လို့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်း ထုတ်ပြန်လိုက်ပါ တယ်။
ဒီလိုယူဆောင်လာရာမှာ
အကောက်ခွန်ဌာနမှာ ကြေညာစရာမလိုဘူးလို့လည်းဆိုပါတယ်။ အရင်က
နိုင်ငံခြားသားတွေ မြန်မာပြည် လာရင် ဒေါ်လာ ၂ ထောင်ပဲ ယူဆောင်
အသုံးပြုခွင့် ပေးထား တာပါ။
မြန်မာပြည်မှာ ဘဏ်ကဒ်
သုံးလို့လည်း မရသေး။ ဒေါ်လာကိုင် ဆောင်ခွင့်ကိုလည်း
ကန့်သတ်ထားတာတွေ ရှိနေသေးတာကြောင့် နိုင်ငံခြားသား ခရီးသည်တွေ
ငွေကြေးအသုံးပြုရာမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေကြရပါတယ်။
အခုလို ဒေါ်လာ ၁
သောင်းအထိ တရားဝင် ယူဆောင် အသုံးပြုခွင့်ပြုလိုက်တာကြောင့်
နိုင်ငံခြားသား ခရီးသည် တွေရော၊ ခရီးသွားလုပ်ငန်းနဲ့
ပတ်သက်ဆက်နွယ်နေတဲ့ သူတွေ အားလုံး အတိုင်း အတာတခုအထိ အဆင်ပြေ
သွားနိုင်တယ်၊
မြန်မာ့ဓန မဂ္ဂဇင်း
အယ်ဒီတာချုပ် ဆရာသီဟစောက ပြောင်းဖို့လိုနေတဲ့ ငွေကြေးနဲ့
ဘဏ်စနစ်တွေထဲက အပြောင်းအလဲတခုဖြစ်တယ်လို့ ပြောပါတယ်။
ဒီဗွီဘီ
မြန်မာပြည်ကို ဒေါ်လာ ၁ သောင်း ယူလာနိုင်ပြီ
Reviewed by သစ်ထူးလွင်
on
17:27
Rating:
2 comments:
ှသေချာပေါက်နိုင်ငံခြားငွေတွေ နိုင်ငံထဲကို ၀င်လာမှာပေါ့ဗျာ သိပ်ကောင်းတာပေါ့။ ။
မြန်မာပြည်ထဲမှာ ဒေါ်လာတွေကို မြန်မာငွေနဲ့ လဲတော့ နေရာတိုင်းမှာ ထောင်မလဲ သဲကော် လို့ ဆိုရမယ့် အပွန်းမပါ၊ အမှတ် မပါ၊ အတွန့် မပါ အသစ်တွေကိုပဲ လက်ခံလို့ အင်မတန်မှ အခက်အခဲတွေ့ကြရပါတယ်။
Post a Comment