နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ
ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဖို့
ဒေသခံလူထုကို နေ့စဉ်အသံချဲ့စက်နဲ့အော်ပြီး တားဆီး ပြောဆိုနေတယ်လို့
သိရပါတယ်။
အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြောပါ တယ်။
အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက
အဲဒီဆရာတော်ကို ငွေ ၁၅ သိန်းနဲ့ မီးစက်တလုံး သွားရောက်
လှုဒါန်းခဲ့ပြီးတဲ့နောက်၊ အခုလို နေ့စဉ်ဟောပြောနေတာလို့ သိရပါတယ်။
ဒီလိုဘက်လိုက်မဲဆွယ် ဟောပြောနေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ထံ
တိုင်ကြားထားကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်းက
ပြောပြခဲ့ပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း
တွေဟာ
နေပြည်တော် မဲဆန္ဒ နယ်လေးခုအနက် အနဲဆုံးနှစ်ခုလောက်မှာတော့
အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ နေပြည် တော်မှာ
ပါတီမဲအောင်နိုင်ရေးဆောင်ရွက်နေ တဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ မြတ်ဥာဏစိုးက ခန့်မှန်းပြောဆိုပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အန်အယ်ဒီနဲ့
ကြံ့ခိုင်ရေးပါတီတို့ နေပြည်တော်မှာ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ် လို့ အများက ဝေဖန်ပြောဆိုနေချိန်မှာဘဲ ဒေါက်တာမြတ်ဥာဏစိုးရဲ့ အခုလို ခန့်မှန်းချက်ထွက်ပေါ်လာတာဖြစ်ပါ တယ်။
ဒီဗွီဘီ (ဖေ့စ်ဘုတ်)
သံဃာတော်တပါး NLD ကို မထောက်ခံဖို့ နေ့ စဉ် အသံချဲ့ စက်နဲ့ အော်နေ
Reviewed by သစ်ထူးလွင်
on
15:54
Rating:
46 comments:
ဆရာတော် ကိုယ့်အလုပ်ကိုလုပ်ပါ ဦးနှောက်သုံးပါ ဒီလောက်ပိုက်ဆံလေးနဲ့ပြည်သူကို မှိုင်းမတိုက်ပါနဲ့ ပိုက်ဆံတစ်ဆယ့်ငါးသိန်းကို မမြင်ဖူးဘူးလား ဆရာတော်ကတော့တစ်ဘ၀စံ ပါပဲ
ဖွတ်တွေက..သူတို့ ကိုယ်တိုင်အော်မဖြစ်လို့ ..လှူဒါန်းမှုအေ၇ာင်ပြပြီး..ဘုန်းကြီးတွေကို..အမိုက်ဇာတ်..ခင်းခိုင်းနေပြန်ပြီ..သိက္ခာရှိစွာ..ယှဉ်ြ့ပိုင်ကြပါ။အရှက်တ၇ားကိုလုံးဝမရှိတာ...အံ့ေ၇ာ..
ကျောက်ခဲ အင်းကျေးရွှာရဲ့ ကျောင်းထိုင်ဆရာတော် မကိုးကွယ်ဖို့ ငါတို့ပြည်သူ အမိန့်ထုတ်မှ ရမယ် ကျောက်ခဲအင်းကျေးရွှာ ဆရာတော် ရွှာကချက်ချင်းထွက် ချက်ချင်းထွက်
money money money is money ......
ဒီသံဃာတော်တော့ ဆွမ်းငတ်ချင်ပြီထင်တယ်။
အေးလေ ၁၅ သိန်းဆိုတဲ့ငွေကလည်း နည်းတာမှမဟုတ်တာ။
ဒါပေမယ့် လည်ချောင်းတွေကွဲပြီး လိပ်ခေါင်းထွက်မှာကိုတော့ သတိထားပါ
ဘုရာ့။
ဒီလိုလုပ်ရပ်ဟာမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ မညီညွတ်ဘူး။ သံဃာတစ်ပါးဖြစ်ပြီး လောဘမသတ်နိုင်ဘူး။ ဘုရားသားတော် အစစ်အမှန်ဆိုရင်ဒီလိုလုပ်ရပ်မျိုးကိုမလုပ်ဘူး။ ကြံ့ဖွတ်ကသူတို့ကိုယ်တိုင်အကျင့်ယုတ်တာအားမရလို့ သံဃာတော်တွေပါဆွဲထည့်တာ။ ငရဲကျမယ့်ကောင်တွေ။
အော်---တယ်ဆိုးတဲ့ ပါတီပါလား----
သာသနာတော်ကို အရောင်ဆိုးတာ ဘယ်သူများလဲမှတ်တယ်။
ဖွတ်တွေ ကို----
အခုတော့ "အနားနီးလေ ပိုဆွဲဆောင်လေ" မဖြစ်ဘဲ "အနားနီးလေ ပိုရွံလေ" ဖြစ်နေပါလား။
မဟန က ဘာမှ မပြောဘူးလား ???
