လက်ရှိအပြောင်းအလဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား၊ အဲဒီလိုသွားခဲ့ ယင် လက်ရှိအစိုးရက အပြောင်းအလဲတွေကို ပြန်ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်နိုင်မလားဆိုပြိး ဒီကနေ့ ဟောင်ကောင်ကပေးပို့တဲ့ The New York Times သတင်းမှာ မေးခွန်း ထုတ်ထားပါတယ်။
ဒီကနေ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် (၁) ဥိးစားပေးရမဲ့သူအဖြစ် အလေးထားဆက်ဆံနေပြိး သမိုင်းတွင်တဲ့ နိုင်ငံတော်ခရီးစဉ်တွေအဖြစ် သွားရောက် လည်ပတ်နေကြပါတယ်။
ဒါ့အပြင် ဘရစ်တိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လာမဲ့ဇွန်လမှာ ဘရစ်တိန်ကို လာရောက်လည်ပတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကလည်း အကြိမ်ကြိမ်ဖိတ်ခေါ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်နိုင်မယ်ဆိုယင် ပြည်ပကို ခရီးသွားဖို့ ဆန္ဒရှိနေပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့် ရမရဆိုတာကို တိုးတက်မှုတခုအနေနဲ့ စမ်းသပ်လိုတဲ့အနေအထား ရှိကြောင်း The New York Times သတင်းမှာ ရေးသားထားပါတယ်။
ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား
Reviewed by သစ်ထူးလွင်
on
16:51
Rating:
11 comments:
သွားလည်ပါ အမေ၇ယ် ။ ပြန်လဲလာခဲ့ပါ ။
မသွားပါနဲ့အုံးအမေ..
ဒီကောင်တွေက ပြန်ဝင်ခွင့်မပေးရင်ဘယ်
လိုလုပ်မလဲ....သေချာအောင်လက်မှတ်ထိုးခိုင်း
အမေမရှိရင်ပြည်သူတွေ ဘယ်သူတွေဘယ်သူ့အားကိုးရမှာလဲ
ဘယ်ကောင်ပိတ်၇ဲမလဲ ကြည့်လိုက်မယ်။ ။
နှစ်ခါပြိုင် နှစ်ခါနိုင်တယ်။ ပြိုင်တိုင်းနိုင်တဲ့ အမေ့ဘက်မှာ ပြည့်သူ့အင်အားအပြည့်၇ှိတယ်။ ။
တယုတ်ကိုတော့သွားဖို့ စိတ်မကူးပါနဲ့
အပြင်မှာပြုံးနေပေမယ့် အတွင်းကကျိတ်မနိုင်ခဲမရဖြစ်နေတာ လုံခြုံရေးအတွက် အင်မတန်မှစိုးရိမ်ရပါတယ်
မေးခွန်းဟုဆိုသော်လည်း လက်ရှိပစက္ခကာလကို ဂဂဏဏမသိဘဲ စိတ်ကူးယဉ်မေးခွန်းမျိုးမဖြစ်သင့်ပါ၊ မြင့်ရွှေလုပ်လို့ ပွဲတစ်ခါဆူပြီးပြီ ၊ဒီတစ်ခါ ဘာဖြစ်ပြန်တာလဲ
ဟုတ်ပါတယ်ခင်ဗျာ ပြန်တော့လာခဲ့ပါ
ဘာဖြစ်လို့ပြန်ဝင်လို့မရရမှာလည်း။
ပြန်ဝင်ခွင့်သာမပေးဘူးဆိုရင် လက်ရှိအစိုးရဘာဖြစ်သွားမလဲ။
ဦးသိန်းစိန် အဲဒီလောက်သတ္တိမရှိပါဘူး။
ရဲရဲသာသွားပါ အမေ။ အမေ့ကို ဘယ်သူမှ မထိရဲပါဘူး။
တစ်ခုပဲ သတိထားရမှာက အမေရဲ့လုံခြုံရေးပါဘဲ။
တန်ဖိုးမရှိတဲ့သူတစ်ယောက်က
တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက်ကို
လုပ်ကြံဖို့ဆိုတာ သူ့အတွက်အလွန်ဂုဏ်ယူစရာ
ကောင်းတဲ့လုပ်ရပ်ပါ။
အမေစုကျန်းမာချမ်းသာပါစေ...
အမေကိုမြန်မာလူမျိုးတွေမက ကမ္ဘာကြီးက လူထုတွေက ဘယ်လောက်ထောက်ခံတယ်ဆိုတာ ပြဖို့ သွားစေချင်တယ်။အမေရဲ့နောက်မှာ တစ်ကမ္ဘာလုံးက ထောက်ခံနေတာ စစ်အစိုးရ ပြည်ဝင်ခွင့် မပိတ်ရဲတော့ပါဘူး။
Very powerful Daw Aung San Su Kyi, you are very good woman in the would but Our government not thinking about like that. I would like to advice to you and your never going to visit aboard within the Constitution. After that they would like to change their power. Now they are intent to back to Military control.
ဒီလောက်ကမ္ဘာက လက်ခံနေတဲ့ သူတစ်ယောက်ကို ပိတ်ရဲပိတ်ကြည့်ပါ့လား။ ကိုယ့်သေတွင်းကို တူးသလိုဖြစ်သွားမှာပေါ့။ ဒီလူတွေ ဒီလောက်တော့ မမိုက်ရဲလောက်ပါဘူးလေ။
Post a Comment