ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ )
ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ )
Reviewed by သစ်ထူးလွင်
on
20:23
Rating:
26 comments:
သတ္တိရှိတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် မိုက်ရူးရဲတော့ မဆန်ကြပါနဲ့။ အခြေအနေ အချိန်အခါကို ကြည့်ပါ သိပါ။ အနာမခံဘဲနဲ့လဲ အသာမစံကြပါနဲ့။
သိပ်အားကျတယ် သုမနကျောကဒဏ်ရာတွေကိုဝတ်မှုန်ကူးတဲ့အဖွဲ့ 
အမေ့ကိုလဲ သွားတွေ့ စေချင်ပါတယ် နောင်တော်ကြီးတို့ ရယ်...
အမေ့ကို အရင်မတွေ့ ပဲ..တချိန်ကအိမ်ရှင်တို့ လို့ တံခါးခေါက်ပြီး ဖမ်းခိုင်းတတ်တဲ့ အဘ(ကျားနာ) ကိုတော့ အရင်သွားမတွေ့ စေချင်ဘူး နောင်တော်ကြီးတို့ ခင်ဗျား...
အမေ့ ကို သွားတွေ့ လိုက်ကြပါအုံး..
အမေ့ဆီ သွားဖြစ်အောင် သွားကြပါ....
လုပ်သင့် လုပ်ထိုက်တာကိုတော့.. လုပ် ကြရမှာဘဲ နေရာတကာမှာ ခေါင်းငုံ့တော့ မခံသင့်ဘူး..အများအကျိုးအတွက်တော့ ဒိမိုကရေစိနည်းလမ်းအရတော့တိုက်ပွဲဝင်ကိုဝင် ရမယ်..။
ဒီကိစ္စနဲ့ပါတ်သက်ပြီး အမေစု နှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်စေချက်ပါတယ်။
ဘာသာရေားကိစ္စ ဆိုတာ နက်နဲပါတယ် ကိုယ့်ဘက်ကပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်
ထားဘို့ တိုက်တွန်းချင်ပါတယ်။
မောင်မင်းကိုနိုင်စတဲ့ ကျောင်းသားခေါင်းဆောင်၊ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေကို ဘုန်းဘုန်း ပြောချင်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ အထူးသဖြင့် ဗုဒ္ဓဘာသာပေါ့ကွာ ရည်မှန်းချက်ချင်း လုံးဝဥဿုံ မတူပါဘူ။ ဒါကြောင့် ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ ဘာသာရေးနယ်ပယ်မှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ အခု ရွှေည၀ါကိစ္စဆိုတာ တကယ်တော့ ဘာသာရေးကိစ္စ၊ သံဃာ့ကိစ္စပါကွာ။ နိုင်ငံရေး မဟုတ်ပါဘူး။ မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောလို့ ဆိုတာက စကားကျဉ်းအောင် ခေါင်းစဉ်တပ်တာပါ။ အဲဒါက အဓိက မဟုတ်ဘူး။ ဟောထားတဲ့တရားဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ၀ိနယနဲ့ ဘယ်လောက်သွေဖီနေသလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်ကွာ။ ဘုန်းဘုန်း ဒီလိုပြောတာ အလွတ်မဲ့ ပြောတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းက ရွှေည၀ါဆရာတော်ဟောတဲ့ “မတရားမလုပ်ကြနဲ့”တို့ “ငါးပါးမှောက်သွားမယ်”တို့ “စုံနံ့သာမြိုင်ဟောပြောပွဲ” တို့ စတဲ့ စတဲ့ တရားခွေတွေကို နားထောင်ပြီးမှ ပြောတာပါ။ အဲဒီမှာ အားနည်းချက်တွေ ရှိနေတယ်။ နိုင်ငံရေးကို မဆိုလိုပါဘူး။ ဘာသာရေးအရ မပြောအပ်တာတွေ ပြောထားတာမျိုးတွေ ရှိနေတယ်။ ရွှေည၀ါတစ်ပါးတည်း မဟုတ်ပါဘူးကွာ။ တခြားဓမ္မကထိကဆရာတော်တွေမှာလဲ အဒီလိုမျိုး အမှားအယွင်းတွေ ရှိနေတဲ့အတွက် မဟနအဖွဲ့ဆရာတော်ကြီးများက တရားဟောခွင့် တစ်နှစ်ပိတ်တယ်ဆိုတာမျိုးကို လုပ်ရပါတယ်။ အမှားအယွင်းတွေကို ဖြန့်ဖြူးရာရောက်နေလို့ ပိတ်ရတာပါ။ နိုင်ငံရေးကြောင့်တော့ မဟုတ်ပါဘူး။ ဒါကို ရွှေည၀ါဆရာတော်က အပြည့်အ၀ မလိုက်နာခဲ့ဘူး။ နောက်ပြီး သူနေတဲ့ ကျောင်းကလဲ သူပိုင်ကျောင်းမဟုတ်ဘူး။ သာသနာရေးဋ္ဌာနက ပိုင်တဲ့ကျောင်း၊ ပြောရရင် အစိုးရပိုင်ကျောင်းဖြစ်နေတယ်။ ပြဿနာဖြစ်လို့ အစိုးရက သိမ်းထားတာ။ မဟနနဲ့ ဘာမှ မဆိုင်ဘူး။ ဒီတော့ အစိုးရပိုင်ကျောင်းမှာ နေပြီး မဟနဆရာတော်ကြီးများရဲ့ အဆုံးအမကိုလဲ အပြည့်အ၀ မလိုက်နာတဲ့အတွက် ဆရာတော်ကြီးများအနေနဲ့ ထိုက်သင့်သလို အရေးယူရတယ်။ တကယ်တော့ ဆရာတော်ကြီးတွေက အလွန်သက်ညှာပါတယ်။ ဘယ်နေ့ ထွက်သွားရမယ်ဆိုတာမျိုး မလုပ်ပါဘူး။ ရွှေည၀ါကို ထွက်သွားစေလိုတဲ့ ဆန္ဒမျိုးလဲ မရှိပါဘူး။ တတ်နိုင်သမျှ ရွှေည၀ါဆရာတော် အပြောအဆိုတွေ ဆင်ခြင်လာမလား-ဆိုပြီး ညွှန်ကြားချက်တွေ ထုတ်တယ်လို့ ယူဆနိုင်ပါတယ်။ အာရ်အက်ဖ်အေ က တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်ကို ဆက်သွယ်မေးမြန်တဲ့အခါမှာလဲ ဥက္ကဋ္ဌဆရာတော်က အရေးမယူပါဘူး၊ မဟနဆရာတော်ကြီးများက သိလိုရာကို မေးမြန်းခိုင်းလို့ မေးမလို့ပါ-လို့ ပြောပါတယ်ကွာ။ ဒါကို ရွှေည၀ါဆရာတော်က မီဒီယာတွေ အသုံးချပြီး ဆရာတော်ကြီးတွေကပဲ မတရားလုပ်နေသလို သူ့ကိုပဲ လူချွတ်တော့မှာ လိုလိုနဲ့ မမှန်မကန် ပြောဆိုတာပါ။ ဒါက ဖြစ်စဉ် အကျဉ်းပါ။ ပြောလိုတာက မောင်ရင်တို့တတွေ မီဒီယာတွေအပါအ၀င်ပေါ့ကွာ။ သံဃာ့အဖွဲ့အစည်း အမည်တောင် မှန်အောင် မပြောနိုင်( တိုင်းသံဃနာယကကို တိုင်းသံဃမဟာနာယကလို့ ပြောတာမျိုး)သေးဘူးဆိုတော့ ဒီသံဃာ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ၊ ၀ိနည်းတရားတော်တွေဆိုတာကို သိဖို့ တော်တော်လေ့လာကြရဦးမှာပါ။ ဒီလို ကိုယ့်ဘက်က ဘာမှ ကျကျနန မလေ့လာရသေးတဲ့အချိန်မျိုးမှာ ရွှေည၀ါဆရာတော်ကို ၀ိုင်းထောက်ခံပြီး ဆရာတော်ကြီးတွေအပေါ် အမြင်တစ်မျိုး ဖြစ်နေတာ ဘုန်းဘုန်း တော်တော် စိတ်မကောင်းပါဘူး။
ဘုန်းဘုန်းဖြစ်စေချင်တာက ခုလိုကိစ္စမျိုးမှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ ရွှေည၀ါ အခုနေတဲ့ ကျောင်းက ထွက်ပေးရတယ် ဆိုရင်တောင် မောင်ရင်တို့ ၀င်မပါသင့်ဘူး။ အေး မောင်ရင်တို့ လုပ်ပေးရမှာက မောင်ရင်တို့ဆရာတော် အနေအထိုင် မဆင်းရဲရအောင် နေရေးထိုင်ရေးအတွက် စီစဉ်ပေးသင့်တယ်။ တခြား ဆွမ်းကွမ်းကိစ္စတွေ၊ သူလုပ်နေတဲ့ ပညာရေးလုပ်ငန်းတွေ အဆင်ပြေအောင် အကူအညီပေးပေါ့ကွာ။ မောင်ရင်တို့ ပြောရမှာက အခုလိုမျိုး ဆရာတော်ကြီးတွေအပေါ် အမြင်စောင်းသွားစေနိုင်တဲ့ အပြောမျိုးတွေ မပြောဘဲနဲ့ “ဒါဟာ သံဃာ့ကိစ္စ သံဃာဆောင်ရွက်တာ ဖြစ်တယ်၊ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ ထောက်ပံလှူဒါန်ဖို့သာ ဖြစ်ပါတယ်” ဆိုတာမျိုးလောက်ပဲ ပြောသင့်ပါတယ်ကွာ။
မောင်ရင်တို့ကို ဘုန်းဘုန်း အခုလို သတိပေးပြောဆိုတာ မောင်ရင်တို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားထားနေလို့ ပြောတာ။ ၀င်မစွက်သင့်တဲ့ ကိစ္စမှာ ၀င်စွက်မိလို့ မြင်းကောင်းခွာလိပ် ဖြစ်သွားမှာကို ဘုန်းဘုန်း သိပ်ပြီးစိုးရိမ်တယ်။ ဘုန်းဘုန်းဘ၀မှာ ၀မ်းသာလွန်းလို့ ကျတဲ့ မျက်ရည်ဆိုတာ မောင်ရင်တို့ ပြန်လွတ်လာတဲ့နေ့က ကျတဲ့ မျက်ရည်ပဲ ရှိတယ်။ ဒီတော့ ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ သံဃာ့ကိစ္စမှာ ၀င်မစွက်ကြပါနဲ့၊ ၀င်စွက်ချင်သပဆိုရင်လဲ မဟနအဖွဲ့က ဆရာတော်ကြီးတွေအကြောင်း၊ သံဃာ့အဖွဲ့အစည်းတွေအကြောင်း ကျကျနန နီးနီးကပ်ကပ်လေ့လာပြီးမှ ၀င်စွက်ကြပါလို့ မောင်ရင်တို့ကို ဘုန်းဘုန်းမေတ္တာရပ်ခံပါရစေ။
တရားဥပဒေစိုးမိုးရေးမရှိတဲ့ခေတ်မှာနိုင်ငံရေးတရားဟော်သင့်ပါတယ်။
ဘုန်းဘုန်းပြောတာတရားနည်းလမ်းကျပါတယ်
ဘုန်းဘုန်းပြောတာ မှန်ပါတယ်. နည်းလမ်းကျပါတယ်. ဘာသာရေးက ဘာသာရေး သတ်သတ်ပါ. ဘာသာရေးကို နိုင်ငံရေးနဲ့ မရောယှက်သင့်ပါ...