ဒီဆရာတော် ဒီဘုန်းကြီးလဲ ငွေကြေးလာဘ်လာဘကြောင့် သို့မဟုတ် သူ့ရဲ့ယုံကြည်ချက်ကြောင့် ဒီလိုအော်နေ ပြောနေတယ်ဆိုရင် ..............
အခြားအခြားသော (NLD)နဲ့ ပြည်သူကိုချစ်သော ပြည်သူကို ငဲ့တော်မူကြသော သံဃာတော်အရှင်မြတ်တို့ဘုရား အရှင်မြတ်တို့လည်း မိမိတို့နီးစပ်ရာ မြို့၊ ရပ်ကွက်
ကျေးရွာတို့၌ ကြံ့ဖွတ်အဖွဲ့၏ ယုတ်မာရိုင်းစိုင်းပုံ ညစ်ပတ်စုက်ပဲ့ ပုံတို့ကို ပြောပြ၍
ထိုအဖွဲ့ကို မဲမပေးမိစေရန် သတိထားဖို့လိုကြောင်း ဟောပြော စည်းရုံးပြီး
မိမိတို့လူမျိုး မိမိတို့ဘာသာကို စောင့်ရှောက် သာသနာပြုပေးတော်မူကြပါရန်
အွန်လိုင်းပေါ်မှတစ်ဆင့် လျှောက်ထားသည်ဘုရား
မဟန ဘယ်ရောက်နေလဲ?
အဲဒါမှ ဘုန်းကြီးအတု
ကြံ့ဖွတ်က လုပ်ဒါလေ ဒီလူတွေ သုံးချဖိုလူတွေမရှိတော့ဘူးနဲ့တူပါ
တယ် သံဃလည်မနေ၇ပါလာ ယုံးချက်တွေပျောက်နေဒါလာ
ကြံ့ဖွတ်
ရဟန်းအတု၊ ရဟန်းအယောင်ဆောင်တွေဟာ ငါတို့နိုင်ငံမှာတော်တော်ကိုပေါ်နေတာကိုး... ၀တ္ထုငွေနဲ့ ရဟန်းနဲ့ဘာဆိုင်လို့တုန်း... ဒီလိုရဟန်းမျိုးတွေကြောင့် တို့နိုင်ငံပျက်ဆီးနေတာ... သာသနာတော် ဆုတ်ယုတ်နေတာ... ရဟန်းအစစ်တွေကြတော့ ထောင်ထဲရောက်တယ်.... သြော်... ဒီမိုကရေစီအတွက် သာသနာလည်းပျက်၊ အကျင့်စာရိတ္တလည်းပျက်၊ အမျိုးအနွယ်လည်းပျက်၊ ပေါက်လွတ်ပဲစား အောက်တန်းစား စိတ်ဓာတ်တွေကို ခံယူကျင့်သုံးနေကြတဲ့ တို့ မြန်မာတွေပါလားကွယ်....
