ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု

လက်ရှိပြည်သူ​ တွေ အကြား​မှာ စိတ်ဝင်စား​မှု အထူး​မြင့်​တက်​နေတဲ့​ ၅၀၀၀ တန် မိုလ်ဘိုင်း​ ဖုန်း​ကိစ္စကို ပြည်သူ့​ဆန္ဒလိုလား​ချက်နဲ့​အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​တွေရှာပြီး​ ​ဆောင်ရွက်သွား​မယ်လို့​ သမ္မတဦး​သိန်း​စိန်က ကတိပြုလိုက်ပါတယ်။
တန်ဖိုးနည်း ဆင်းကတ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုသည့် စတစ်ကာ
“လက်ရှိပြည်သူကြား ​မှာ စိတ်ဝင်စား​မှု အထူး​ပဲမြင့်​တက်​နေတဲ့​ မိုလ်ဘိုင်း​ဖုန်း​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​လော​လောဆယ်မှာ ကျ​နော်တို့​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေရပါတယ်။ ဒီလုပ်ငန်း​တွေ ပြီး​တာနဲ့​အမျှ ပြည်သူ​တွေရဲ့​ဆန္ဒကို ပြည့်​ဝ​အောင် နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​တွေနဲ့​ အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​များ​ကို ရှာ​ဖွေပြီး​ ​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်ပါတယ်။”
သမ္မတဦး​သိန်း​စိန်က ပြည်​ထောင်စုလွှတ်​တော်မှာ မတ် ၁ ရက်​နေ့​က အစိုး​ရသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောခဲ့​တာပါ။
အရင်ကလည်း​ မြစ်ဆုံစီမံကိန်း​ကို သူ့​အစိုး​ရ သက်တမ်း​အတွင်း​ ဆိုင်း​ငံ့​မယ် ဆိုပြီး​ ကတိ​ပေး​တဲ့​အတိုင်း​ အ​ကောင်အထည် ​ဖော်​နေတာ​ကြောင့်​ အခုမိုဘိုင်း​ဖုန်း​နဲ့​ ပတ်သက်ပြီး​ သမ္မတရဲ့​ ကတိစကား​ကိုလည်း​ အများ​က ကြိုဆိုလိုက်ပါတယ်။
ဒဂုံတက္ကသိုလ်က ​ကျောင်း​သူတဦး​ကလည်း​ ခုလို ဆိုပါတယ်။
“ငါး​ထောင်တန် ဖုန်း​ထွက်ရင်​တော့​ ဝမ်း​သာတာ​ပေါ့​။ လူတန်း​စား​မ​ရွေး​ ကိုင်​ဆောင် လို့​ရတာ​ပေါ့​။ ကိုင်​ဆောင်လို့​ရရင် ဘယ်​နေရာမှာမဆို အသုံး​ပြုလို့​ရတာ​ပေါ့​။ လုပ်ငန်း​ပဲဖြစ်ဖြစ်၊​ ​ကျောင်း​သူ​ကျောင်း​သား​ပဲဖြစ်ဖြစ် ကိစ္စ​လေး​ရှိရင် ဖုန်း​နဲ့​အလွယ်တကူ ဆက်သွယ်လို့​ ရတယ်ဆို​တော့​ ဝမ်း​သာတာ​ပေါ့​။”
ဖွံ့​ဖြိုး​ မှုနိမ့်​ကျတဲ့​ ချင်း​ပြည်နယ်က ဟား​ခါး​ ​ဒေသခံတဦး​ကို ​မေး​ကြည့်​ရာမှာ တဦး​နဲ့​တဦး​ ဆက်သွယ်​ရေး​ လွယ်ကူလျင်မြန်မှာဖြစ်လို့​ တကယ် ဖြစ်လာ​စေချင်တယ်လို့​ ​ပြောပါတယ်။
“​တော​ရော မြို့​ပါ တ​ယောက်နဲ့​တ​ယောက် ကိစ္စရှိရင်လည်း​ အ​ကြောင်း​ကြား​နိုင်မယ်။ ဆက်သွယ်နိုင်မယ်ဆို​တော့​ အများ​ကြီး​ အ​ထောက်အကူ ပြုတာ​ပေါ့​။ စီး​ပွား​ရေး​လုပ်ငန်း​က​တော့​ တရွာနဲ့​တရွာ ဒီ​လောက်ကြီး​ စီး​ပွား​ရေး​လုပ်ငန်း​ဆက်သွယ်တာမရှိ​တော့​ လူမှု​ရေး​မှာပဲ ပိုပြီး​အကျိုး​ပြုမယ်လို့​ ယူဆတယ်။”
