ဓါတ်ပုံ-(googleimages) |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ တပ်မတော် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ
ကမ္ဘာအေးဗီလာအိမ်ရာတွင် ယနေ့ (မတ် ၁၂ ရက် ) နံနက် ၃နာရီ ခွဲခန့် မှ ၅နာရီ ခန့် အထိ မီးလောင်ခဲ့ကြွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန နှင့် မျက်မြင်သက်သေများထံမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာတွင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သတ်၍ မီးသတ်ဦးစီးဌာနသို့ The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ကမ္ဘာအေးဗီလာ အိမ်အမှတ် ( C-3 ) ဒေါ်တိုးရီ၏
အလျားပေ ၆၀ ၊ အနံ ပေ ၆၀ ရှိ အာစီ ၂ထပ်ခွဲတိုက် မီးလောင်ခဲ့ရာ မြန်မာငွေ တန်ဖိုး ကျပ်၈သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
မရမ်းကုန်းမြို နယ် ၈ မိုင်လမ်းဆုံ အနီး၌ နေထိုင်သူများကမူ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ်ဖြစ်ကြောင်း သိရသည်။
The Voice Weekly
ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး
Reviewed by သစ်ထူးလွင်
on
17:35
Rating:
13 comments:
What is Fire Brigade's action? Don't full stop without action. No one above the law.
ဒါလောင်တာ အသေးအမွှားပါ။သူတို့တောင်အဲ့ဒီ အိမ်မှာရှိမှာမှုတ်ဘူး။ဘယ်နှစ်ခုမြေုာက်အိမ်လဲမသိ
စာရင်းရှင်းတာလားမသိ :) ဆုံးရှုံးမှုတန်ဖိုးတော့အလျော့တွက်ပြရမည်မှာ အသေအချာ
The Voice Weekly..အိမ်ရှင်ကိုအရေးယူထားသလားသိချင်ပါတယ်၊ရပ်ကွက်ထဲမှာမီးလောင်ရင်ဖမ်းစီးအရေးယူပါတယ်အကြောင်းအရာတစ်ခုထဲကိုဥပဒေဘယ်နှစ်မျိုးရှိလဲသိချင်လို့ပါ၊သတင်းကိုဆက်ပါအုံး၊စောင့်ဖတ်နေမယ်။
ဟုတ်တယ် a ပြောတာလေး သိချင်တယ်
မီးကိုသေချာဂရုစိုက်ဖို့လိုတယ်လေ
အရေးမယူတဲ့အပြင် တိုင်းမှူးတို့ မြို့ တော်ဝန်တို့ သတင်းမေးလာကြတယ်လို့ မျက်မြင်တွေကပြောတာဘဲ။
ဒါဟာ ဘုရားရိုက်တာပါ လာဦးမယ်ထပ်ထပ်ပြီးတော့လေ
ဆုတောင်းထားကြပေတော့ မင်းတို့အဖွဲ့တွေ မကြာခင်လာမှာပါ
i want to write comment
ပြီးတေါ့လဲပြီးသွါးမှါပါ...ဟားဟားဟား...
မြန်မာနိုင်ငံမှာမီးလောင်ပြီဆိုတာနဲ့ အိမ်မှာရှိတဲ့တာဝန်ရှိတဲ့သူအချုပ်ကြတော့တာပဲ အခုတော့ဘယ်လိုဘယ်ပုံ
လာမလဲဆိုတာကိုတော့အရမ်းပဲသိချင်းတယ်
မီဒီယာများ ခင်ဗျားထိုသတင်းကို မရရအောင်ဆုံစမ်းမေးမြန်ကြပါရန်တိုက်တွန်း
နိုးဆော်အပ်ပါသည်။
ဲမြန်မာနိုင်မှာ မီးလောင်ရင် အဲဒီအိမ်ရှင်အရေးယူတာခံရတယ် ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း)ကော အရေးမယူတော့ဘူးလား
ဈေးတွေတော့ မီးလောင်လို့ပုန်ပြီလေ သူတို့တွေအိမ်ပဲကျန်တော့တယ်
Post a Comment