သာသနာနဲ့ထဲ၂ဝင်၂ပတ်သက်နေတဲ့ဆရာတော်တွေအခုလိုဖြစ်တာမဆန်းပါဘူး။
သာသနာမှအခြေမခိုင်ပဲနဲ့။လူ့အလုပ်ကိုသူတို့ကလုပ်ရတယ်လို့။ဆရာတော်ကဆရာတော်လိုမနေဘူး။ဒီလိုဘုန်းကြီးတွေကြောင့်လဲအကုသိုလ်ဖြစ်ရတယ်။ခံလိုက်မယ်ကောင်း၂။မဟုတ်တာတော့မဟုတ်ဖူးလို့ပြောရမှာပဲ။ဆရာတော်နားလည်ထားဖို့ကကိုယ့်အလုပ်ကိုယ်လုပ်ပါ။
အော်အခုတော့လဲမဟနအဖွဲ့အစည်းဘယ်ရောက်သွားပြီလဲခင်ဗျာ..တကယ်လို့အခုအော်နေတဲ့ဆရာတော်ဟာကြံ့ဖွံ့တွေကိုမဲမပေးဖို့တိုက်တွန်းခဲ့မယ်ဆိုရင်ဘာ ဖြစ်မလဲသူတော်ကောင်းအပေါင်းတို့........
ကဲ မ ဟ န က ကိုယ်တော်ကြီးများခင်ဗျား...မသိချင်ယောင်ဆောင်နေကြပါလား ခင်ဗျာ......
သြော် ညစ်ဖို့သောသောကောင်းတယ် ဒါကာ ဒါကာမတွေရဲ့ဦးဦးဖျားဖျားလှူတန်တာတွေစားပီး
ဒါကာ ဒါကာမတွေကိုဒုက္ခတွင်ထဲတွန်းချမလို့လား ချယ်ယာဒေါ်
ဗုဒ္ဓသာသနာကိုအရောင်တောက်အောင်မလုပ်ချင်နေပါ
အရောင်ပျောက်အောင်မလုပ်ပါနဲ့
အဝေးရောက်သူတိုင်ရဲ့နားဝမှာ သာသနာရော လူမျိုးရော
အထင်သေခံရတဲ့စကားကြားရတာနားနဲ့မဆံ့လို့ပါ ဒုက္ခတွင်မှာပျော်တယ်ဆိုရင် ချယ်ယာဒေါ်တပါးထဲခုန်ချလိုက်ပါ အချာသူတွေကို ချွဲမခေါ်ပါနဲ့ မားတာရှိရင် ကန်တော့နော်ကန်တော့နော် ကြံ့ သြော် ဖွံ့ ချယ်ယာဒေါ်
တော်တော်ရယ်စရာ ကောင်းတယ်။ ကွန့်မင့်တွေ ဖတ်ရတာ။
အဲဒီဆရာတော်က အသံချဲ့စက်နဲ့ ဒေါ်စု ကို ထောက်ခံပါ။ NLD ကို မဲပေးပါလို့များ ပြောရင် ဘယ်လို မှတ်ချက်ပေးကြမလဲ သိချင်လိုက်တာ။
မန်းမှာ အန်တီစုလာတုန်းက ကိုယ်တော်တွေ ပါးမှာရော နဖူးမှာရော စတစ်ကာတွေကပ်ပြီး ရုပ်ပျက်ဆင်းပျက် ကြိုဆိုကြတုန်းကတော့ တကယ့်ကို သာသနာ့အာဇာနည်ကြီးတွေလို ချီးမွမ်းခန်းတွေ ဖွင့်ခဲ့ကြပါလား။ အမြင်မတော်လို့ ဝေဖန်မိသူတွေတောင် အဆဲခံကြရသေးတယ်။ အင်း ခုတော့..... ရီချင်တယ်။
ဦးဂမ္ဘီရ တို့ ၊ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)တို့၊ အရှင်ဇ၀န(မေတ္တာရှင်)တို့၊ ရွှေည၀ါဆရာတော်တို့ကျတော့ အရေးယူစေ...
နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ
ကျောင်းထိုင်ဆရာတော်ကျတော့လွတ်စေ..မမြင်ယောင်..
မသိယောင် နေကြစေ....... ။ ဒီလိုလား.???????????????
ဟားဟားဟား..ဘယ်လိုဘုန်းကြီးလည်းမသိဘူး...
လောဘတတက်နေတယ်နဲ့တူပါတယ်...အမေစုရယ်သွားလှူလိုက်ပါအုံး
ခေါင်းလည်းသိပ်ကောင်းမယ်နဲ့မတူပါဘူး...ရွှေဝါရောင်တော်လှန်ရေးကိုမှအားမနာ..ဘုန်းကြီးရယ်..အသက်ကြီးလို့တာဘုန်းကြီးလို့ပြောတာနဲ့တူပါတယ်..
