လက်ရှိပြည်သူ
တွေ အကြားမှာ စိတ်ဝင်စားမှု အထူးမြင့်တက်နေတဲ့ ၅၀၀၀ တန် မိုလ်ဘိုင်း
ဖုန်းကိစ္စကို ပြည်သူ့ဆန္ဒလိုလားချက်နဲ့အညီ အကောင်းဆုံး
နည်းလမ်းတွေရှာပြီး ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က
ကတိပြုလိုက်ပါတယ်။
“လက်ရှိပြည်သူကြား
မှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုလ်ဘိုင်းဖုန်းကိစ္စနဲ့
ပတ်သက်ပြီးတော့ လောလောဆယ်မှာ ကျနော်တို့ တည်ဆောက်ရေး လုပ်ငန်းတွေ
ဆောင်ရွက်နေရပါတယ်။ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ
ပြည်သူတွေရဲ့ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့
အညီ အကောင်းဆုံး နည်းလမ်းများကို ရှာဖွေပြီး
ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်မှာ မတ် ၁ ရက်နေ့က အစိုးရသက်တမ်း ၁ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။
အရင်ကလည်း
မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့မယ် ဆိုပြီး
ကတိပေးတဲ့အတိုင်း အကောင်အထည် ဖော်နေတာကြောင့်
အခုမိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ကတိစကားကိုလည်း အများက
ကြိုဆိုလိုက်ပါတယ်။
ဒဂုံတက္ကသိုလ်က ကျောင်းသူတဦးကလည်း ခုလို ဆိုပါတယ်။
“ငါးထောင်တန်
ဖုန်းထွက်ရင်တော့ ဝမ်းသာတာပေါ့။ လူတန်းစားမရွေး ကိုင်ဆောင်
လို့ရတာပေါ့။ ကိုင်ဆောင်လို့ရရင် ဘယ်နေရာမှာမဆို
အသုံးပြုလို့ရတာပေါ့။ လုပ်ငန်းပဲဖြစ်ဖြစ်၊
ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ် ကိစ္စလေးရှိရင် ဖုန်းနဲ့အလွယ်တကူ
ဆက်သွယ်လို့ ရတယ်ဆိုတော့ ဝမ်းသာတာပေါ့။”
ဖွံ့ဖြိုး
မှုနိမ့်ကျတဲ့ ချင်းပြည်နယ်က ဟားခါး ဒေသခံတဦးကို မေးကြည့်ရာမှာ
တဦးနဲ့တဦး ဆက်သွယ်ရေး လွယ်ကူလျင်မြန်မှာဖြစ်လို့ တကယ်
ဖြစ်လာစေချင်တယ်လို့ ပြောပါတယ်။
“တောရော
မြို့ပါ တယောက်နဲ့တယောက် ကိစ္စရှိရင်လည်း အကြောင်းကြားနိုင်မယ်။
ဆက်သွယ်နိုင်မယ်ဆိုတော့ အများကြီး အထောက်အကူ ပြုတာပေါ့။
စီးပွားရေးလုပ်ငန်းကတော့ တရွာနဲ့တရွာ ဒီလောက်ကြီး
စီးပွားရေးလုပ်ငန်းဆက်သွယ်တာမရှိတော့ လူမှုရေးမှာပဲ
ပိုပြီးအကျိုးပြုမယ်လို့ ယူဆတယ်။”
စစ်အစိုးရ
ခေတ်က တယ်လီဖုန်းဆင်းကတ်တခုကို ကျပ် သိန်း ၂၀ ကျော် အထိပေးပြီး
အစိုးရထံ ငှားသုံးနေရာကနေ လက်ရှိမှာ ကျပ်ငွေ ၅ သိန်းထိ
လျော့ကျလာပါတယ်။ ဒါပေမယ့် ရွှေပြည် တံခွန်ကုမ္ပဏီက ဒီနှစ်ဆန်းမှာ
တယ်လီဖုန်းဆင်းကတ် တခုကို ကျပ်ငွေ ၅၀၀၀ နဲ့ ရောင်းပေးမယ်ဆိုတဲ့
သတင်းကြောင့် လူထုအကြားမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါတယ်။
မြန်မာ့ ဆက်သွယ်ရေးတာဝန်ရှိသူတွေက လက်ရှိတည်ဆဲဥပဒေတွေအရ
မဖြစ်နိုင်ဘူးလို့ ရှင်း လင်းခဲ့ပါတယ်
၅၀၀၀ တန်
ဆင်းကတ်ကိစ္စဟာ တအုံနွေးနွေး ဖြစ်နေပြီး လက်တွေ့ အကောင်အထည်
