မီးလောင်ပေါက်ကွဲခဲ့သည့်နေရာအနီးမှ ယမ်းစိမ်းအိတ်၁၀အိတ်ထပ်မံတွေ့ရှိဟုဆို

မီးလောင်ပြီး ပေါက်ကွဲခဲ့သောကြောင့်ဖြစ်ပေါ်ခဲ့သော မေတ္တာမွန်ဂိုထောင်အမှတ် ၇၉ ရှိ ကျင်းအနီးမှ ယနေ့နံနက်ပိုင်းက ယမ်းစိမ်းအိတ် ၁၀အိတ်ကျော်ထပ်မံတူးဖော်တွေ့ရှိကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသင်းဌေးရွှေကပြောသည်။ ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် ရစ်ချက်တာစကေး ၂.၃ အင်အားရှိငလျင်အသေးစားတစ်ခုလှုပ်ခတ်သည်အထိပေါက်ကွဲအားပြင်းထန်ခဲ့သော ထိုပေါက်ကွဲမှု့တွင် ယမ်းစိမ်းအိတ်များကျန်ရှိပြီး မပေါက်ကွဲခြင်းမှာ အံ့သြစရာကောင်းကြောင်း ဓာတုဗေဒပညာရှင်တစ်ဦးကမှတ်ချက်ပေးသည်။
ထို့အပြင် ဓာတုပစ္စည်းများထည့်ထားသော တိုင်ကီများကိုလည်းထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။ထို့ကြောင့် စီအိုင်ဒီ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးနေကြသည်ဟုဆိုသည်။
by 7Day News Journal
မီးလောင်ပေါက်ကွဲခဲ့သည့်နေရာအနီးမှ ယမ်းစိမ်းအိတ်၁၀အိတ်ထပ်မံတွေ့ရှိဟုဆို မီးလောင်ပေါက်ကွဲခဲ့သည့်နေရာအနီးမှ ယမ်းစိမ်းအိတ်၁၀အိတ်ထပ်မံတွေ့ရှိဟုဆို Reviewed by သစ်ထူးလွင် on 19:14 Rating: 5

No comments:

Powered by Blogger.