ကြား
ဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ
ပဲခူးတိုင်း က၀မြို့နယ်အတွင်းက ကျေးရွာတွေမှာ
မဲစာရင်းကွာဟမှုတွေရှိနေတယ်လို့ အဲဒီ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး
လွှတ်တော်နေရာအတွက် ဝင်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးမျိုးခိုင်က ပြောပါတယ်။
“မဲစာရင်းတွေ
ကွာဟချက်ပေါ့။ ဘာတွေတွေ့ရလည်းဆိုတော့ ထပ်နေတာတွေလည်း
တွေ့ရတယ်။ မပါတာ တွေလည်း တွေ့ရတယ်။ ၁၈ နှစ်ပြည့်ပြီး
မဲပေးနိုင်တဲ့သူ မဲစာရင်းထဲ မပါဘူး။ အဲဒါတွေကို ကော်
မရှင်နဲ့တွေ့ပြီး တော့ မပါတဲ့သူတွေကို ရပ်/ကျေးကော်မရှင်တွေမှာ
ပြန်သွင်းခိုင်းတယ်။ တချို့ဆို အယောက် ၃၀၊ ၄၀ လောက်ထိ
မပါတာတွေ့ရတယ်။ တချို့ဆို ၂၀ လောက်ပေါ့။ ၄ – ၅ – ၁၀ ယောက်ကတော့
ရွာ တိုင်းနီးပါးပဲ ကွာတယ်။ မဲရုံပေါင်း ၈၅ ခု၊
ရပ်/ကျေးမဲရုံမှူးတွေ အောင်နိုင်ရေး အဖွဲ့တွေကို ချပေးပြီး
စိစစ်ခိုင်းပြီး ရပ်/ကျေး ကော်မရှင်မှာ ၁၈ နှစ်ပြည့်ပြီး
မပါတဲ့စာရင်းကို ထပ်တိုးခိုင်းထားတယ်။” လို့ပြောပါတယ်။
ကျေး
ရွာတချို့မှာ အခုလို မဲစာရင်းကွာဟမှုတွေရှိနေလို့ မြို့နယ်
ကော်မရှင်ထံကို တင်ပြနေချိန်မှာပဲ၊ ပြည်ခိုင်ဖြိုးပါတီဝင်လို့ဆိုပြီး
အန်အယ်လ်ဒီပါတီဝင်တချို့ကို ခြိမ်းခြောက်တာတွေလည် အောက်ခြေမှာ
ဖြစ်နေ တယ်လို့ ကဝမြို့နယ် ခနာကျေးရွာက ပါတီဝင်တွေက ပြောပါတယ်။
ပြည်ခိုင်ဖြိုး
ပါတီဝတ်စုံဝတ်ထားတဲ့ တရွာတည်းသား ကိုအောင်ကျော်ဦးဟာ
အန်အယ်လ်ဒီပါတီ ဝင်တွေကို ခြိမ်းခြောက် နေတဲ့အပြင်၊ ညဘက်အစည်းအဝေး
လုပ်နေတုန်းမှာလည်း လေးခွနဲ့ ပစ်ခတ်သွား တယ်လို့ ခနာရွာက
အဖွဲ့ချုပ်ဝင် ဦးတင်ထူးက ပြောပါတယ်။
“ကျနော်တို့
ရွာမှာ ပြည်ခိုင်ဖြိုးက အမည်တပ်ထားတဲ့ ဝတ်စုံတွေဝတ်ပြီးတော့
ကျနော်တို့ အန်အယ်လ်ဒီပါတီကို ဒီရုံးကို ဖျက်ဆီးပစ်မယ်၊ သူ့ကို
ဘာကောင်မှတ်နေလဲ၊ သူက ပြည်ခိုင်ဖြိုးဆိုပြီး ပြည်ခိုင်ဖြိုး
အဝတ်အစားတွေ ဝတ်ထားပြီး အန်အယ်လ်ဒီပါတီက ဘာအရာရောက်မှာလဲ၊ ဘာ
ကောင်မို့လည်းပေါ့ ပုံစံမျိုးနဲ့ ကြိမ်းဝါးတယ်။ ရွာထဲမှာလည်း
တအိမ်တက် တအိမ်ဆင်းနဲ့ သူလျှောက် ပြောသွား ယ်။ ကိုဌေးကိုလည်း
ဝတ်စုံတွေဝတ်ပြီးတော့ ဓါးနဲ့ထိုးသတ်လို့ရတယ်။
နေ့လည်မှာကြိမ်းမောင်းပြီး ညဖက်မှာ လေးဂွနဲ့လာပစ်သွားတယ်။”
ခုလို
ပြည်ခိုင်ဖြိုးပါတီဝင်က အန်အယ်လ်ဒီပါတီဝင်တွေ ခြိမ်းခြောက်ခံနေရတာကို
ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကြားက ဖြေရှင်းမပေးရဲတာကြောင့်
ကဝမြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထား တယ်လို့ သိရပါတယ်။
တိုင်း
ဒေသကြီးလွှတ်တော် ကဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း
