ရန်ကုန်တွင် စည်ပင်က ဆိုက်ကား​ဖမ်း​သဖြင့်​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်

ရန်ကုန်တိုင်း ​ ဗိုလ်တ​ထောင်မြို့​နယ်မှာ အ​နှေး​ယာဉ်ဆိုက်ကား​သမား​တချို့​နဲ့​ စည်ပင်သာယာရဲ​တွေအကြား​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်ပွား​ပြီး​ ဆိုက်ကား​သမား​တွေကို ဖမ်း​ဆီး​သွား​တယ်လို့​ မျက်မြင်တဦး​က ​ပြောပါတယ်။
ရန်ကုန်မြို့ တနေရာတွင် ခရီးသည်စောင့်နေသော ဆိုက်ကားသမားများ (ဓာတ်ပုံ - ရိုက်တာ)
“ရန်ကုန် ဗိုလ်တ​ထောင်က ဝန်ကြီး​များ​ရုံး​ရဲ့​ လမ်း​ထောင့်​မှာ ရန်ကုန်မြို့​စည်ပင်က လမ်း​ပေါ်မှာ ​ပြေး​ဆွဲ​နေတဲ့​ ဆိုက်ကား​တွေကို အတင်း​အဓမ္မသိမ်း​ဆည်း​တဲ့​အခါကျ​တော့​ ပြည်သူလူထုက လက်မခံဘူး​။ လက်မခံတဲ့​အခါကျ​တော့​ စည်ပင်ရဲ​တွေနဲ့​ ဆိုက်ကား​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ဘေး​ကလူ​တွေနဲ့​ ရိုက်ကြပုတ်ကြဖြစ်တယ်ဗျာ။ လူ​တွေလည်း​ ဖမ်း​သွား​တယ်။ ဆိုက်ကား​ အစီး​နှစ်ဆယ်​လောက် ဖမ်း​သွား​တယ်။”
ဒီနှစ်ဆန်း​ ကစပြီး​ ရန်ကုန်မြို့​တွင်း​ အ​နှေး​ယာဉ် ဆိုက်ကား​နင်း​ခွင့်​ ပိတ်ပင်သလို လူကူး​မျဉ်း​ကြား​က မကူး​ရင် ​ငွေဒဏ်သတ်မှတ်ပြီး​ စည်ပင်သာယာက ကိုင်တွယ်​နေတာပါ။ လက်လုပ်လက်စား​ ဆိုက်ကား​သမား​တွေက ညွှန်ကြား​ချက် ရုတ်တရက်ထွက်လာတဲ့​အခါ တခြား​အလုပ်အကိုင် အဆင်မ​ပြေတာ​ကြောင့်​ ဆိုက်ကား​ဆက်နင်း​တာလို့​ ဆိုပါတယ်။
စည်ပင်သာယာရဲကလည်း ​ တာဝန်အရဆိုပြီး​ ဖမ်း​ဆီး​တဲ့​အခါ အရပ်သား​တွေကပါ ဆိုက်ကား​သမား​တွေဘက်က ရပ်တည်​ပြောဆိုလာကြပြီး​ ရဲ​တွေပါ ဝင်​ရောက်ထိန်း​သိမ်း​ရတဲ့​ အ​ခြေအ​နေ ​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။

အေးနိုင် (ဒီဗွီဘီ)
ရန်ကုန်တွင် စည်ပင်က ဆိုက်ကား​ဖမ်း​သဖြင့်​ ရုန်း​ရင်း​ဆန်ခတ်ဖြစ် ရန်ကုန်တွင် စည်ပင်က ဆိုက်ကား​ဖမ်း​သဖြင့်​ ရုန်း​ရင်း​ဆန်ခတ်ဖြစ် Reviewed by သစ်ထူးလွင် on 17:03 Rating: 5

No comments:

Powered by Blogger.