နေပြည်တော်အစိုးရ မျက်ခုံးလှုပ်သွားတဲ့သိန်းနှင့်ချီတဲ့ နေပြည်တော် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

မတ်လ ၅ ရက်၊ ၂၀၁၂
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် မန္တလေးမြို့မှ စည်းရုံးရေး ခရီးစဉ်ထွက်ခွာပြီးနောက် တံတားဦးအနီး ကျေးရွာတရွာ၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိတို့တွင် လူထုဟောပြောပြီးနောက် စည်းရုံးရေးခရီးစဉ် ရပ်နားလိုက်ပြီဖြစ်သည်။ 
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
 
နေပြည်တော်အစိုးရ မျက်ခုံးလှုပ်သွားတဲ့သိန်းနှင့်ချီတဲ့ နေပြည်တော် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ) နေပြည်တော်အစိုးရ မျက်ခုံးလှုပ်သွားတဲ့သိန်းနှင့်ချီတဲ့  နေပြည်တော် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 20:08 Rating: 5

25 comments:

ko htoo said...

နေပြည်တော်လိုနေရာမျိုးမှာ ဒီလိုအောင်မြင်စည်ကားလိမ့်မယ်လို့ မယုံရဲခဲ့ပါဘူးဗျာ။ လူကလေးကျိုးတိုးကျဲတဲနဲ့ အရှက်များကွဲမလားလို့တောင် တွေးခဲ့မိပါသေးတယ်။ ဒီလိုနေရာမျိုးမှာ လူထုခေါင်းဆောင်အစစ်ဆိုတာ ရဲရဲဝင့်ဝင့် မှတ်ကျောက်အတင်ခံဝန့်တဲ့ အမေစုသတ္တိက လေးစားလောက်ပါတယ်။ အခုတော့ ရွှေအစစ်ဆိုတာ အားလုံးမြင်ရပြီပေါ့။

sean said...

တကယ်ပါဗျာ နေပြည် တော် မြို့နယ်တွေ မှာ ခလေးတွေ စာရင်းတင်ထားလို့ မထင်ထား ဘူးဗျာ .. ခုလိုဆိုတော့ အလားအလာအတော်ကောင်းနေပြီ..အံ့သြ ဝမ်းသာရတယ်ဗျာ..
နယ်က လူတွေက ရန်ကုန်ထက်တောင် သတ္တိပြေင်မြောက်သေး...

ko ko said...

ya...good news..:)

Sandi said...

ကိုထူးပြောတဲ့ “ရွှေ” အစစ်ဆိုတာမှန်လိုက်တာ၊
“ရွှေ” အတုဆိုတာရှိခဲ့ဘူးတယ်နော်။

PaukSaw said...

ကဲနေပြည်တော်က ခေါင်းဆောင်ကြီးတွေ အမှန်တရားကို ရဲရဲသာရင်ဆိုင် လိုက်ပါတော့ ဘာမှ ညဏ်နီညဏ်နက်တွေကြံမနေကြနဲ့တော့ ခုချိန်မှာ စိတ်ကောင်းမွေးလိုက်ရင် သားစဉ်မြေးဆက် ခေါင်းဖေါ်နိုင်သေးတာပေါ့ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်မြေးမြစ်တွေရဲ့ ကြိမ်ဆဲတာကိုပါ ခံကြရလိမ့်မယ်

thuyawin02 said...

အပြောမဟုတ်လူထုကတော့အင်အားပြ လိုက်ပြ န်ပြီ

zawgi thu youn mal said...

အမေစုအနားမှာ ကိုလင်းလင်း(အဆိုတော်) က လွဲလို့ ဘယ်အနုပညာသမားမှ မတွေ့ရပါလား။ အေးလေ ပင်ပန်းဆင်းရဲတဲ့ ခရီးကိုဗျ။

tin said...

we r the champions!!!!!!!!!!!!!!!

stomp said...

မှန်တာပေါဗျာ
ရွှေမှန်ကင်းအစစ် ဆိုတာဘယ်တော့မှ
ထင်းမဖြစ်သလိုပေါ့

gawleee said...

ပြည်သူလူထုက ဘယ်သူ့အပေါ်မှာ..ဘယ်လိုသဘောထားတယ်ဆိုတာ.အားလုံးမြင်ကြပြီ ဟုတ်လား..အာဏာရူးတွေရေ..ရှက်ကြစမ်းပါ...ကျုပ်ခဏခဏ ပြောပါတယ် ရွေးကောက်ပွဲကလုပ်စရာမလိုဘူးအခုပြည်သူတွေကိုအားလုံးပေါင်းလိုက်ရင် မြန်မာပြည်လူဦးရေနဲ့ ကွက်တိနီးပါးဖြစ်ပါလိမ့်မယ်

soe said...

I was crying with joy when i saw this picture..

Zani Bwar said...

အမေစု ကျွန်တော်တို့ မလာနိုင်တာကို ခွင့်လွတ်ပါ.. ဒါပေမယ့်.. အမေစု ဘက်က အမြဲတမ်းရပ်တည်နေပါတယ်.. ကျွန်တော်တို့ နှလုံးသားထဲမှာ အမြဲရှိနေပါတယ်..

Zani Bwar said...

လူကိုယ်တိုင် မလာအားပေမယ့်.. အမေစုအတွက် နှလုံးသားထဲမှာ မဲတစ်ပြားတော့ အဆင်သင့်ပါပဲဗျာ...

aung naing said...