စစ်အစိုး​ရ​ ခေတ်က တယ်လီဖုန်း​ဆင်း​ကတ်တခုကို ကျပ် သိန်း​ ၂၀ ​ကျော် အထိ​ပေး​ပြီး​ အစိုး​ရထံ ငှား​သုံး​နေရာက​နေ လက်ရှိမှာ ကျပ်​ငွေ ၅ သိန်း​ထိ ​လျော့​ကျလာပါတယ်။ ဒါ​ပေမယ့်​ ​ရွှေပြည် တံခွန်ကုမ္ပဏီက ဒီနှစ်ဆန်း​မှာ တယ်လီဖုန်း​ဆင်း​ကတ် တခုကို ကျပ်​ငွေ ၅၀၀၀ နဲ့​ ​ရောင်း​ပေး​မယ်ဆိုတဲ့​ သတင်း​ကြောင့်​ လူထုအကြား​မှာ အုတ်​အော်​သောင်း​တင်း​ ဖြစ်ခဲ့​ပါတယ်။ မြန်မာ့​ ဆက်သွယ်​ရေး​တာဝန်ရှိသူ​တွေက လက်ရှိတည်ဆဲဥပ​ဒေ​တွေအရ မဖြစ်နိုင်ဘူး​လို့​ ရှင်း​ လင်း​ခဲ့​ပါတယ်
၅၀၀၀ တန် ဆင်း​ကတ်ကိစ္စဟာ တအုံ​နွေး​နွေး​ ဖြစ်​နေပြီး​ လက်​တွေ့​ အ​ကောင်အထည် ​ပေါ်လာ​အောင် လူထုအကြား​ လှုံ့​ဆော်မှု​တွေ ရှိလာပါတယ်။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ကုန်​ဈေး​ နှုန်း​ကျဆင်း​ရေး​ အဖွဲ့​ခေါင်း​ဆောင် ကိုထင်​ကျော်တို့​ဟာ ၅၀၀၀ တန်ဆင်း​ကတ် သုံး​ခွင့်​ပေး​ပါလို့​ အစိုး​ရထံ ​တောင်း​ဆိုမှုကို ​ဈေး​တွေမှာ လူထုအကြား​ ပြုလုပ်ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​ကြောင့်​ ​ခေတ္တထိန်း​သိမ်း​ခံရပြီး​ ပြန်လွတ်တဲ့​ ကိုထင်​ကျော်က မိုလ်ဘိုင်း​ဖုန်း​ ဆင်း​ကတ်ကိစ္စကို အစိုး​ရက ပြည်သူလိုလား​ချက်နဲ့​အညီ အ​ကောင်အထည် ​ဖော်မယ်ဆိုတဲ့​ သမ္မတရဲ့​ ကတိစကား​ကို ကြိုဆိုလိုက်ပါတယ်။
“​ကျောင်း​သူ​ ကျောင်း​သား​ ရဟန်း​ရှင်လူ အား​လုံး​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ အပါအဝင် ကိုင်​ဆောင်နိုင်မယ့်​ ငါး​ထောင်ကျပ်တန် ဒီထက်နည်း​လည်း​ ကျ​နော်တို့​ ကြိုဆိုပါတယ်။ ကတိကဝတ်နဲ့​အညီ အမြန်ဆုံး​ ချမှတ်​ပေး​လိမ့်​မယ်လို့​ ​မျှော်လင့်​တယ်။ နိုင်ငံတိုင်း​ရဲ့​ သမ္မတ​တွေက ကိုယ်​ပြောတဲ့​စကား​ကို ကိုယ်တာဝန်ယူ​လေ့​ ရှိပါတယ်။ ကျ​နော်တို့​ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်ကလည်း​ အဲဒီကတိကို တည်လိမ့်​မယ်လို့​ ကျ​နော်ထင်ပါတယ်။”
မန္တ​လေး​မြို့ ​မှာလည်း​ တန်ဖိုး​နည်း​ တယ်လီဖုန်း​တွေ အများ​လက်ဝယ် ကိုင်​ဆောင်နိုင် ​ရေး​အတွက် လူထုအကြား​ လှုံ့​ဆော်စတစ်ကာ ၁ သိန်း​ခွဲ​ကျော် ဖြန့်​ဝေ​နေကြတယ်လို့​ ဦး​စီး​လုပ် ​ဆောင် သူ​တွေက ​ပြောဆိုပြီး​ နိုင်ငံတဝှမ်း​ တတ်နိုင်သ​လောက် လုပ်ကိုင်ကြဖို့​ တိုက် တွန်း​ကြပါတယ်။
မြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို သိန်း​ချီ​ဈေး​ပြောပြီး​ လူထုထံ​တောင်း​ ​နေ​ပေမယ့်​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံမှာ​တော့​ အခမဲ့​ဖြန့်​ချိပါတယ်။ 
ဒီဗွီဘီ
ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု ကျပ်ငါး​ထောင်တန်ဖုန်း​ သုံး​စွဲနိုင်​ရေး​ ကြိုး​ပမ်း​မည်ဟု သမ္မတ ကတိပြု Reviewed by သစ်ထူးလွင် on 19:06 Rating: 5