ဦးမျိုးခိုင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးအေးဝင်းတို့ အဓိက
ယှဉ်ပြိုင်ရမှာပါ။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကတော့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊
မန္တလေးတိုင်းအတွင်းမှာ ရွေးကောက်ပွဲ မသမာမှုတွေကို
မဲစာရင်းကွာဟမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့ သတင်း
ထုတ်ပြန်ထားပါတယ်။
ဒီဗွီဘီ
ပဲခူးတိုင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်
Reviewed by သစ်ထူးလွင်
on
15:25
Rating:
5 comments:
ဒါပဲလေ--လူစိတ်မှမရှိတာ-- သည်းခံပါ ကိုဌေးရယ် တရားကိုနတ်စောင့်ပါတယ်။
အော်ဖွတ်ပါတီခေါင်းဆောင်တွေကြည့်လုပ်ဦးနော် ၊ စားဖို့ပဲစိတ်မကူးနဲ့၊ တော်ကြာ အရှူးပါတီလို့တွေထင်နေဦးမယ်။
နေ့ခင်းကြီးတောင် ဓါးကိုင်ပြီးကြီမ်းတယ်ဆိုတော့-----
အင်း စဉ်းစားစရာပါလား-----
ပညာတတ်တဲ့သူတွေ ဦးဆောင်နေတဲ့ အုပ်စုနဲ့ ပညာမတတ်တဲ့သူတွေ ဦးဆောင်နေ အုပ်စု က တော့ တော်တော်ကွာဟာပါ။ အဆင့်မရှိတာကို အသာမနေဘဲ အဆင့်မရှိကြောင်းထုပ်ပြောသွားတာပါ။
တောင်ငူမှာကတော့ ဒီလိုမဟုတ်ဘူး ယတြာချေ နေတယ် ဆယ်ကျောင်းသားတွေကို စာမေးပွဲကြေးပိုငွေဆိုပြီး ၂၇၁ ကျပ် ပြန်ပေးတယ်
အဲ့ဒါ ကြံ့ခိုင်ေ၇းက ယတြာ ချေနေတာတဲ့ ဂဏာန်းသုံးလုံးပေါင်းလိုက် ရင် ၁၀ ရတယ်..တစ်ဆယ် ဆိုတော့ ဆယ်မိတာပေါ့တဲ့...ငြေ်္ခင်္သေ ကြီးဆယ်မိ အောင်လို့
ပေါ့တဲ့...ဒေါ်ဝေေ၀သာ ကတော့ စည်းရုံးခရီးပြီးပြီးတဲ့ တရားစခန်းဝင်တော့မယ်
တဲ့....ကြံ့ဖွံ့တွေကြောက်နေပြီ..ဟီးဟီးဟီးးးး
ပဲခူးတိုင်း က၀မြို့နယ် ခနာရွာ ဆိုတာ ကျွန်တော်ရွာပါ ခုကျွန်တော် မလေးရှားရောက်နေလို့ ခုအချိန်အခြေနနေတွေကို မသိပေမဲ့ ကျွန်တော်ရှိစဉ်ကတော့ အောင်ကျော်ဦးဆိုတာ အရက်သမားပါ အင်းလေ ဒီလိုလူတွေဘဲ စဉ်းစားဥာဏ် အသိဥဏ်မရှိ နေရာလေးရမလား စားပေါက်လေးတွေ့မလာုးကံဖွတ်အရေခြုံ ပွဲလန့်တုန်းဖျာဝင်ခင်းကြမှာပေါ့လေ
အဆင့်အတန်းဆိုတာ အဲဒါပဲလေ ပါတီ၂ခုကို ယှဉ်ကြည့်လိုက်ပါ......ခေါင်းဆောင်မှုပေးနေသူတွေကိုယှဉ်ကြည့်လိုက်ပါ...ပါတီဝင်တွေကိုယှဉ်ကြည့်လိုက်ပါ....NLD ပါတီနဲ့ ကြံ့ဖွတ် ပါတီစည်းရုံ့းလှုပ်ရှားနေတဲ့ပုံစံတွေကိုယှဉ်ကြည့်လိုက်ပါ.......ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကို ယှဉ်ကြည့်လိုက်ပါ.......NLD ပါတီဝင်တွေက အခြားပါတီဝင်တွေကို ကိုယ် နှုတ် နှလုံး ၃ ပါးလုံးနဲ့ တိုက်ခိုက်နေပါသလား ??? အဲဒီအချက် အဲဒီအကြောင်းအ၇ာတွေကိုကြည့်ခြင်းအားဖြင့် အဆင့် အတန်း နဲ့ ဂုဏ် သိက္ခာ တွေဟာအ တော်လေး ကွာခြားနေတာတွေကို တွေ့ရပါလိမ့်မယ်....ဘယ်သူဟာ ဒေါင်းလဲ ဘယ်သူဟာ ကျီးလဲဆိုတာ .........။
Post a Comment