ပေါ်လာအောင် လူထုအကြား လှုံ့ဆော်မှုတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကုန်ဈေး နှုန်းကျဆင်းရေး
အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်တို့ဟာ ၅၀၀၀ တန်ဆင်းကတ်
သုံးခွင့်ပေးပါလို့ အစိုးရထံ တောင်းဆိုမှုကို ဈေးတွေမှာ လူထုအကြား
ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ခေတ္တထိန်းသိမ်းခံရပြီး
ပြန်လွတ်တဲ့ ကိုထင်ကျော်က မိုလ်ဘိုင်းဖုန်း ဆင်းကတ်ကိစ္စကို အစိုးရက
ပြည်သူလိုလားချက်နဲ့အညီ အကောင်အထည် ဖော်မယ်ဆိုတဲ့ သမ္မတရဲ့
ကတိစကားကို ကြိုဆိုလိုက်ပါတယ်။
“ကျောင်းသူ
ကျောင်းသား ရဟန်းရှင်လူ အားလုံး ကျနော်တို့ တိုင်းရင်းသားတွေ
အပါအဝင် ကိုင်ဆောင်နိုင်မယ့် ငါးထောင်ကျပ်တန် ဒီထက်နည်းလည်း
ကျနော်တို့ ကြိုဆိုပါတယ်။ ကတိကဝတ်နဲ့အညီ အမြန်ဆုံး
ချမှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံတိုင်းရဲ့ သမ္မတတွေက
ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူလေ့ ရှိပါတယ်။ ကျနော်တို့
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အဲဒီကတိကို တည်လိမ့်မယ်လို့
ကျနော်ထင်ပါတယ်။”
မန္တလေးမြို့
မှာလည်း တန်ဖိုးနည်း တယ်လီဖုန်းတွေ အများလက်ဝယ် ကိုင်ဆောင်နိုင်
ရေးအတွက် လူထုအကြား လှုံ့ဆော်စတစ်ကာ ၁ သိန်းခွဲကျော်
ဖြန့်ဝေနေကြတယ်လို့ ဦးစီးလုပ် ဆောင် သူတွေက ပြောဆိုပြီး
နိုင်ငံတဝှမ်း တတ်နိုင်သလောက် လုပ်ကိုင်ကြဖို့ တိုက် တွန်းကြပါတယ်။
မြန်မာနိုင်ငံမှာ
တယ်လီဖုန်း ဆင်းကတ်တခုကို သိန်းချီဈေးပြောပြီး လူထုထံတောင်း
နေပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အခမဲ့ဖြန့်ချိပါတယ်။
ဒီဗွီဘီ
ကျပ်ငါးထောင်တန်ဖုန်း သုံးစွဲနိုင်ရေး ကြိုးပမ်းမည်ဟု သမ္မတ ကတိပြု
Reviewed by သစ်ထူးလွင်
on
19:06
Rating:
39 comments:
Bravo!
အမှန်က ဆက်သွယ်ရေး က top up ကဒ်ဝင်ငွေအားလုံးကိုယူထားတော့ ကုမ္ပဏီတွေက အမြတ်ရဖို့ Sim card ကိုဈေး မြှင့်ရောင်းနေတာ ရွှေပြည်တံခွန် စီမံကိန်းက သူတို့ဘာသာ top up ကဒ်ရောင်းစားမှာမို့ ၅၀၀၀ နဲ့ပေးမယ်ပြောတာ ဘယ်နိုင်ငံက ကုမ္ပဏီဖြစ်ဖြစ် အဲဒီ top up ၀င်ငွေနဲ့စားရတာ စင်္ကာပူမှာဆိုရင် နှစ်ချီစာချုပ်နဲ့ Sim Card ၀ယ်ရင် သူတို့ ကဒ်နဲ့ top up လုပ်ရင် i phone 4S တောင်လက်ဆောင်ပေးတယ် ဆက်သွယ်ရေးက စစ်ဗိုလ် အစုပ်ပလုပ်တွေကို အလုပ်မထုတ်သရွေ့ ငါ့ဘို့ကြည့်နေသ၍ ပြည်သူတွေ အဆင်ပြေဖို့ ဖြစ်လာမှာ မဟုတ်ဘူးဗျ
ဆသရ နဲ့ ခရိုနီကုမ္မဏီ ၃၀တို့ပူးပေါင်းဂွင်ရိုက်ထားသော ၃ သိန်းအောက်ဖုန်းများ မှာပြီးမှမရောင်းရသေးသည့်အတွက် ၅၀၀၀ ကျပ်တန်ဖုန်းများအားနှောင့်နှေးကြန့်ကြာအောက်စီစဉ်ထားခြင်းဖြစ်ပါသည်။ ၃ သိန်းအောက်ဖုန်းများရောင်းချပြီးချိန်ကျမှပဲ ၅၀၀၀ကျပ်တန်ဖုန်းများချပေးရေးကိုစဉ်းစားပေးမည်။
သမ္မတကြီးဖတ်မိပါစေ..