39 comments:

Unknown said...

Bravo!

Lin Myat said...

အမှန်က ဆက်သွယ်ရေး က top up ကဒ်ဝင်ငွေအားလုံးကိုယူထားတော့ ကုမ္ပဏီတွေက အမြတ်ရဖို့ Sim card ကိုဈေး မြှင့်ရောင်းနေတာ ရွှေပြည်တံခွန် စီမံကိန်းက သူတို့ဘာသာ top up ကဒ်ရောင်းစားမှာမို့ ၅၀၀၀ နဲ့ပေးမယ်ပြောတာ ဘယ်နိုင်ငံက ကုမ္ပဏီဖြစ်ဖြစ် အဲဒီ top up ၀င်ငွေနဲ့စားရတာ စင်္ကာပူမှာဆိုရင် နှစ်ချီစာချုပ်နဲ့ Sim Card ၀ယ်ရင် သူတို့ ကဒ်နဲ့ top up လုပ်ရင် i phone 4S တောင်လက်ဆောင်ပေးတယ် ဆက်သွယ်ရေးက စစ်ဗိုလ် အစုပ်ပလုပ်တွေကို အလုပ်မထုတ်သရွေ့ ငါ့ဘို့ကြည့်နေသ၍ ပြည်သူတွေ အဆင်ပြေဖို့ ဖြစ်လာမှာ မဟုတ်ဘူးဗျ

Bravo said...

ဆသရ နဲ့ ခရိုနီကုမ္မဏီ ၃၀တို့ပူးပေါင်းဂွင်ရိုက်ထားသော ၃ သိန်းအောက်ဖုန်းများ မှာပြီးမှမရောင်းရသေးသည့်အတွက် ၅၀၀၀ ကျပ်တန်ဖုန်းများအားနှောင့်နှေးကြန့်ကြာအောက်စီစဉ်ထားခြင်းဖြစ်ပါသည်။ ၃ သိန်းအောက်ဖုန်းများရောင်းချပြီးချိန်ကျမှပဲ ၅၀၀၀ကျပ်တန်ဖုန်းများချပေးရေးကိုစဉ်းစားပေးမည်။

phayoung2009@gmail.com said...