ကျနော်ကတော့ ဒီကိစ္စတွေကို ဂဂနန မသိပါဘူး ။ ဒါပေမဲ့ ဘုန်းဘုန်း ပြောတာက အကျိုးအကြောင်းဆီလျှော်တယ်လို့ ထင်ပါတယ် ။ ကိုမင်းကိုနိုင် လို လူထုက ထောက်ခံအားပေး နေတဲ့ ကျောင်းသားခေါင်း ဆောင် တစ်ယောက်အနေ နဲ့ ကိစ္စတိုင်းရဲ့ အတိမ်အနက် အဖြစ်မှန်ကို သေချာလေ့လာ စမ်းစစ် ပြီးမှ ပါဝင်လိမ့်မယ် လို့မျှော်လင့်ပါတယ်။
ဘုန်းဘုန်း ပြောတာ လက်ခံ ပါကြောင်း ထောက်ခံ တင်ပြပါသည်။
I accept Ko Min Ko Naing and group.They are totally honest.Politic , religion and social all are related.
I accept Ko Min Ko Naing and group.They are totally honest.Politic , religion and social all are related.
ဘာပဲ ဖြစ်ဖြစ် အမေ့ ကိုတော့သွားတွေ့ ကြပါအုံး...
နိုင်ငံရေး နဲ့ ဘာသာရေး မရောရဘူးဆိုရင် နိုင်ငံတော်လူကြီးတွေ ဘုရားတက် ၊ ကျောင်းဆောက်ပြီး အလှူလုပ်တာကို သတင်းစားထဲထည့်ပြီး နိုင်ငံရေး အမြတ်ထုတ်ပြတာကိုတော့ ဘယ်လိုပြောကျမလဲ ရွှေဝါရောင်တော်လှန်ရေးကာလက သံဃာတော်တွေ နှိမ်နင်းသတ်ဖြတ်ခံရချိန်မှာ မဟနကဘာလုပ်နေလဲ ။
စစ်အစိုးရလက်ထက် အဆက်ဆက် လက်ကိုင်တုတ်လုပ်နေတာ ပြည်သူတစ်ရပ်လုံးသိပြီးသား ။
မြတ်စွာဘုရားကိုယ်တော်တောင် ပြည်သူပြည်သားတွေ ဒုက်ခရောက်မှာဆိုရင် မဟာဂရုဏာတော်နဲ့ ၀င်ရောက်ခဲ့သေးတာကို ကျမ်းဂန်တွေလေ့လာရင် သိနိုင်တာပဲ ။
စစ်တပ်နှင့် အစိုးရလုပ်လျှင် အမျိုးသားနိုင်ငံရေး ၊ ပြည်သူတွေလုပ်လျှင် ပါတီနိုင်ငံရေး ဆိုတာတွေလက်မခံဘူး ၊ ဘုန်းကြီးလုပ်ပြီး မီဒီယာကို ဆရာသွားမလုပ်နဲ့ အစိုးရနဲ့ပေါင်း သံဃာတော်နှင့် ပြည်သူလူထုတွေ သွေးမျက်ရည်ကျပြီး ကားတွေ ၊ တီဗွီတွေ ၊ ဟန်းဖုန်းတွေ ၊ စလောင်းတွေ ရထားတာတွေဟာ ၀ိနည်းတော်နှင့် ညီရဲ့လား ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်အုံး
ဘုန်းဘုန်းသိရန်၊ ကျောင်းသားခေါင်းဆောင်တွေကရွှေည၀ါဆရာတော်
အကောင်းလုပ်လို့ဂါရ၀ပြုဒါ၊သံဃာအစစ်မဖြစ်မှီဘုန်းကြီး
ကလူကိုမှီရတော့လူ့ကောင်းကျိုးပါဖို့လိုဒါပေါ့ အုပ်ချုပ်တဲ့မင်းမကောင်းလို့
မင်းနဲ့မူမကောင်းတာမြှားနောက်လိုက်ရင်မပြီးနှိင်ပါမြှားပစ်သူမင်းရုတ်ကိုရှင်း
ဖို့ညီနောင်ကျောင်းသားတွေဘယ်သူ့ကိုမှမပြစ်မှားဘူး၊အားမွှေးနေကြတာ၊
အကောင်းမြင်အားပေးလိုက်ကြစို့။