၅၀၀၀ ကျပ်တန် ဆင်းကဒ် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ပါစေ...
သမ္မတကြီးဖတ်မိပါစေ
5000 ဆင်းကဒ် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေ
ကောင်းတယ် ၊ တစ်သိန်း ၇ှစ်သောင်း မ၀ယ်ဘူး ။သမတကြီးကို ယုံတယ် ။ ၅၀၀၀ တန် ဖုန်းပဲ စောင့်တော့မယ် ။။။။။
ကဲ အားလုံးပဲ ရှင်းတယ်နော် . . . ထပ်ပြီး ဒွိဟ ဖြစ်စရာမလိုတော့ဘူးနော် သမ္မတကိုယ်တိုင်က ပြောလာပြီ ဒီတော့ . .၅ ရက်နေ့ မှာရောင်းမယ့် ဖုန်းကို ၀ယ်မှာလား မ၀ယ်ဘူးလား . . . စဉ်းစားတော့ .
သမ္မတကြီးရဲ့ကတိစကားတည်မြဲပါစေ လို့ပဲ ဆုတောင်းလိုက်ပါတယ်..။
မြန်မြန်အကောင်အထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းပါတယ်
နိုင်ငံတော်ကိုတောင် မင်းတို့ တာဝန်ယူအုပ်ချုပ်နေသေးတာ၊ မိုလ်ဘိုင်းဖုန်းကိစ္စ က အဲလောက် ခက်ခဲတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ မင်းတို့ရင်ထဲက ပြည်သူအပေါ်ထားတဲ့ စေတနာသာ အဓိကပါ ကွာ။ မင်းတို့သာ ပြည်သူအပေါ်စေတနာထားကြည့်ပါ နိုင်ငံတကာက ၀ိုင်းဝန်းကူညီမှာပါ။ မင်းတို့လုပ်ချင်တဲ့ မင်းတို့ကိုယ်ကျိုးစီးပွါးတွေကျတော့ နာဂစ်ဖြစ်နေတာတောင် ချမ်းသာမပေးဘူး လူထုဆန္ဒခံပွဲ နေ့ချင်း ညချင်း အတင်း ထလုပ်တယ်၊ ပြည်သူ့အတွက်ကျတော့ ဟိုဟာအကြောင်းပြ၊ ဒီဟာအကြောင်းပြနဲ့။ တရားသလား သေချာပြန်စဉ်းစားအုံး ငတုံးရဲ့။
ကျွန်တော်နားလည်ဒါတော့ တည်ဆောက်ရေးစရိတ်ကျေမှ ၅၀၀၀ကျပ်နဲ. ရမယ်ထင်တယ်။ဝန်ဆောင်မူနှင့်တာဝန်ယူ ဖို.အသက်ဝင်တဲ့ဥပဒေရှိရမယ်
တောင်းဆိုမှုတွေရဲ့ ထိုက်တန်တဲ့ ရလာဒ်ကောင်းဖြစ်မှာပါ။
သမ္မတကြီး ပြောတာကို ကြိုဆိုပါတယ် ၊၊
တောင်းဆိုမှုတွေရဲ့ ထိုက်တန်တဲ့ ရလာဒ်ကောင်းဖြစ်မှာပါ။
သမ္မတကြီး ပြောတာကို ကြိုဆိုပါတယ် ၊၊
After 180000 ks sim-cards had been sold , 5000 ks will be probably permitted to sell because under table money was received. OK ;;; >>>>>>>>.<<<<<<< People know this. President's speech is-------? ? ?
ဦးသိန်းစိန်ရေ....
အချိန် ဘယ်လောက်စောင့်ရမှာလဲ....