သမ္မတကြီးဖတ်မိပါစေ..

၅၀၀၀ ကျပ်တန် ဆင်းကဒ် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ပါစေ...

phayoung2009@gmail.com said...

သမ္မတကြီးဖတ်မိပါစေ

5000 ဆင်းကဒ် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေ

Ar Ga said...

ကောင်းတယ် ၊ တစ်သိန်း ၇ှစ်သောင်း မ၀ယ်ဘူး ။သမတကြီးကို ယုံတယ် ။ ၅၀၀၀ တန် ဖုန်းပဲ စောင့်တော့မယ် ။။။။။

Anonymous said...

ကဲ အားလုံးပဲ ရှင်းတယ်နော် . . . ထပ်ပြီး ဒွိဟ ဖြစ်စရာမလိုတော့ဘူးနော် သမ္မတကိုယ်တိုင်က ပြောလာပြီ ဒီတော့ . .၅ ရက်နေ့ မှာရောင်းမယ့် ဖုန်းကို ၀ယ်မှာလား မ၀ယ်ဘူးလား . . . စဉ်းစားတော့ .

ဂျစ်ပစီ said...

သမ္မတကြီးရဲ့ကတိစကားတည်မြဲပါစေ လို့ပဲ ဆုတောင်းလိုက်ပါတယ်..။

gemuk said...

မြန်မြန်အကောင်အထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းပါတယ်

su said...

နိုင်ငံတော်ကိုတောင် မင်းတို့ တာဝန်ယူအုပ်ချုပ်နေသေးတာ၊ မိုလ်ဘိုင်းဖုန်းကိစ္စ က အဲလောက် ခက်ခဲတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ မင်းတို့ရင်ထဲက ပြည်သူအပေါ်ထားတဲ့ စေတနာသာ အဓိကပါ ကွာ။ မင်းတို့သာ ပြည်သူအပေါ်စေတနာထားကြည့်ပါ နိုင်ငံတကာက ၀ိုင်းဝန်းကူညီမှာပါ။ မင်းတို့လုပ်ချင်တဲ့ မင်းတို့ကိုယ်ကျိုးစီးပွါးတွေကျတော့ နာဂစ်ဖြစ်နေတာတောင် ချမ်းသာမပေးဘူး လူထုဆန္ဒခံပွဲ နေ့ချင်း ညချင်း အတင်း ထလုပ်တယ်၊ ပြည်သူ့အတွက်ကျတော့ ဟိုဟာအကြောင်းပြ၊ ဒီဟာအကြောင်းပြနဲ့။ တရားသလား သေချာပြန်စဉ်းစားအုံး ငတုံးရဲ့။

Han said...

ကျွန်တော်နားလည်ဒါတော့ တည်ဆောက်ရေးစရိတ်ကျေမှ ၅၀၀၀ကျပ်နဲ. ရမယ်ထင်တယ်။ဝန်ဆောင်မူနှင့်တာဝန်ယူ ဖို.အသက်ဝင်တဲ့ဥပဒေရှိရမယ်

ktd said...

တောင်းဆိုမှုတွေရဲ့ ထိုက်တန်တဲ့ ရလာဒ်ကောင်းဖြစ်မှာပါ။

myo lay said...

သမ္မတကြီး ပြောတာကို ကြိုဆိုပါတယ် ၊၊

ktd said...

တောင်းဆိုမှုတွေရဲ့ ထိုက်တန်တဲ့ ရလာဒ်ကောင်းဖြစ်မှာပါ။

myo lay said...

သမ္မတကြီး ပြောတာကို ကြိုဆိုပါတယ် ၊၊

Anonymous said...

