အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို
ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးလိုက်ပြီလို့
အန်အယ်လ်ဒီက ပြောပါတယ်။
အန်အယ်လ်ဒီပါတီ
ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်တို့ဒီကနေ့ခွင့်ပြုချက်ရပါပြီ။
ဒီကနေ့ လက်မှတ်ထိုးပြီး ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ
ကျနော်သွားယူပါတယ်။ မှတ်ပုံတင်အမှတ် ၄၇ ပါ။ ကျနော်တို့က ဒါကို
စောင့်မျှော်နေတာပါ”လို့ ပြောပါတယ်။
ပါတီအနေနဲ့ လာမယ့် ဇန်နဝါရီ ၉ ရက်ကစလို့ တပြည်လုံးမှာ ဝင်ခွင့်လျှောက်လွှာ ပုံစံတွေပေးပြီး ပါတီဝင်အသစ်တွေ လက်ခံမယ်လို့ဆိုပါတယ်။
ပါတီအနေနဲ့ လာမယ့် ဇန်နဝါရီ ၉ ရက်ကစလို့ တပြည်လုံးမှာ ဝင်ခွင့်လျှောက်လွှာ ပုံစံတွေပေးပြီး ပါတီဝင်အသစ်တွေ လက်ခံမယ်လို့ဆိုပါတယ်။
NLD ပါတီဟာ
လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ
ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမာခံနယ်မြေ ဖြစ်တဲ့
နေပြည်တော် ၄နေရာ အပါအဝင် လစ်လပ် ၄၈ နေရာလုံးမှာ
ပါဝင်ယှဉ်ပြိုင်မယ်လို့ကြေညာထားပါတယ်။
ပြည်နယ်နဲ့
တိုင်းတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက
ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်
ကိုယ်စားလှယ်လောင်းတွေကိုလည်း ရွေးချယ်ဖို့
ကြိုတင်ပြင်ဆင်နေကြပါတယ်။
အန်အယ်လ်ဒီပါတီဟာ
ရွေးကောက်ပွဲ ဥပဒေတွေကို လက်မခံနိုင်လို့ ၂၀၁၀ ရွေးကောက်ပွဲ
မဝင်ပြိုင်ခဲ့ပေမယ့် အစိုးရက
ရွေးကောက်ပွဲဥပဒေတချို့ပြင်ဆင်လိုက်ပြီးနောက်မှာ
ပါတီတည်ထောင်ခွင့်နဲ့ပါတီမှတ်ပုံတင်ခွင့်တွေ ပြန်လည်
လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲတွေမှာ
ဝင်ပြိုင်ဖို့ပြင်ဆင်နေတာပါ။
ရွေးကောက်ပွဲ
စည်းရုံးမဲဆွယ်ရာမှာ အနီရောင်အောက်ခံမှာ ခွပ်ဒေါင်းနဲ့
ကြယ်ပုံပါပြီး အောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့
စာတန်းပါတဲ့ အလံနဲ့ အမှတ်တံဆိပ် သင်္ကေတကို အသုံးပြုသွားမယ်လို့
ကြေညာထားပါတယ်။
ပါတီ စာစောင်နဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဝေခွင့်ရဖို့တော့ စာပေစိစစ်ရေးမှာ လျှောက်ထားဆဲ ဖြစ်တယ်လို့သိရပါတယ်။
ပီတာအောင် (ဒီဗွီဘီ)
အန်အယ်လ်ဒီပါတီ တရားဝင် မှတ်ပုံတင်ခွင့်ပြုချက်ရပြီ
Reviewed by သစ်ထူးလွင်
on
16:53
Rating:
No comments:
Post a Comment