နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည်

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully
နယူးဒေလီ (မဇ္ဈိမ) ။       ။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင်
နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။
နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည် နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည် Reviewed by သစ်ထူးလွင် on 20:22 Rating: 5

6 comments:

mirror man said...

ထူးခြားမှုတွေတော့စတင်ခံစါးနေပါတယ်။မြန်မာတွေသက်လုံကောင်းဖို့ပဲလိုတ

kokomaung said...

ဒီလိုဖြစ်သင်.တာ 1990 လောက်ကတည်းကပါ။ မြန်နိုင်ငံကိုအနှစ်20 ဘီလူးသာမစည်းခဲ.ဘူးဆိုရင် singapore လောက်တော.ပျင်းတယ်။

datha said...

နယူဇီလန် နိုင်ငံခြားရေးဝန်ကြီး အမေစုကိုလာတွေ့တာ လေးစားလို့
ယုံကြည်လို့ ပံ့ပိုးမှုတွေပေးဘို့ လာတွေ့တာလေ
သိန်းစိန်ကို ၀င်တွေ့တာက မကောင်းတတ်လို့ ၀တ္တရားအရ၀င်တွေ့တာလေ
အမေစုသာ သမ္မတဖြစ်ခဲ့ရင်
အမေစုထက် နိမ့်တဲ အမေရိကန်သမ္မတ အိုဘားမား
တောင်လာပြီး အလေးပြုရမှာ မြေကြီးလက်ခတ်မလွဲဘဲလေ
ခုတောင် တရုပ်သမ္မတက အလေးပြုနေရပြီလေ
မြန်မာနိုင်ငံကြီးတစ်ခုလုံးကို နိုင်ငံတကာက အလေးပြုတာခံချင်ရင်

အမေစု (ဒေါ်အောင်ဆန်းစုကြည်) (ဗိုလ်ချုပ်အောင်ဆန်းသမီး)ကို
မဲပေးကြပါစို့
ပြည်သူတွေရဲ့ မဲတပြားဟာ အမေစု အတွက်အရေးအကြီး
ဆုံးအချိန် ရောက်နေပြီဆိုတာ အားလုံမမေ့သင့်ဘူးနော်

ဒို့ညီအစ်ကိုတွေအားလုံ အမေစုကို အားပေးလိုက်
ကြ ရအောင် ညီစေနော်
သခင်မျိုးဟေ့ ဒို့ဗမာ
ကြောက်မွေးပါရင် ဇာဂနာနဲ့နုတ်ဘို့
အချိန်တန်ပြီ

အမေ့
သား
datha

gawleee said...

ကမ္ဘာ့နိုင်ငံများမှားမှ ခေါင်းဆောင်တွေ..အမေစုကိုနောက်မှတွေ့ပါခင်ဗျာ.. တင်ရီ../သိန်းအောင် / ခွေးမင်းဆွေ တို့နဲ့တွေ့စေချင်ပါသည်.အဲဒီတော့မှဒင်းတို့ရဲ့အဆင့်အတန်းကိုသိမှာပါ..ခွေး.အကြီးလှည်းနင်းသလို./ ဒုက္ခိတပျားတုပ်သလိုဖြစ်တာမြင်ရမှာသေချာတယ်.ခေါင်းဆောင်ဆိုတာကမ္ဘာမှာ ကြိုက်တဲ့သူလာ ယှဉ်နိုင်ရမယ်ဆိုတာ ဒင်းတို့မသိဘူး..ဒင်းတို့က မျက်မှန်ကိုင်းအပြုတ်..ကို.ထဆင်ထူး..ပါလို့.ပြောမဲ့ကောင်းတွေ

Anonymous said...

ဘီးလူးစီးခံရတာမဟုတ်ဘူး ကိုကိုမောင်ရဲ့။

ဖုတ်စီးခံရတာ .. နှယ်နှယ်ရရဖုတ်မမှတ်နဲ့ မယ်ကြိုင်ဖုတ်တဲ့။

tharzaw said...

Ko Hla Kyaw Nay, I want to look Mal Kyaing's foat. အဟီး။

Powered by Blogger.