After 180000 ks sim-cards had been sold , 5000 ks will be probably permitted to sell because under table money was received. OK ;;; >>>>>>>>.<<<<<<< People know this. President's speech is-------? ? ?

အောင်ဗလ said...

ဦးသိန်းစိန်ရေ....
အချိန် ဘယ်လောက်စောင့်ရမှာလဲ....
အဲဒီအချိန်လေးပါထည့်ပြီးကတိပေးပါလား....
၅၀၀၀ိ/ တန်ဖုန်းချပေးဖို့အတွက်
အမျိုးသားညီလာခံခေါ်အုံးမှာလား......
၁၅ နှစ်လောက်တော့မစောင့်နိုင်ဘူးနော်....

Anonymous said...

Yes , we all know after 180000 ks SIMs were sold.(AFTER YOUR POCKETS WERE FULL).

nwenwe said...

ဦးသိန်းစိန် က အဲ့လိုပြောလိုက်တယ်ဆိုတော့ ၀မ်းသာရမှာပေါ့နော် ။တကယ်ဖြစ်လာမယ်မလာဘူးဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့ သူ့ စေတနာကို။

rev.khemananda said...

၎င်းအစီအစဉ်အားကြိုဆိုလိုက်ပါသည်။ သမ္မတ ဦးသိန်းစိန်ကြီး။ ဂတိတည်ပါစေ။

John said...

လက်ရှိ ပြည်သူများ အကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ၅၀၀၀ တန် မိုဘိုင်းဖုန်းကိစ္စနှင့် ပက်သက်လို့လဲ ပြည်သူ့ဆန္ဒ၊ လိုလားချက်များနှင့် အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက် စည်းပွါးရေး ယန္တယား စနစ်တွေ ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေး ဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

https://www.facebook.com/5000SimCard

၅၀၀၀ ကျပ်ထက်မပိုတဲ့တန်ဖိုးနည်း တယ်လီဖုန်းလိုင်းဖြစ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့

sumyatmaung said...

ကျွှန်တော် တစ်ခုလောက် သိသမျှ ဖြည့်ပြောပါရစေ။ အဲဒါက ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းရဲ့ အဓိက အကြောင်းတစ်ချက်လို့ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ဘာလဲဆိုတော့ Rural. နဲ့ Urban. ကြားမှာ အချိန်နဲ့တပြေးညီ ဆက်သွယ်ရေး မလွယ်ကူတဲ့အကြောင်းပါပဲ။ ဒီနေရာမှာ အချိန်နဲ့တပြေးညီလို့ကျွှန်တော် ဘာကြောင့်သုံးရလဲဆိုရင် ဥပမာ-ဧက နဲနဲပဲရှိတဲ့ တောင်သူတစ်ဦးချင်းစီက ပဲ ရောင်းတယ်ဆိုကြပါစို့။ သူတို့မှာ အချိန်နဲ့တပြေးညီ ဘာ Information ရှိမှာလဲ ပွဲစားဆိုတဲ့ လူတန်းစားတွေဈေးဖြတ်တဲ့ အတိုင်း ရောင်းကြတာပေါ့။ အဲဒီမှာ ဘာအကျိုးဆက်တွေဖြစ်လာလဲဆိုတော့ ပွဲစားတွေက ပွဲရုံဖြစ်ဖြစ် တစ်ခုခု သူတို့ လက်ကားသွင်းတဲ့နေရာကို ကိုယ့်အတွက်ကျန်အောင် ဈေးထပ်တင်ပြီး ဖြန့်မယ်။ ပွဲရုံတွေက ဈေးကွက်လိုအပ်ချက်ကို အမြဲသိနေတော့ ပဲဈေးတက်ပြီဆိုတာနဲ့ သိမ်းထားကြတော့မယ်။ ဒါနဲ့ပဲ သူတို့ဈေးကစားတာနဲ့ မတက်သင့်တဲ့ ပဲဈေးတွေ တက်ကုန်ပြီး ပြည်သူတွေ ဒုက္ခရောက်ရော။ ဒါ ကျွှန်တော် ဥပမာပြောတာ အခြေခံလူတန်းစားတွေရဲ့ အခြေခံလိုအပ်ချက် စားကုန်တွေက အများကြီး။ ဒီတော့ပြန်သုံးသပ်ရရင် ၅၀၀၀ တန်ဖုန်းတွေချပေးပြီး ဆက်သွယ်ရေးတွေ လွယ်လွင့်တကူ ဖြစ်သွားရင် ကုန်ဈေးနှုန်းတွေအထိုက်အလျှောက် ကျမသွားနိုင်ဘူးလား။ ပွဲစားနဲ့ရောင်းစရာမလိုပဲ တောင်သူတွေတောင်ပိုအကျိုးရှိနိုင်သေးသဗျ ကျွှန်တော့အထင်။ ဘာကြောင့်ကပ်နေကြတာလဲ မသိတော့ပါဘူးဗျာ။ 
(စကားချပ်- တောင်သူတွေ လည်မှန်းသိပါ၏ ဒါပေမယ့် ပွဲစားတွေက ပိုလည်ပါတယ်။)