အဲဒီအချိန်လေးပါထည့်ပြီးကတိပေးပါလား....
၅၀၀၀ိ/ တန်ဖုန်းချပေးဖို့အတွက်
အမျိုးသားညီလာခံခေါ်အုံးမှာလား......
၁၅ နှစ်လောက်တော့မစောင့်နိုင်ဘူးနော်....
Yes , we all know after 180000 ks SIMs were sold.(AFTER YOUR POCKETS WERE FULL).
ဦးသိန်းစိန် က အဲ့လိုပြောလိုက်တယ်ဆိုတော့ ၀မ်းသာရမှာပေါ့နော် ။တကယ်ဖြစ်လာမယ်မလာဘူးဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့ သူ့ စေတနာကို။
၎င်းအစီအစဉ်အားကြိုဆိုလိုက်ပါသည်။ သမ္မတ ဦးသိန်းစိန်ကြီး။ ဂတိတည်ပါစေ။
လက်ရှိ ပြည်သူများ အကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ၅၀၀၀ တန် မိုဘိုင်းဖုန်းကိစ္စနှင့် ပက်သက်လို့လဲ ပြည်သူ့ဆန္ဒ၊ လိုလားချက်များနှင့် အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက် စည်းပွါးရေး ယန္တယား စနစ်တွေ ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေး ဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
https://www.facebook.com/5000SimCard
၅၀၀၀ ကျပ်ထက်မပိုတဲ့တန်ဖိုးနည်း တယ်လီဖုန်းလိုင်းဖြစ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့
ကျွှန်တော် တစ်ခုလောက် သိသမျှ ဖြည့်ပြောပါရစေ။ အဲဒါက ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းရဲ့ အဓိက အကြောင်းတစ်ချက်လို့ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ဘာလဲဆိုတော့ Rural. နဲ့ Urban. ကြားမှာ အချိန်နဲ့တပြေးညီ ဆက်သွယ်ရေး မလွယ်ကူတဲ့အကြောင်းပါပဲ။ ဒီနေရာမှာ အချိန်နဲ့တပြေးညီလို့ကျွှန်တော် ဘာကြောင့်သုံးရလဲဆိုရင် ဥပမာ-ဧက နဲနဲပဲရှိတဲ့ တောင်သူတစ်ဦးချင်းစီက ပဲ ရောင်းတယ်ဆိုကြပါစို့။ သူတို့မှာ အချိန်နဲ့တပြေးညီ ဘာ Information ရှိမှာလဲ ပွဲစားဆိုတဲ့ လူတန်းစားတွေဈေးဖြတ်တဲ့ အတိုင်း ရောင်းကြတာပေါ့။ အဲဒီမှာ ဘာအကျိုးဆက်တွေဖြစ်လာလဲဆိုတော့ ပွဲစားတွေက ပွဲရုံဖြစ်ဖြစ် တစ်ခုခု သူတို့ လက်ကားသွင်းတဲ့နေရာကို ကိုယ့်အတွက်ကျန်အောင် ဈေးထပ်တင်ပြီး ဖြန့်မယ်။ ပွဲရုံတွေက ဈေးကွက်လိုအပ်ချက်ကို အမြဲသိနေတော့ ပဲဈေးတက်ပြီဆိုတာနဲ့ သိမ်းထားကြတော့မယ်။ ဒါနဲ့ပဲ သူတို့ဈေးကစားတာနဲ့ မတက်သင့်တဲ့ ပဲဈေးတွေ တက်ကုန်ပြီး ပြည်သူတွေ ဒုက္ခရောက်ရော။ ဒါ ကျွှန်တော် ဥပမာပြောတာ အခြေခံလူတန်းစားတွေရဲ့ အခြေခံလိုအပ်ချက် စားကုန်တွေက အများကြီး။ ဒီတော့ပြန်သုံးသပ်ရရင် ၅၀၀၀ တန်ဖုန်းတွေချပေးပြီး ဆက်သွယ်ရေးတွေ လွယ်လွင့်တကူ ဖြစ်သွားရင် ကုန်ဈေးနှုန်းတွေအထိုက်အလျှောက် ကျမသွားနိုင်ဘူးလား။ ပွဲစားနဲ့ရောင်းစရာမလိုပဲ တောင်သူတွေတောင်ပိုအကျိုးရှိနိုင်သေးသဗျ ကျွှန်တော့အထင်။ ဘာကြောင့်ကပ်နေကြတာလဲ မသိတော့ပါဘူးဗျာ။
(စကားချပ်- တောင်သူတွေ လည်မှန်းသိပါ၏ ဒါပေမယ့် ပွဲစားတွေက ပိုလည်ပါတယ်။)