ရွာသားတွေရယ်.ဒီနေ့ကစပြီး..ဒီဘုန်းကြီးကို.မကိုးကွယ်ကြနဲ့..ဒေ၀ရတ်လိုပဲ
ရွာကနေတာမောင်းထုတ်လိုက်ကြဗျာ....
ဘုန်းကြီးအတု...စီးပွားရေးဘုန်းကြီး တစ်ပါးဖြစ်ပါသည်...ညဘက် ထမင်းခီုးစားပါသည်...
နေစမ်းပါစေ၊ ဒီလို စုန်းပြူးတွေကို စကားလုပ် ပြောမနေကြနဲ့တော့။ ပြည်သူတွေနဲ့ အမေစုဘက်မှာ ဘုန်းဘုန်းတွေ အများမှ အများကြီးရှိတယ်။ ပစ်ထားလိုက်၊ သူ့သမိုင်း သူရေးလိမ့်မယ်။ ဒါတွေက ဟိုကောင်တွေရဲ့ စနက်တွေ။ လုပ်နေကြတွေပါ။ ရိုးနေဘီ။
နေစမ်းပါစေ၊ ဒီလို စုန်းပြူးတွေကို စကားလုပ် ပြောမနေကြနဲ့တော့။ ပြည်သူတွေနဲ့ အမေစုဘက်မှာ ဘုန်းဘုန်းတွေ အများမှ အများကြီးရှိတယ်။ ပစ်ထားလိုက်၊ သူ့သမိုင်း သူရေးလိမ့်မယ်။ ဒါတွေက ဟိုကောင်တွေရဲ့ စနက်တွေ။ လုပ်နေကြတွေပါ။ ရိုးနေဘီ။
Don't forget 2007.Do you want them to throw your body ? Carry on.
မင်းကဘုရားသားတော် ဖြစ်ပြီ ဒီလိုလဒ်ယူပြီပြောနေတာ အများကကြည်ညိုနေမယ်ထင်နေလား တို့ မြန်မာတွေ သူတို့ အုပ်စိုးနေတာ အနှစ်20ကျော်ခဲ့ ပြီ ဒါကိုမှ မထောက်ထားဘူး ရဟန်းတပါးဖြစ်ပြီး အဓမ္မ အုပ်ချုပ်နေတာကို ထောက်ခံအားပေးနေတာလား ပိုက်ဆံကို သပိတ်ထက်တန်ဘိုးထားတာလား သပိတ်ရှိရင် အရှင်ဘုရား ဆွမ်းကိစ္စ အားလုံးပြီးစီး နေတာ ဘာကြောင့်  မိဘပြည်သူကို ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့် နေပြီး သူများရဲ့  ထောက်ပံ့ မှူ့ ကိုယူပြီး သူများလုပ်ခိုင်းတာလုပ်နေတာ အရှင်ဘုရားမှာ ၀ိနည်းတော် ဆိုတဲ့ သိက္ခာပုဒ်မရှိတော့ ဘူးလား ဘုရားစကားကိုလိုက်နာမှာ လား ငွေမျတ်နှာနဲ့ ဘဲအလုပ်လုပ်နေမှာလားစဉ်းစားပါဦးဘုရား ပါရာဇိက ကျနေတာဆိုလဲ အရှင်ဘုရားသဘောပါဘဲ မစိုးရိမ် စာသင်သားမှ
အဲဒီ မဟန တွေကို ကြံ့ ဖွတ်တွေက ဒံပေါက်ဆွမ်းကျွေးထားတယ်လေ..........
သင်္ကန်း ဘန်းပြပြီး တောင်းစားနေတဲ့ ကိုယ်တော်နေမှာ။သင်္ကန်း ခြူံထားတော့ ဘာမှ တော့ မပြောတော့ပါဘူး။ အဲဒီ ဘုန်းကြီး မကိုးကွယ်နဲ့ ဗျို့။
အဲဒီ ဘုန်းကြီင်္းဆိုတာကရော အစစ်မှန် ဟုတ်ရဲ့လား ?
