ရာစုနှစ်တဝက်
ကျော်ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့
အဆင့်မြင့်သံတမန်တဦးအဖြစ် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်
ဒီကနေ့မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
ဝီလျံဟိတ်ဟာ
ဒီနေ့ မနက်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြား
ရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်အပါအဝင်
အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ တယ်လို့
ဗြိတိန်သံရုံးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ အေဂျင်စီ
သတင်းတွေမှာ ဖော်ပြပါတယ်။
ဗြိတိန်ဝန်ကြီး
ဟာ သူ့ရဲ့ ၂ ရက်တာခရီးစဉ်အတွင်း ရန်ကုန်မှာ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ဝီလျံဟိတ်ဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန် မနက် ၁၀ နာရီလောက်မှာ
တွေ့ဆုံဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
လက်ရှိမြန်မာအစိုး
ရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို
အားပေးတဲ့နေနဲ့ သွားရောက်တာလို့
ခရီးစဉ်နဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ ဝီလျံဟိတ်ရဲ့ကြေညာချက်မှာ
ရေးသားထားပါတယ်။
ဒါ့အပြင်
ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ဆက်လွှတ်ပေးဖို့၊ လွတ်လပ်
တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲကျင်းပဖို့၊
ပဋိပက္ခဖြစ်ပွားရာနေရာကို လူသားချင်းစာနာမှု အကူအညီတွေ
ပေးခွင့်ပြုဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ယုံကြည်ရအောင် လုပ်ဆောင်ဖို့ ကိစ္စတွေ မြန်မာအစိုးရကို
တောင်းဆိုမယ်လို့ဆိုပါတယ်။
ခရီး
စဉ်အတွင်း မြန်မာနိုင်ငံအပေါ် ဗြိတိန်နိုင်ငံရဲ့ လူသားချင်းစာနာ
ထောက်ပံမယ့် အကူအညီတွေပေးမယ့်အကြောင်း ထုတ်ပြန်ကြေညာဖွယ်
ရှိနေပါတယ်။
ဗြိတိန်နိုင်ငံဟာ
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေတွေအတွက် ၃
နှစ်စာ အမေရိ ကန်ဒေါ်လာ ၂၈၉ သန်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၁၈၅
သန်းကို ပေးအပ်မယ်လို့ကတိပြုထားပါတယ်။
ဗြိတိန်နိုင်ငံဟာ
အမေရိကန်နဲ့အတူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု တွေနဲ့
အထီးကျန်ဖြစ်အောင် သံတမန်ရေး အဆက်ဆံ သိပ်မလုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်က
မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးသွားရောက်တဲ့
အမေရိကန်အဆင့်မြင့်သံတမန်တဦးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။
၁၉၅၅ ခုနှစ်က
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီအီဒန်ဟာ မြန်မာနိုင်ငံကို
နောက်ဆုံး သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။
ပီတာအောင် (ဒီဗွီဘီ)
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိ
Reviewed by သစ်ထူးလွင်
on
17:02
Rating:
No comments:
Post a Comment