ပြည်သူတွေ၊၀န်ထမ်းတွေစစ်ဗိုလ်တွေကိုစောက်မြင်ကပ်နေတာကြာပြီ၊အခုမှဆန္ဒဖေါ်ပြခွင့်ရလို့သက်သေပြနေတာ။

KM said...

မိတ်ဆွေတို့ရေ။ နေပြည်တော်ရဲ့တချို့ကျေးရွာတွေမှာ NLDကိုထာက်ခံတဲ့သူတွေကို မီးမပေးဘူးဆိုတာုကားရတော့ စိတ်မချမ်းသာဘူးဗျာ၊ ပြသနာကNLDနဲု့ကံ့ဖွတ်မဟုတ်တော့ဘူး ဗျ။ ဒီမိုကရေစီလိုလားသူတွေနဲ့ ဒီမိုကရေစီကိုမလိုလားတဲ့အာဏာရှင်တွေရဲ့အားပြိုင်ပွဲဖြစ်နေတယ်၊ အနာဂတ်လူ့အဖွဲအစည်းမှာမုန်းတည်းမှု၊အာဂါတတွေကိုနောက်လူတွေကို အမွေမပေးဖြစ်အောင်ုကံဖွတ် ခေါင်းဆောင်တွေကသူ့လူတွေကို ပညာပေးသင့်တယ်လို့မြင်တယ်ဗျာ၊

luck said...

ပြည်သူတွေ၊၀န်ထမ်းတွေစစ်ဗိုလ်တွေကိုစောက်မြင်ကပ်နေတာကြာပြီ၊အခုမှဆန္ဒဖေါ်ပြခွင့်ရလို့သက်သေပြနေတာ။

ဝန်ထမ်းတွေကိုတော့ အားလုံးသိမ်းကျုံးပြီး မပြောပါနဲ့ဗျာ... ၀န်ထမ်းတွေထဲ မှာလည်း ဖြူစင်တဲ့ဝန်ထမ်းတွေ ရှိတဲ့လစာလေးနဲ့ စားနေရတဲ့ လူအများကြီးပါ. လူအားလုံး မတူညီနိုင်ပါဘူး ကျေးဇူးတင်ပါတယ်

tharzaw said...

လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကတော့
"ပတ္တမြားမှန်ရင် နွံမနစ်" ဆိုတဲ့စကားကို သက်သေထူလိုက်ပြီဗျို့။
ကိုထူးပြောတဲ့ ရွှေအစစ်ဆိုတာအမှန်ပဲ။
ရွှေမှ ရိုးရိုးရွှေမဟုတ်ဘူး "ဇမ္ဗူရစ်ရွှေ"ဗျို့။ Sandi ပြောသလို ရွှေအတုရှိခဲ့ဖူးတယ်ဆိုတာလည်း ဟုတ်တယ်ဗျို့။ ပြောရင်မကောင်းတဲ့ ... ဟို"-"အတုံးကြီးဗျ။

MyintOo said...

ရွှေမှန်ကင်းအစစ် ဆိုတာဘယ်တော့မှ
ထင်းမဖြစ်သလိုပတ္တမြားမှန်ရင်နွံမနှစ်ဘူးဆိုတာပြလိုက်တာဘဲ....

thant said...

Very Happy for this information.

mgmin said...

စိတ်ချ မင်းတို့အဲ့လို မီမပေးအကျင့်ယုတ်လေ
မင်းတို့မဲတွေ စုတ်လေပဲ
အဲ့အဆင့်နဲ့ ပါတီထဲဝင်နေသေးတယ်
ကျောသားရင်သား ခွဲခြားတဲ့ကောင်တွေ
မဲမပေးကြပါနဲ့ ဆုံးမပစ်မယ်

မောင်ငွေ said...

ပြည်သူတွေက အမှန်တရားကိုမြတ်နိုးကြတာပါ။ ၁၉၉၀ ခုတုန်းကလည်း မင်္ဂလာဒုံက ပြခဲ့ပြီဘဲ။

tuntun said...

ဒီမိုကရေစီဖော်ဆောင်ရေးအတွက်အမေစုအားထုတ်ကြိုးပမ်းနေပုံတွေ့လိုက်ရ
တော့ပြည်သူလူထုတစ်ရပ်လုံးများစွာဝမ်းသာပီတိဖြစ်နေရတာကိုနှစ်ထောင်း
အားရကျေနပ်မိပါတယ်...........အမေစုအောင်ပွဲများစွာခံယူနိုင်ပါစေ

heinlay said...

ဒါအမှန်ပဲလေ
ဒီလိုပဲဖြစ်ရမှာပေါ့

loadhtarpar said...

လေးစားဝမ်းမြောက်မိပါတယ်ဗျာ၊ အလားအလာတော်တော်ကောင်းပါတယ်

naingoo said...

နေပြည်တော်(ပျဉ်းမနား)မှလူထူအားအထူးကျေးဇူးတင်ပါတယ်
ကျတော်တိုမျော်လင့်နေကြတဲ့ခေါင်းဆောင်ကောင်းတယောက်ကို
အပြည်အ၀ထောက်ခံမဲပေးကြပါဆို..ခဏခဏမက်လုံးတွေပေး
နေတဲ့ဖွတ်တွေကိုယုံကြည်၇င်ကျတော်တိုတသက်လုံးလူမွေးသူမွေး
ပြောင်မှာမဟုတ်ဘူး

Powered by Blogger.