တကယ့်အစစ်မှန်ဆိုရင် (စာတတ်ပေတတ်' ၀ိနည်းကို နားလည်ရင်' ၀ိနည်းကို လေးစားရင်) အဲလိုလုပ်မှာ မဟုတ်လောက်ဘူး
အခုဟာက သာသနာတော်ကို ညှိုနွမ်းအောင် လုပ်နေသလို ဖြစ်နေတယ်
စိတ်ပျက်စရာပဲ နော်
အဲဒီကိုယ်တော် အဲဒီလိုမျိုး အသံချဲ့စက်နဲ့ အော်နေတာ ဘာကြောင့်လဲ ခင်ဗျားတို့ သိလား။ ကျုပ်ပြောမယ်။
အဲဒီကိုယ်တော် စာမတတ်လို့။ အလိမ္မာ စာမှာ ရှိတယ်တဲ့။ စာမတတ်တော့ မလိမ္မာဘူး။ ဘယ်ကိစ္စက ဘုန်းကြီးနဲ့ ဆိုင်တယ်။ ဘယ်ကိစ္စက ဘုန်းကြီးကိစ္စ မဟုတ်ဘူး-ဆိုတာ ဘယ်သိမလဲ။ ကြံ့ဖွံ့ ငနဲတွေ မြှောက်ပေးတိုင်း အဟုတ်ထင်ပြီး လျှောက်လုပ်တာပေါ့။
ကျုပ်တို့ နိုင်ငံမှာ သူတစ်ပါးတည်း မဟုတ်ပါဘူး။ အဲဒီလို ကိုယ်တော်တွေ အများကြီး။ ဦးဂမ္ဘီရ၊ ရွှေည၀ါ၊ ဒယ်အိုး ဘာထူးလဲ။ အတူတူပဲ။ စာမတတ်တော့ တောင်ပြော မြောက်ပြော။ မိုးပြော ဂျိုးပြောနဲ့။ ဗုဒ္ဓဘာသာတွေကလဲ ဘုန်းကြီးပါးစပ်က ထွက်ရင် ဘုရားမုက္ခပါဋ္ဌ်ကြီးထင်နေတာ။ ဘယ်ဟုတ်လိမ့်လဲ။ ဘုရားတရားက မဆိုစလောက်။ သူတို့ ပြောချင်ရာ လျှောက်ပြောနေတဲ့ အတင်းစကား အဖျင်းစကားတွေက အများကြီးမှ အများကြီး။
သီတဂူဆရာတော်ကြီး၊ ဆရာတော်ဦးဆေကိန္ဒ၊ ဦးဆန္ဒာဓိက စာတတ်တယ်ဗျ။ ဘယ်စကားက ပြောသင့်တယ်၊ ဘယ်စကားက မပြောသင့်ဘူး။ ဘယ်ကိစ္စက ၀င်ပါသင့်တယ်၊ ဘယ်ကိစ္စက ၀င်မပါသင့်ဘူး သိတယ်။ ဒါကြောင့်လဲ မကျေနပ်တဲ့ သူတွေက အရေးယူချင်သည့်တိုင်အောင် အရေးယူလို့ မရတာ။ စာတတ်တော့ ဘောင်ဝင်အောင် ပြောတတ်တယ်။ စည်းလွတ် ၀ါးလွတ် မပြောဘူး။
ပြောချင်တာက ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီးတွေကို လူ့ကိစ္စထဲ ဆွဲမထည့်ကြပါနဲ့ဗျာ။ ကိုယ်က ဆွဲမထည့်ပဲ သူတို့ဟာ သူတို့ ၀င်လာရင်လဲ “ဒါ ကိုယ်တော်တို့ ကိစ္စ မဟုတ်ဘူး။ တပည့်တော်တို့ လူတွေ လုပ်ရမယ့်ကိစ္စ ကိုယ်တော်တို့ ၀င်မပါနဲ့။ ကိုယ်တော်တို့ ဘုရားစာတွေ တတ်အောင်သင်၊ တပည့်တော်တို့ကို ဘုရားတရားတွေ ဟောပါ” လို့ပဲ လျှောက်ထားရမှာ။ အထူးသဖြင့် ငယ်ရွယ်တဲ့ ကိုယ်တော်တွေကို စာသင်အောင် တိုက်တွန်းကြပါ။ ဗုဒ္ဓဘာသာ အများစုရှိတဲ့ နိုင်ငံမှာ ကိုယ်ကိုးကွယ်နေတဲ့ ဘုန်းကြီးတွေရဲ့ စာပေအရည်အချင်း မြင့်မှ တိုင်းပြည်လဲ မြင့်မှာ။
