မကွေးတိုင်းဒေသကြီးမကွေးနှင့် မင်းဘူးခရိုင်အတွင်းရှိမြို့နယ်များတွင်
မိုးများ၍ ပဲစင်းငုံအထွက် နှုန်းလျော့ကျပြီး ရာသီပေါ်ဈေးအေးခဲ့သောကြောင့်
ဒေသခံတောင်သူများ အရှုံးပေါ်ခဲ့ကြောင်း သိရှိရသည်။
ပဲစင်းငုံမှာ မြေဆီစုပ်ယူမှုအား ကောင်းသောကြောင့် ယခင်ကသီးညှပ်အဖြစ်သာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုနှစ်ပိုင်းတွင် ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသောကြောင့် အခင်းလိုက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ယခုနှစ်တွင် မိုးများ၍ အမြစ် ပိုးဝင်မှုများကြောင့် ပဲစင်းငုံပင်များ ခြောက်သွေ့သေဆုံးမှုရှိခဲ့ပြီး စလင်းမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ ချင်းတောင်ကြောများတွင် အခင်းလိုက်သေဆုံးမှုများ ဖြစ်ပေါ်သည်အထိ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
''ပဲစင်းငုံဈေးက ရာသီပေါ်စမှာ တစ်တင်းကို ကျပ် ၁၄၀၀၀ နှုန်းရှိခဲ့ပြီး ကျပ် ၁၆၀၀၀ အထိသာအမြင့် ဆုံးပြန်တက်ခဲ့ပြီး အခုအချိန်မှာ ကျပ် ၁၅၀၀၀ ဈေးရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဓာတ်မြေသြဇာဖိုး၊ သယ်ယူစရိတ်စတာတွေက မြင့်တက်လာပေမယ့် တောင်သူတွေရဲ့ ရောင်းကုန်တွေက ဈေးမရတော့ တောင်သူတွေ နာလန်မထူနိုင်ဖြစ်နေရတာပေါ့''ဟု မကွေးမြို့မှ ပဲစင်းငုံ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယခုနှစ် ပဲစင်းငုံထွက်အားမှာ ယခင်နှစ်ကထက် တစ်ဝက်ခန့်အထိ လျော့ကျခဲ့ကြောင်း၊ မင်းဘူးခရိုင်အတွင်းမှ ပဲစင်းငုံများမှာ မကွေးဈေးကွက်သို့ အဓိက ၀င်ရောက်လေ့ရှိပြီး မကွေးမှ ရန်ကုန်သို့ အဓိကတင်ပို့ လေ့ရှိကြောင်းနှင့် တန်ပိုသတ်မှတ်ပြီး နောက်ပိုင်းတန်ဆာခ ထက်ဝက်ခန့် မြင့်တက်လာသောကြောင့် ရေကြောင်းမှ တင်ပို့မှုများရှိလာကြောင်း သိရှိရသည်။
EMG

မကွေးနှင့် မင်းဘူးခရိုင်အတွင်း ပဲစင်းငုံအထွက်နှုန်း လျော့၍ ဈေးအေးခဲ့သောကြောင့် တောင်သူများအရှုံးပေါ်
Reviewed by သစ်ထူးလွင်
on
17:33
Rating:
1 comment:
ဘယ်သူ့ကိုမှအပြစ်မတင်ချင်တော့ပါဘူး
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကထိပ်တန်း
ဒီအိုထုတ်ရောင်းကြတဲ့ကိုရွှေကုန်သည်ကြီးတို့ခင်ဗျား။
ဘုရားရှင်ဟောထားခဲ့တဲ့ဖြစ်ပြီးရင်ပျက်တယ်ဆိုတဲ့တရား
မကွယ်သေးပါဘူး။
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။
Post a Comment