အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ်
အတွင်းရေးမှူးဟောင်း ဒေါ်မြင့်မြင့်အေးဟာ လာမယ့်
ကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့
ပြောပါတယ်။
မိတ္ထီလာမြို့
နယ် အဖွဲ့ချုပ်ဝင်တွေကတော့ သူ့ကို အန်အယ်လ်ဒီလှုပ်ရှားမှု
တလျှောက်လုံး လုပ်လာတဲ့အပေါ် ရွေးကောက်ပွဲ ဝင်စေချင်တယ်လို့
ဆန္ဒပြုတာကြောင့် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ဖို့ ဆုံးဖြတ်တာလို့
ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“မိတ္ထီလာမြို့
နယ်အတွက် ဗိုလ်ကြီးဝင်းထိန်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရားဝင်
ဝင်လိုက်တဲ့အခါမှာ ဒီအောက်ခြေမှာ တကယ် တရားဝင်လုပ်နေတာက
မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပူးတွဲပြီးတော့ လုပ်နေတဲ့
စည်းတွေချည်းပဲ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ အကုန်လုံးနဲ့
လုပ်နေတဲ့ လူတွေက လက်မခံနိုင်ကြဘူးပေါ့။
“ဘာလို့လဲဆို
တော့ သာစည်မှာ ရှိတဲ့ပွဲဖြစ်စေ နိုင်ငံရေးအခမ်းအနားတွေ
အားလုံးကို ကျမတို့ကပဲ ဦးဆောင်ပြီး လုပ်ပေးတဲ့အခါမှာ
အောက်ခြေလူနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကျမတို့ တလျှောက်လုံး
လုပ်ပေးနေတဲ့ အခါမှာ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာခရိုင်ရဲ့ ကိစ္စကို
ဒေါ်မြင့်မြင့်အေးကသာလျှင် ဦးဆောင်လုပ်ပေးနိုင်မယ်လို့ သူတို့က
ယုံကြည်ပြီးတော့ ၁၉ ရက် နဲ့ ၂၀ အစည်းအဝေးခေါ်ပြီး ၂၁ ရက်နေ့မှာ
ရန်ကုန် ဗဟိုရုံးချုပ်အထိတောင် သွားပြီးတော့ လက်မှတ်ပေါင်း ၄၀၀၀
နီးပါးနဲ့ လကုန်ပြီး ၁ ရက်နေ့မှာ စာတင်ခဲ့တယ်ပေါ့။
လူထုသဘောထားနဲ့။
“အဲဒီ
အချိန်မှာ ဗဟိုကလည်းပဲ ၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့
ဆိုပြီး အောက်ခြေသဘောထား တင်ပြတဲ့ တဦးချင်းစီ တင်ပါဆိုတဲ့အခါမှာ
၁၁ ရက်နေ့ ဗဟိုကချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်
မြို့နယ်အဆင့်ရော၊ ခရိုင်အဆင့်ရော ဒေါ်မြင့်မြင့်အေးကို
အဆိုပြုပါတယ်ဆိုတာ စာကို တရားဝင် ပို့ခဲ့တယ်။ သို့သော်လည်းပဲ ၁၂
ရက်နေ့မှာ ဗိုလ်ကြီးဝင်းထိန်ကိုပဲ ချပေးတယ်ဆိုတာ
ပေါ်ပေါက်လာတဲ့အခါမှာ ကျမက အောက်ခြေ ပြည်သူလူထုရဲ့ သဘောဆန္ဒကို
လိုက်လျောတဲ့အနေနဲ့ လူထုရဲ့သဘောထားကို မလွန်ဆန်နိုင်ဘဲနဲ့ ကျမ
ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ တသီးပုဂ္ဂလ ဖြစ်သွားမယ်ဆိုလည်း
ဝင်မယ်ဆိုတဲ့ သဘောပါ။”
သူ့အနေနဲ့ အန်အယ်လ်ဒီကထွက်ပြီး ရွေးကောက်ပွဲဝင်တယ်လို့ မယူဆဘူးလို့လည်း ဆိုပါတယ်။
“ဘာလို့လဲ
ဆိုတော့ အန်အယ်လ်ဒီ ဟာ ကျမတို့ ပါတီဝင် လူအားလုံးနဲ့ သက်ဆိုင်တဲ့