“လက်ရှိပြည်သူကြား မှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုလ်ဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ ကျနော်တို့ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ အကောင်းဆုံး နည်းလမ်းများကို ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”
- ဘယ်လိုတည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတာပါလဲ။
- ဘယ်တော့ပြီးမှာလဲ။
- ပြီးရမဲ့အချိန်ရောသတ်မှတ်ပြီးပြီလား။
- တကယ်ရောပြီးမှာလား။
လက်ရှိပြည်သူကြား မှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုလ်ဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ ကျနော်တို့ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ အကောင်းဆုံး နည်းလမ်းများကို ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်မှာ မတ် ၁ ရက်နေ့က အစိုးရသက်တမ်း ၁ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။ ကြိုက်တော့ ကြိုက်တယ် ဒါပေမဲ့ ကြိုးတန်းလန်းကြီးနဲ့ နိုင်ငံတော် တည်ဆောက်ရေးနဲ့ တန်းဖိုး နည်းဖုန်း ခွင့်ပြုဘို့က နည်းနည်းလေးဟ နေသလိုပဲနော် ကြိုးစ များ ရှည်အောင်ဆွဲ ထုတ်နေတာလား သမ္မတကြီးရယ်.. နိုင်ငံတော်ကို တည်ဆောက်ရမှာက ယခု၊ နောက်၊ နောင် မဆုံးနိုင်အောင် တိုးတက်သထက် တိုးတက်အောင်၊ လုပ်နေရမှာလေ၊ နိုင်ငံတော်တည်ဆောက် နေလို့ ဖုန်းကိစ္စ မလုပ်နိုင်ဘူး ဆိုရင် တစ်မျိုးကြီးနော်။.
sim card ရှိပြီးလိုင်းမရှိရင်လည်းသုံးမရဘူးနော် သတိလည်းထားအုန်း
စုမာရဲ့အဆိုကိုလုံးလုံးလျားလျားထောက်ခံတယ်ဗျို့။
"""NO""" to 5,000 Kyats Sim Card...
သမတကြီး,ကိုယ့်စကားကိုယ်တည် နော်။
ကိုကိုဆက်သွယ်ရေးတို့လည်း တော်လောက်ပြီနော်။
အစည်းအဝေးတို့၊ ဆွေးေ နြးပြဲတို့ကိုလည္းနိုင္ငျံခားမှာဒီေ လာက္တက္ေနတာ မသိတာေ တာ့မဟုတ္ေ လာက္ပါဘူး။
ပြည်သူမျက်နှာ ကြည့်ပါတော့လို့မေတာရပ်ခံပါတယ်။
anyway u thein sein is better than lee than shwe.Is so that we should be waiting and looking to him.....
When can people use low cost phone ? U Thein Sein can not say. 15,00,000 ' 500,000 ks sim-card selling money was gone where ? over 10 years ,calling charges gone where ? that is many billions of DOLLARS. >>>>>>>>>>000<<<<<<<<<<
လူတိုင်းဖုံး ကိုင်နိုင်ရမယ်။မလေးရှားလို နေရာမှာတောင် sim card တခုမှ ၁၀နဲ့ ၁၅ rm ဘဲ၇ှိတယ်။ကြိုက်တဲ့နေရာဝယ် ၊အဲ့ဒီအထဲမှာ ပိုက်ဆံတောင်ပါသေးတယ်။မြန်မာငွေနဲ့ဆို ၃၀၀၀ပတ်ဝန်ကျင်ဘဲ။ခုဝယ် ခုဆက်လို့ရတယ်။လိုင်းကျပ်တယ်ဆိုတာမကြားဘူးသလိုဘဲ။မြန်မာပြည်မှာဘဲထူးထူးခြားခြားလိုင်းကျပ်တာကြားဘူးတယ်။ဖုံး ကုမ္ပဏီတွေအများကြီးဘဲ။မြန်မာပြည်လဲ ဖုံးကုမ္ပဏီ တခုထဲ မလုပ်ပါနဲ့ အများကြီးခွင့်ပြုသင့်တယ်။အပြိုင်အဆိုင်မှ တိုးတက်တာ။
5000 တန် Sim Card ရယ်
မျှော်ရတာကြာလှပြီ.......