အဲဒီလို မဟုတ်ဘဲ လတ်တလော အနေအထားကို ကြည့်ပြီး ဘုန်းကြီးတွေကို လူ့ကိစ္စထဲ ဆွဲထည့်လို့ကတော့ အဲဒီဘုန်းကြီးတွေက သူတို့ကိုယ် သူတို့ ဟုတ်လှပြီ ထင်ပြီး မြောက်ကြွ မြောက်ကြွဖြစ်၊ ဘာစာမှလဲ မသင်၊ ဘာပညာမှလဲ မတတ်။ ဒီလို ဘုန်းကြီးတွေက ရပ်ရွာမှာ ဆရာကြီးတွေ လုပ်နေရင် အဲဒီ ရပ်ရွာ အရမ်းကို နစ်နာတယ်။
ဒီလို ဘုန်းကြီးမျိုးတွေကို ပါတီတွေက လက်ကိုင်တုတ်လုပ်ပြီး အသုံးချ၊ ဘုန်းကြီးတွေကလဲ အသဲချဲ့စက်ကိုယ်စီနဲ့ ဟိုပါတီ မဲပေးကြ၊ ဒီပါတီ မဲထည့်ကြနဲ့ ကျောင်းပေါ်က ထိုင်အော်နေလို့ကတော့ သွားပြီ၊ တစ်တိုင်းပြည်လုံး။
ဆ၇ာတော်လဲဘယ်သူသေသေငတေမာ၇င်
ပြီးေ၇ာဆိုတဲ့အစားထဲကပဲဖြစ်မယ်အကြည်ညိုပျက်ခံ
ချင်နေတယ်နဲ့တူပါတယ် ဒီလိုဆ၇ာတော်တွေကိုကြ
တော့ေ၇ာ သာသနာအဖွဲ့စည်းကဘာမှမပြောဘူး
လား
ဘုန်းကြီးအတုနေမှာ
ဒီဘုန်းကြီး နဲ. ဒီဖွတ်နဲ. ကတော. ခက်နေပြန်ပြီ.....မဟန က ခုတော. ငြိမ်နေပါလား
ကြံ့ဖွတ် မဲဆွယ်တဲ့ ပုံစံ တွေကြည့်ရတာ သူတို့ အတွေးအခေါ် တွေ တော်တော် နိမ့် မှန်း သိသာနေတယ် ၊ ကျားကွက် ရွှေ့ကစားနည်း စစ်တုရင် ကစားနည်းတွေမှာသုံး တဲ့ စကားနဲ့ ပြောရရင် သူတို့ သုံးနေတာ ( ကလေးကွက် ) တွေချည်း ဘဲ ။
လယ်ဝေးမြို့ပေါ်မှ သံဃာ့ဥသျှောင်ဆရာတော်များ လက်ပိုက်ကြည့်မနေကြပါနဲ့ဘုရား ၊သာသနာတော်ညစ်ထေးမှာ
စိုးပါသောကြောင့် သံဃာ့ကျင့်ဝတ်နှင့်မညီသော
ကျောက်ခဲအင်းကျောင်းထိုင် သံဃာ့အရေခြုံအား
အရေးယူပေးပါရန် လျှောက်ထားအပ်ပါသည်။
တော်တော်ဆိုးတဲ့ ကြံ့ဖွတ် ဘုန်းကြီးပဲ
တဘို့တည်းပဲ မကြည့်ရဘူးဗျ
လူတစ်ချို့ဟာ တစ်တိုင်းပြည်လုံး (ပြည်သူတွေ) ကောင်းစားရေး၊
မတရားဖိနှိပ်ချုပ်ချယ်မှုတွေအောက်က လွှတ်မြောက်အောင်လုပ်နေချိန်မှာ
ဝင်ပြီး မပါဝင်နိုင်၊ မကူညီနိုင်ရင်နေပါ ရပါတယ်၊ ဒါပေမဲ့ မနှေက်ရှက်ပါနဲ့ဗျာ။
{ဘုန်းကြီးကို စာချတာတော့မဟုတ်ပါဘူး၊ သေရင် ဘ၀ကူးကောင်းအောင်
