၁၆-၀၁-၂၀၁၂။
တနသာင်္ရီတိုင်းရုံးနဲ့ လောင်းလုံးမြိုနယ်ရုံးခန်းတွေအပြင် သရက်ချောင်းနဲ့
ရေဖြူမြိုနယ်က ရုံးခန်းတွေကိုလဲ ဦးလှမင်း တို့အဖွဲ့က
ဆက်တိုက်ဖွင့်ပေးခဲ့ကြောင်းသိရပါတယ်။ သရက်ချောင်းမြိုနယ်ရုံးခန်းကို
၁၅-ရက်နေ တနင်္ဂနွေ မနက် ၉-နာရီမှာဖွင့်ပေးခဲ့ပြီး
ရေဖြူမြိုနယ်ရုံးခန်းကိုတော့ ၁၆-ရက်နေ့ တနလ်ာမနက် ၉-နာရီမှာ ဖွင့်ပေးခဲ့တယ်
လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။
၁၄-ရက်နေ့က ကျင်းပခဲ့တဲ့ ထားဝယ်မြိုက တနသာင်္ရီတိုင်း NLD ရုံးဖွင့်ပွဲ
တနလာင်္နေ့က ကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲကို ပရိတ်သတ် ၂၀၀-ကျော်တက်ရောက်ပီး ဒေါ်အောင်ဆန်း စုကြည် ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ဒေသသို့ စည်းရုံးရေးခရီးထွက်လာဖို့ရှိတဲ့အကြောင်း ဥက္ကဌ ဦးလှမင်းက ထပ်မံအသိပေးပြောကြားခဲ့တယ်လို့ အခန်းနားကိုတက်ရောက်ခဲ့တဲ့ ပါတီဝင် လူငယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
၁၆-ရကက်နေ့ကကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲ
ထားဝယ်ဒေသဆီရောက်နေတဲ့ ဥက္ကဌ ဦးလှမင်း။ အတွင်ရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့အဖွဲ့ဟာ လာမဲ့ ရက်ပိုင်းအတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသာၤရီ။ ဘုတ်ပြင်းနဲ့ ကော့သောင်မြိုတွေဆီ ဆက်လက် ခရီးထွက်မယ်လို့သိရပါတယ်။
ထားဝယ်ဒေသဆီရောက်နေတဲ့ ဥက္ကဌ ဦးလှမင်း။ အတွင်ရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့အဖွဲ့ဟာ လာမဲ့ ရက်ပိုင်းအတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသာၤရီ။ ဘုတ်ပြင်းနဲ့ ကော့သောင်မြိုတွေဆီ ဆက်လက် ခရီးထွက်မယ်လို့သိရပါတယ်။
ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ၄၈-နေရာလွတ်လပ်နေပီး
အဲဒီထဲမှာ တနသာင်္ရီတိုင်းမှ လောင်းလုံးမြိုနယ်နဲ့ ကျွန်းစုမြိုနယ် ၂-နေရာပါဝင်ကြောင်းသိရပါတယ်။ ဒီ နေရာတွေမှာဘယ်သူတွေဝင်ပြိုင်မလဲဆိုတာကို NLD ဗဟိုမှ မကြာခင် ထုတ်ပြန်ကြေငြာမယ်လို့ ပါတီဝင်တွေဆီကနေသိရှိရပါတယ်။
ထက်အောင်ကျော်
ရေဖြူ နှင့် သရက်ချောင်းမှာ NLD ရုံးခန်းများဆက်ဖွင့်
Reviewed by သစ်ထူးလွင်
on
17:56
Rating:
No comments:
Post a Comment