ဘုန်းဘုန်းပြောတာကို ထောက်ခံပါတယ်..။ ဖြစ်လဲဖြစ်သင့်ပါတယ်..။ နိုင်ငံရေးဆိုတာ လိုအပ်တဲ့ အချိန်မှာပဲ ဝင်ကူသင့်တာပါ..။ ဒါပေမဲ့ ဗုဒ္ဒ တရားတော်ကိုတော့ လိုက်နာရမှာပါ..။ အခုလို ပြောပြရှင်းပြပေးတဲ့ ဘုန်းဘုန်းကို ကျေးဇူးတင်ပါတယ်..။
နားလည်သလောက်တော့ အကြံပြုပါရစေ၊ စကားလုံးတွေထဲမှာ နှလုံးသားပါဘို့ အရေးကြီးပါတယ်။ အခုကိစ္စကွင်းဆက်ကို ကျနော်တို့တတွေ ကောင်းကောင်း မသိပါဘူး သူ့ချိတ်နဲ့သူရှိပါလိမ့်မယ်။ NLD ကြောင့် ရွှေည၀ါဒုက္ခရောက်တာ မကောင်းသလို၊ ရွှေည၀ါဆရာတော်ကြောင့် NLD ရွေးကောက်ပွဲလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်မှာလဲ မကောင်းဘူး။ ဒါဆိုတော့ ကျနော်တို့ ပရိသတ်တွေ(သံဃာ၊ ကျောင်းသား၊ ပြည်သူ) အခြေအနေတရပ်ကို စောင့်ကြည့်ဘို့လိုတယ်။ ရောကော သောကော မလောပါနဲ့။ အချိန်က ဖြစ်သင့်တာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဆိုလိုတာက ရွှေည၀ါနှင့် မဟန၊ သာသနာရေးဋ္ဌာနနှင့် ရွှေည၀ါဆရာတော်တို့ကြား ကျနော်တို့ မသိနိုင်တဲ့ ဂွင်းဆက်ရှိပါလိမ့်မယ်။ ကျနော်လဲ ရိသဲ့သဲ့တော့ ကြားနေရတယ်။ ဒါကြောင့် အခြေအနေမှန်ကို စောင့်ကြည့်ကြပါစို့လို့ တိုက်တွန်းပါရစေ။
ပြန်လွတ် ကတည်းက အမေ့ဆီမသွားကြသေးဘူး...........
First
We must continue to fight for other our political prisoner's release from prisons in Burma.
by Former prisoners in Australia.
သူတို့က အမေစုနဲ့သဘောထားချင်းမတိုက်ဆိုင်တာလားဘာဆိုလား
ကြားမိသလိုလိုတော့ရှိတယ်..
အေးဗျာ ကိုမောင်ရစ် ...ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ...ဟိုး ဗိုလ်ချုပ်တို့ လက်ထက်ကစလို့  ...ကျောင်းသားတွေဆိုတာ လူထု မိဘတွေကမွေးဖွားလာကြတာပါ....လူထု ရင်ထဲမှာ အမေ ရှိနေတယ်လေ...အခုချိန်ထိ သွားမတွေ့ သေးတဲ့ အပေါ် မိဘလူထုက သို့ လော သို့ လောနဲ့ ...မိဘလူထုရဲ့  စိတ်ကတော့ ရိုးရှင်းတဲ့သဘောထားတစ်ခုပဲ ရှိတာပါ.....မိဘလူထုရဲ့  စိတ်ကို အရင်းခံပြီးလုပ်ကြပါ...မိဘလူထု စိတ်ထဲမှာ တွေးထင်မိလာတဲ့ မာန်တက်သလို မဖြစ်ကြပါစေနဲ့ လို့ ပဲ ...စေတနာစကားပြောပါရစေလား............(အမေ့ကို သွားတွေ့ ကြပါအုံး.....)
ဘုန်းဘုန်းပြောတာ သဘာဝကျပါတယ်။ အခြေအနေအရပ်ရပ်ကို ပြန်သုံးသပ်ပါအုံး။ အမှန်တရားဆိုတာ မှန် နေရင် တရားပါတယ်။ ပြည်သူလေးစားရတဲ့ ကျောင်းသားများ သတ်တိတွေ အလွဲအသုံးမချမိစေဘို့ တိုက်တွန်းပါတယ်။
Post a Comment