တရားထိုင်၊ ပုတီးစိတ် ပဲလုပ်နေပါ့လားဗျာ}
တော်တော်ဆိုးတဲ့ ကြံ့ဖွတ် ဘုန်းကြီးပဲ
တဘို့တည်းပဲ မကြည့်ရဘူးဗျ
လူတစ်ချို့ဟာ တစ်တိုင်းပြည်လုံး (ပြည်သူတွေ) ကောင်းစားရေး၊
မတရားဖိနှိပ်ချုပ်ချယ်မှုတွေအောက်က လွှတ်မြောက်အောင်လုပ်နေချိန်မှာ
ဝင်ပြီး မပါဝင်နိုင်၊ မကူညီနိုင်ရင်နေပါ ရပါတယ်၊ ဒါပေမဲ့ မနှေက်ရှက်ပါနဲ့ဗျာ။
{ဘုန်းကြီးကို စာချတာတော့မဟုတ်ပါဘူး၊ သေရင် ဘ၀ကူးကောင်းအောင်
တရားထိုင်၊ ပုတီးစိတ် ပဲလုပ်နေပါ့လားဗျာ}
ဘာမှကို မပြောချင်တော့ပါဘူဗျာ
ဘုန်းကြီးဖြစ်နေတော့ ငရဲကြီးမှာလည်းကြောက်ရသေးတယ်
ရွေးကောက်ပွဲရေမြန်မြန်ပြီးပါတော့
မပြီးရင် ငရဲတွေပေးနေကြတယ်ဗျို့ ၊
ကျောက်ခဲအင်းကပေးလိုက် ၊ ကြံ့ဖွတ်ကပေးလိုက်နဲ့
ဘုန်းကြီးလုပ်နေပြီး သာမန်လူတစ်ယောက်လောက်တောင် အသိတရားမရှိ၊ စိတ်ဓာတ်အဆင့်အတန်းမရှိမှတော့ ဘယ်လိုဂုဏ်သိက္ခာကိုကြည့်ပြီး ကြည်ညိုကိုးကွယ်ဖို့ ထိုက်တန်တော့မှာလဲ လောဘဘုန်းကြီးတွေကို ရှိခိုးကိုးကွယ်နေလဲ နွားခွါးလည်းတုန်း၊ မျိုးလည်းဆုံး၊ သုံးတင်းကြဲမှ၊ တစ်တင်းရ ဆိုတဲ့ ကြတ်တီးကုန်းမြေကြီးပါပဲ ပြည်သူများ အဲဒီ့ဘုန်းကြီးမျိုးကို လုံးဝမကိုးကွယ်ထိုက်ပါဘူး
ဒါမျိုးကြတော့ မဟန က မဟနိုင်တော့ဘူးပေါ့နော်...ဒီ့ပြင်ဘုန်းကြီးဆိုရင် တစ်နှစ်တို့ဘာတို့လာထားပဲ...မဟန..မဟန...ဘာမှ မဟနိုင်တော့ဘူးပဲ...
ကျုပ်တို့တိုင်းပြည်ကလူတွေ ဒီအနှစ် ၂၀ တွင်းမှာ စိတ်ဓါတ်ရေးရာ လုံးဝပျက်စီးသွားပြီဗျ။ဒီလိုဖြစ်အောင်လဲ အကွက်ချပြီးလုပ်သွားတာ....ဒီဘုန်းကြီးလဲ အရေချုံပဲနေမှာပါ....ဘာမှ အံ့ာသစရမရှိပါဘူး..အဲဒီလိုဘုန်းကြီးမျိုးကိုပြောမိလို့လဲ ဘာအပြစ်မှ မရှိပါ...သံဃာအစစ်မဟုတ်လို့ဘဲ......
ဘုန်းဘုန်း..... အရိုက်ခံရတဲ့ထဲမပါလို့ လျှောက်ပြောနေတာလား ? နောက်တခါအရိုက်ခံရလိမ့်မယ် ................ ကြံ့ ဖွတ်ကောင်တွေဘဲ ဘုန်းဘုန်းကိုလာရိုက်မှာ .............. သတိထားပါဘုရား
whereabout eat & sleep phone phone
( သံဃာ့ဥသျှောင်ဆရာတော်များ ) ?