မကြာမှီ.......လာမည်မျှော်........
အား လုံး ကိုထောက်ခံ ပါတယ် ဆက်တိုက်ကြဟေ့
သမ္မတကကြီးခင်ဗျာ၊အဲဒီမိန့်ခွန်းထဲကလုပ်နေပါတယ်ဆိုတဲ့တည်ဆောက်ရေးတွေဆိုတာကြီးက၊ပြည်သူတဦးချင်းလက်ငင်းချက်ချင်းအကျိုးမရှိ၊အရင်လူတွေလုပ်ခဲ့တဲ့အတိုင်း၊ရေတိုပြည်သူတဦးခြင်းအတွက်ဘာအကျိုးမှမရှိ၊ရေရှည်နောင်လာမဲ့သားမြေးတွေနိုင်ငံခြားအကြွှေးတင်မဲ့အသွင်ကြောင့်၎င်း၊အဲဒီဖုံးကိစ္စမှာလဲအများသိသာမြင်သာတဲအချက်ကကုမ္မဏီကသူ့စရိတ်နဲ့သူ့ဖါသာအစမှအဆုံးတည်ဆောက်ပါ့မယ်၊သမ္မတကြီးကခွင့်ပြုပါခင်ဗျာဆိုတဲ့ဥစ္စါ၊ပြည်သူတဦးချင်းလက်ငင်းချက်ချင်းအကျိုးရှိနိုင်၊
ဥပမာ အာဆီယမ်နိုင်ငံတွေမှာမျက်ရိတ်သမားတောင်ကိုယ်ပိုင်ဆဲလူလာဖုံးနဲ့၊အလုပ်ခေါ်အော်ဒါလက်ခံ၊ကိုယ်ပိုင်ကားပေါ်မျက်ရိတ်စက်တင်ပြီးသွားလာမျက်ရိတ်ပေးနိုင်တဲ့
လူနေမှု ဘဝမျိုးရှိနေတော့ကာ၊
ဒီမှာတော့ကိုယ်ပိုင်ကားပေါ်မျက်ရိတ်စက်မတင်နိုင်သေးပေမဲ့၊ကိုယ်ပိုင်ဆဲလူလာဖုံးနဲ့၊ပြည်သူတဦးချင်းလက်ငင်း၊ချက်ချင်းအကျိုးရှိလာမဲ့လူမှုဘဝမျိုးကိုသာပြည်သူ့သမ္မတကြီးမှအမြန်ဆုံးတည်ဆောက်ရေးပါရန်
ပြန်ပီးသုံးသပ်ပေးပါလားခင်ဗျာ။
အမှန်တကယ် က အားလုံးမ၇ှင်းတာပါ ။fec 20 /fec 50 တန် ကတ်တွေလဲ ဖုန်းကတ်တွေပါပဲ။ အဲဒီ ကတ်တွေ က ၅၀၀၀ မကျ ပါဘူး။top up လုပ်မ၇တာပဲကွာပါတယ်။top up လုပ် လို့၇အောင် လုပ်ပေး လိုက် ၇င် ပြီးတာပဲ
5000 Sim Card ကို သမ္မတကြီးအနေနဲ့လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...
သမ္မကြီးပေးတဲ့ ကတိကိုလည်း တည်မယ်လို့ မျှော်လင့်မိပါတယ်..
""""BREAKING NEWS""""""" President U Thein Sein said
he will try for 5000 ks phone _____-------------------------------------------------------three years later.
အရေးကြီးတာက အခု မတ်လ(၅)ရက်နေ့မျာ ရောင်းမယ့် ဖုန်းတွေကို ဘယ်သူမှ မ၀ယ်ကြပါနဲ့။ တတ်နိုင်သမျှ တောင့်ခံထားကြပါ။ နောက်ပိုင်းကျကိုထပ်ကျအုံးမှာပါ။
ပြည်သူတွေညီရင် သူတို့ ဘာမှလုပ်လို့မရပါဘူး။
၅၀၀၀ တန်ဖုန်း ရမယ့်အချိန်လေး သမ္မတကြီးပြောပေးခဲ့ ရင် ကောင်းမယ်။ တစ်နှစ်လား။ ခြောက်လလား။ သုံးလ လား။ ၅ နှစ်လား ။ ၁၀ နှစ်လား။ နောင် နှစ် ၅၀လား။
Post a Comment