ကချင်ပြည်နယ်
ဖားကန့်အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေဇာတွေကြောင့်
ဥရုချောင်းဟာ တိမ်ကော သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန်
့ဒေသခံတဦးက “ဖားကန့် ဆိုင်းတောင်ပေါ့။ ကျနော်တို့ နေခဲ့တဲ့ ဒီနေရာတွေ
ကတော့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ရေက နှစ်တိုင်း ကြီးတယ်။ အခုဆိုရင်
ချောင်းတွေက သဲစာတွေ ပစ်တာပေါ့။ မြေဇာတွေ ပစ်ထားတော့ လက်ပစ်တောင်
ကူးသွားလို့ ရတယ်။ လမ်းတောင်လျှောက်လို့ ရတယ်။ ပေ ၄၀ – ၅၀ လောက်ပဲရှိမယ်။
ကုမ္ပဏီက မြေဇာတွေ ချောင်းထဲကို စွန့်ပစ်တော့ ချောင်းက မြင့်တက်လာပြီးတော့
ချောင်းက ကောသွားတာပေါ့။”
ကုမ္ပဏီတွေက
မြေဇာ စွန့်ပစ်တာတွေ များပြားတဲ့အတွက် ဥရုချောင်းထဲကို စီးဝင်နေတဲ့
ချောင်းလက်တက် တချို့ဆိုရင် ကောစပြုလာပြီး တချို့ နေရာတွေမှာ ဆိုရင် အရင်က
ပေ ၃၀၀နဲ့ ၅၀၀ အကြားရှိတဲ့ ဥရုချောင်း အကျယ်ဟာ အခုအခါမှာတော့ ပေ ၅၀ လောက်
ကျဉ်းမြောင်းသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်းတူးဖော်ရာတွင်
ချောင်းတွင်သာမက ကမ်းပါးများကိုပါ မြေတူးစက်တွေ တူးဖော် နေမှုကြောင့်
ဖားကန့် မြို့ဘက်ခြမ်းရှိ ဥရုချောင်းကမ်းဘေး လမ်းမကြီးဟာ ရေတိုက်
စားခံရပြီး ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဥရုချောင်းဟာ
ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီးတော့ လုံးခင်၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊
ဟောင်ပါးတို့ကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်တွင်းကို စီးဝင်ပါတယ်။ ၂၀၀၆
ခုနှစ်ကလည်း ဖားကန့် ဒေသရှိ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ အပါအဝင်
ဥရုချောင်းတလျှောက် မှော်ကျေးရွာတွေဟာ ရေဘေးဒဏ်ကို စတင်ခံခဲ့ရပြီး
လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
ဒီဗွီဘီ
စွန့်ပစ်မြေဇာများကြောင့် ဖားကန့်  ဥရုချောင်း တိမ်ကောမည့်အရေးရင်ဆိုင်နေရ
Reviewed by သစ်ထူးလွင်
on
16:49
Rating:
2 comments:
ဘယ်နေရာကြည့်ကြည့် ဒီတရုတ်တွေဘဲ မြန်မာပြည်အနှံ မြန်မာနိုင်ငံသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတယ်။အစိုးရ ကလည်းထိထိရောက်ရောက် အရေးမယူရဲဘူးလေ။တရားဥပဒေအတိုင်းအရေးမယူရဲ ရင်လည်း အရေးယူရဲတဲ့ သူဘဲ အုပ်ချူပ်ပါစေ။
ကျောက်စိမ်းဆိုတဲ့ကျောက်မျက်ရတနာဟာ ကမ္ဘာမှာ တရုတ်လူမျိုးတို့သာ တန်ဖိုးထားဝတ်ဆင်ကြပါတယ်။ ဟိုးအရင် ဘုရင်လက်ထက်မှာ နန်းစဉ်ရတနာတစ်ပါးအဖြစ် နန်းတွင်းသူနန်းတွင်းသားတို့သာဝတ်ဆင်ရတယ်လို့သိရပါတယ်။ မြန်မာ့ပြည်ကကျောက်စိမ်းဟာ တရုတ်ပြည်ကကျောက်စိမ်းထက် အရည်အသွေးကောင်းမွန်ပြီး သက်တမ်းလည်းပိုရင့်တယ်လို့ သိရပါတယ်။ မြန်မာပြည်ကကျောက်စိမ်းကို တရုတ်တို့သာ မရူးသွပ်ခဲ့လျင် ဘယ်နေရာမှ ဈေးကွက်မရှိဘူးလို့လည်း ကြားသိရပါတယ်။ တစ်ခြားတစ်ပါးသောတိုင်းပြည်များမှာ ကျောက်နီ( ပတ္တမြား ) နှင့် စိန် ကိုသာတန်ဖိုးထားကြပါတယ်။ တရုတ်တို့မြန်မာပြည်မှာကျောက်စိမ်းတူးဖေါ်မှုကြောင့် မြန်မာနိုင်ငံမှာ နှစ်စဉ်အခွန်ငွေများ ဘီလီလျံချီ၍ ရရှိပါတယ်။ မြန်မာပြည်သူပြည်သားတို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပါတယ်။ အကျိုးနဲ့အပြစ် ဆိုသည်မှာ ဒွန်တွဲလျက်ရှိနေတာကြောင့် အပြစ်အားဖြင့် ပတ်ဝန်းကျင်ပျက်စီးမှုကလည်း နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ တောတောင်များပြုန်းတီးမှု ၊ ရေအရင်းအမြစ်များတိမ်ကောပျောက်ဆုံးမှုတွေဖြစ်ဖြစ်ပေါ်လာပါတယ်။ ကျောက်စိမ်းတူးပြီးသားမြေနေရာများအား သစ်ပင်များပြန်လည်စိုက်ပျိုးပြုစုခြင်း၊ ရေအရင်းအမြစ်များအားပြန်လည်ဆည်ယူ တည်ထောင်ခြင်းတို့ အားမဖြစ်မနေလုပ်ခိုင်းသင့်ပါတယ်။
Post a Comment