Anonymous said...

“လက်ရှိပြည်သူကြား ​မှာ စိတ်ဝင်စား​မှု အထူး​ပဲမြင့်​တက်​နေတဲ့​ မိုလ်ဘိုင်း​ဖုန်း​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​လော​လောဆယ်မှာ ကျ​နော်တို့​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေရပါတယ်။ ဒီလုပ်ငန်း​တွေ ပြီး​တာနဲ့​အမျှ ပြည်သူ​တွေရဲ့​ဆန္ဒကို ပြည့်​ဝ​အောင် နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​တွေနဲ့​ အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​များ​ကို ရှာ​ဖွေပြီး​ ​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်ပါတယ်။”

- ဘယ်လိုတည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတာပါလဲ။
- ဘယ်တော့ပြီးမှာလဲ။
- ပြီးရမဲ့အချိန်ရောသတ်မှတ်ပြီးပြီလား။
- တကယ်ရောပြီးမှာလား။

Toe Gyi said...

လက်ရှိပြည်သူကြား ​မှာ စိတ်ဝင်စား​မှု အထူး​ပဲမြင့်​တက်​နေတဲ့​ မိုလ်ဘိုင်း​ဖုန်း​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​လော​လောဆယ်မှာ ကျ​နော်တို့​ တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေရပါတယ်။ ဒီလုပ်ငန်း​တွေ ပြီး​တာနဲ့​အမျှ ပြည်သူ​တွေရဲ့​ဆန္ဒကို ပြည့်​ဝ​အောင် နိုင်ငံတကာရဲ့​ စံချိန်စံညွှန်း​တွေနဲ့​ အညီ အ​ကောင်း​ဆုံး​ နည်း​လမ်း​များ​ကို ရှာ​ဖွေပြီး​ ​ဆောင်ရွက်​ပေး​သွား​မှာ ဖြစ်ပါတယ်။”
သမ္မတဦး​သိန်း​စိန်က ပြည်​ထောင်စုလွှတ်​တော်မှာ မတ် ၁ ရက်​နေ့​က အစိုး​ရသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာ ထည့်​ပြောခဲ့​တာပါ။ ကြိုက်တော့ ကြိုက်တယ် ဒါပေမဲ့ ကြိုးတန်းလန်းကြီးနဲ့ နိုင်ငံတော် တည်ဆောက်ရေးနဲ့ တန်းဖိုး နည်းဖုန်း ခွင့်ပြုဘို့က နည်းနည်းလေးဟ နေသလိုပဲနော် ကြိုးစ များ ရှည်အောင်ဆွဲ ထုတ်နေတာလား သမ္မတကြီးရယ်.. နိုင်ငံတော်ကို တည်ဆောက်ရမှာက ယခု၊ နောက်၊ နောင် မဆုံးနိုင်အောင် တိုးတက်သထက် တိုးတက်အောင်၊ လုပ်နေရမှာလေ၊ နိုင်ငံတော်တည်ဆောက် နေလို့ ဖုန်းကိစ္စ မလုပ်နိုင်ဘူး ဆိုရင် တစ်မျိုးကြီးနော်။.