ဟာ ကြံ့ဖွတ်တွေ ဘုန်းကြီးတွေကိုငွေပေးပြီးခိုင်းစားနေပြီဗျို့... အင်း မဟန တွေလဲ ခွဲတမ်းရလို့ ငြိမ်နေတာနေမှာပေါ့....
ကန်တော့...ကန်တော့...
နေပြည်တော်မှ အရပ်သား ပြည်သူ့ဝန်ထမ်းများ သိရှိနားလည်စေရန် တင်ပြလိုပါသည်...
ဌာနတိုင်းလိုလို စစ်ဖက်မှ အသွင်းပြောင်းများဖြင့် ခေါင်းကြီးပိုင်းတွင် ဖွဲ့စည်းထားပြီး အရပ်သား ၀န်ထမ်းများ၏ ရာထူးရပိုင်ခွင့်နှင့် အခြားအခွင့်အရေးများ ချုပ်ကိုင်ခံရလျှက်ရှိနေသည်ကို ၀န်ထမ်းများအသိဖြစ်ပါသည်... လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်နေလျှင် မြန်မာ့နိုင်ငံဝန်ထမ်းတို့ဘ၀ ပိုမိုဆိုးရွာလာဖွယ်သာရှိပါသည်...မည်သည့်ဌာနကို ကြည့်ကြည့် အရာရှိ အဆင့်တော်တော်များများ 90 % သည် စစ်တပ်၏ ထိန်းချုပ်မှု ကို ခံနေရပါသည်... ၄င်းအသွင်ပြောင်းအရာရှိများမှာ စစ်တပ်တွင် သုံးစားမရသူများ ဖြစ်ပြီး တပ်ပင်စင် တနင့်တပိုးခံစားလျှက် အရပ်ဖက်သို့ရောက်လာသူများဖြစ်ပါသည်... ၄င်းတို့အထဲမှ 90 % သည် လွန်စွာယုတ်ညံ့ပြီး အရည်အချင်းမရှိသော သူများဖြစ်ပါသည်.. ရာထူးကြီးယူထားသော်လည်း ဘာမျှမတတ် အောက်လက်ငယ်သားအား ခြိမ်းခြောက်အော်ငေါက် တတ်သယောင်ဟန်ဆောင်ပြီး လုပ်ငန်းလျှင်မြန်သွက်လက်မှုအတွက် အနှောက်အယှက်သဖွယ် ဖန်တီးလျှက်ရှိပါသည်.. မိမိနေရာနှင့် အာဏာကို အလွဲသုံးစားပြုလျှက် ပြည်သူနှင့် ၀န်ထမ်းအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် ကိုယ်ကျိုးရှာလျှက် ရှိကြပါသည်... ဒီအဖြစ်အပျက်များကို အရပ်သား ၀န်ထမ်းစစ်စစ်များမှ ခံစားနေရသည်ကို ၀န်ထမ်းများ အသိဖြစ်ပါသည်... သို့အတွက် ၀န်ထမ်းများအနေဖြင့် လက်ရှိစနစ်ဆိုးမှ လွတ်မြောက်ရန် လက်ရှိအာဏာရပါတီအား ဆက်လက်ထောက်ခံရန် လုံးဝမဖြစ်နိုင်ကြောင်းသိစေလိုပါသည်....
မဟန ဆိုတာ မဟရင် န သွားမည်စိုး၍ ဟ ထားသောကြောင့် မျက်စိပိတ်က မမြင်ကြပေ။အကြောင်းမူကား...(မိချောင်းများတို့ ကဲ့သို့ပင်)
အဲဒီဘုန်းကြီး နိုင်ငံရေးလုပ်နေတာ..
သာသနာရေးဝန်ကြီးဌာနနဲ့ မဟန ဘာလုပ်နေလဲ။ အရေးမယူဘူးလား။
နိုင်ငံရေးလုပ်တဲ့ အဲဒီကိုတော်ကို နိုင်ငံရေးပုဒ်မနဲ့ ထောင်မချဘူးလား။
ထားလိုက်ပါ အဲ့ဒီ့ကိုယ်တော် လူထွက်ပီး ၅၀၀၀ စားဝင်လုပ်လိမ့်မယ်
Post a Comment