nyogyi said...

sim card ရှိပြီးလိုင်းမရှိရင်လည်းသုံးမရဘူးနော် သတိလည်းထားအုန်း

ဗိုလ်ဖြူ said...

စုမာရဲ့အဆိုကိုလုံးလုံးလျားလျားထောက်ခံတယ်ဗျို့။

Anonymous said...

"""NO""" to 5,000 Kyats Sim Card...

007747 said...

သမတကြီး,ကိုယ့်စကားကိုယ်တည် ‌နော်။
ကိုကိုဆက်သွယ်‌ရေးတို့လည်း ‌တော်‌လောက်ပြီ‌နော်။
အစည်းအ‌ဝေးတို့၊ ‌ဆွေးေ နြးပြဲတို့ကိုလည္းနိုင္ငျံခားမှာဒီ‌ေ လာက်တက်‌နေတာ မသိတာေ တာ့မဟုတ်ေ လာက်ပါဘူး။
ပြည်သူမျက်နှာ ကြည့်ပါ‌တော့လို့‌မေတာရပ်ခံပါတယ်။

komen said...

anyway u thein sein is better than lee than shwe.Is so that we should be waiting and looking to him.....

Anonymous said...

When can people use low cost phone ? U Thein Sein can not say. 15,00,000 ' 500,000 ks sim-card selling money was gone where ? over 10 years ,calling charges gone where ? that is many billions of DOLLARS. >>>>>>>>>>000<<<<<<<<<<

san san said...

လူတိုင်းဖုံး ကိုင်နိုင်ရမယ်။မလေးရှားလို နေရာမှာတောင် sim card တခုမှ ၁၀နဲ့ ၁၅ rm ဘဲ၇ှိတယ်။ကြိုက်တဲ့နေရာဝယ် ၊အဲ့ဒီအထဲမှာ ပိုက်ဆံတောင်ပါသေးတယ်။မြန်မာငွေနဲ့ဆို ၃၀၀၀ပတ်ဝန်ကျင်ဘဲ။ခုဝယ် ခုဆက်လို့ရတယ်။လိုင်းကျပ်တယ်ဆိုတာမကြားဘူးသလိုဘဲ။မြန်မာပြည်မှာဘဲထူးထူးခြားခြားလိုင်းကျပ်တာကြားဘူးတယ်။ဖုံး ကုမ္ပဏီတွေအများကြီးဘဲ။မြန်မာပြည်လဲ ဖုံးကုမ္ပဏီ တခုထဲ မလုပ်ပါနဲ့ အများကြီးခွင့်ပြုသင့်တယ်။အပြိုင်အဆိုင်မှ တိုးတက်တာ။

မိုးသောက် said...

5000 တန် Sim Card ရယ်
မျှော်ရတာကြာလှပြီ.......
မကြာမှီ.......လာမည်မျှော်........

htayhtay said...

အား လုံး ကိုထောက်ခံ ပါတယ် ဆက်တိုက်ကြဟေ့

Unknown said...

သမ္မတကကြီးခင်ဗျာ၊အဲဒီမိန့်ခွန်းထဲကလုပ်နေပါတယ်ဆိုတဲ့တည်ဆောက်ရေးတွေဆိုတာကြီးက၊ပြည်သူတဦးချင်းလက်ငင်းချက်ချင်းအကျိုးမရှိ၊အရင်လူတွေလုပ်ခဲ့တဲ့အတိုင်း၊ရေတိုပြည်သူတဦးခြင်းအတွက်ဘာအကျိုးမှမရှိ၊ရေရှည်နောင်လာမဲ့သားမြေးတွေနိုင်ငံခြားအကြွှေးတင်မဲ့အသွင်ကြောင့်၎င်း၊အဲဒီဖုံးကိစ္စမှာလဲအများသိသာမြင်သာတဲအချက်ကကုမ္မဏီကသူ့စရိတ်နဲ့သူ့ဖါသာအစမှအဆုံးတည်ဆောက်ပါ့မယ်၊သမ္မတကြီးကခွင့်ပြုပါခင်ဗျာဆိုတဲ့ဥစ္စါ၊ပြည်သူတဦးချင်းလက်ငင်းချက်ချင်းအကျိုးရှိနိုင်၊
ဥပမာ အာဆီယမ်နိုင်ငံတွေမှာမျက်ရိတ်သမားတောင်ကိုယ်ပိုင်ဆဲလူလာဖုံးနဲ့၊အလုပ်ခေါ်အော်ဒါလက်ခံ၊ကိုယ်ပိုင်ကားပေါ်မျက်ရိတ်စက်တင်ပြီးသွားလာမျက်ရိတ်ပေးနိုင်တဲ့
လူနေမှု ဘဝမျိုးရှိနေတော့ကာ၊
ဒီမှာတော့ကိုယ်ပိုင်ကားပေါ်မျက်ရိတ်စက်မတင်နိုင်သေးပေမဲ့၊ကိုယ်ပိုင်ဆဲလူလာဖုံးနဲ့၊ပြည်သူတဦးချင်းလက်ငင်း၊ချက်ချင်းအကျိုးရှိလာမဲ့လူမှုဘဝမျိုးကိုသာပြည်သူ့သမ္မတကြီးမှအမြန်ဆုံးတည်ဆောက်ရေးပါရန်
ပြန်ပီးသုံးသပ်ပေးပါလားခင်ဗျာ။

အောင် said...

အမှန်တကယ် က အားလုံးမ၇ှင်းတာပါ ။fec 20 /fec 50 တန် ကတ်တွေလဲ ဖုန်းကတ်တွေပါပဲ။ အဲဒီ ကတ်တွေ က ၅၀၀၀ မကျ ပါဘူး။top up လုပ်မ၇တာပဲကွာပါတယ်။top up လုပ် လို့၇အောင် လုပ်ပေး လိုက် ၇င် ပြီးတာပဲ

Unknown said...

5000 Sim Card ကို သမ္မတကြီးအနေနဲ့လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...
သမ္မကြီးပေးတဲ့ ကတိကိုလည်း တည်မယ်လို့ မျှော်လင့်မိပါတယ်..

Anonymous said...

""""BREAKING NEWS""""""" President U Thein Sein said
he will try for 5000 ks phone _____-------------------------------------------------------three years later.

shein said...

အရေးကြီးတာက အခု မတ်လ(၅)ရက်နေ့မျာ ရောင်းမယ့် ဖုန်းတွေကို ဘယ်သူမှ မ၀ယ်ကြပါနဲ့။ တတ်နိုင်သမျှ တောင့်ခံထားကြပါ။ နောက်ပိုင်းကျကိုထပ်ကျအုံးမှာပါ။
ပြည်သူတွေညီရင် သူတို့ ဘာမှလုပ်လို့မရပါဘူး။

သားငယ်လေး said...

၅၀၀၀ တန်ဖုန်း ရမယ့်အချိန်လေး သမ္မတကြီးပြောပေးခဲ့ ရင် ကောင်းမယ်။ တစ်နှစ်လား။ ခြောက်လလား။ သုံးလ လား။ ၅ နှစ်လား ။ ၁၀ နှစ်လား။ နောင် နှစ် ၅၀လား။

Powered by Blogger.