ကိစ္စလေ။ အန်အယ်လ်ဒီ ကို အစအဆုံး ပြန်ပြီး လျှောက်လွှာတင်ဆိုတာကလည်းပဲ
အခုအချိန်အခါမှာ ရွေးကောက်ပွဲ ကိစ္စက အရေးကြီးနေသေးတယ်။
ဘာလို့လဲဆိုတော့ အထက်က ချပေးလိုက်တဲ့ လူထက် ပြည်သူလူထုရဲ့
တောင်းဆိုမှုနောက်ကို မမှိတ်မသုန် လိုက်ရတဲ့ သဘောနဲ့ ကျမတို့က
ရွေးကောက်ပွဲ ဝင်ရတာပါ။”
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ လာမယ့်
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း
စာရင်းမှာ အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က မိတ္ထီလာမြို့နယ်မှာ
ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်မြင့်မြင့်အေးက
တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ်ဆိုရင်တော့ ဦးဝင်းထိန်နဲ့
ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တသီးပုဂ္ဂလ
ဝင်ပြိုင်မှာ ဖြစ်ပေမယ့် အန်အယ်လ်ဒီရဲ့ မူဝါဒအတိုင်းသာ ဆက်လက်
ရပ်တည်မှာ ဖြစ်သလို မကြာခင် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ဆီ
ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့
ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ်
အားလုံး မိမိဘာသာ အကုန်ကျခံမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဧရာဝတီတိုင်း
မြန်အောင်မြို့နယ်မှာလည်း မြန်အောင်မြို့နယ် အဖွဲ့ချုပ်ဝင်တွေက
ရှေ့နေ ဦးခင်မောင်လတ်ကို ရွေးချယ်ပြီး အဖွဲ့ချုပ် ရုံးချုပ်ကို
တင်ထားပေမယ့် ဗဟိုကော်မတီဝင်က ဦးကျော်မြင့်ကို ချပေးတာကြောင့်
ပါတီဝင်တွေ မကျေနပ်ဘူးလို့ မြန်အောင်မြို့နယ် အဖွဲ့ချုပ်ဝင်တဦးက
ပြောပါတယ်။
“ဟင်္သာတခရိုင်
မြန်အောင်မြို့နယ်မှာ ကျနော်တို့ အဲဒီမှာ ကိုယ်စားလှယ်လောင်း ၎
ယောက်ကို လျှို့ဝှက်မဲ စနစ်နဲ့ ရွေးလိုက်တဲ့အခါကျတော့ ၄၄ မဲနဲ့
နိုင်တဲ့ ရှေ့နေ ဦးခင်မောင်လတ်ကို ကျနော်တို့က ရုံးချုပ်ကို ၁၁
ရက်နေ့ နောက်ဆုံးထားပြီးတော့ တင်လိုက်တယ်။ ပြန်ချပေးတော့
ဦးကျော်မြင့်ဆိုတဲ့လူ။ မြန်အောင်မြို့နယ်က လူတွေက လူတိုင်းမသိဘူး။
သူ့ကို ပြန်ချပေးတဲ့ အခါကျတော့ ပါတီဝင်တွေ အများစု
မကျေနပ်ဘူးပေါ့။ ကျနော်တို့ ကိုယ့်ကိုယ်စားလှယ်
ကိုယ်အားကိုးတဲ့လူ ကိုယ်ရွေးချင်တာပေါ့။ ပါတီဝင်တွေ အကုန်လုံးက
ဒီမိုကရေစီ နည်းကျကျ ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေ။
ဗဟိုကနေပြီးတော့ ဗဟိုဦးစီးဆန်တဲ့ စနစ်မျိုးနဲ့
ရွေးချလိုက်တာကတော့ တသီးပုဂ္ဂလ ထောင်မယ်ဆိုရင် ကြားဖြတ်
လစ်လပ်နေရာမှာ အင်အား နည်းသွားနိုင်တယ်ဗျာ။”
မြို့နယ်ပါတီဝင်တွေ ပြောဆိုလာတဲ့အပေါ် အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
“ကျနော်တို့
က နဂိုကတည်းက ကျနော်တို့ သူတို့ကို သေချာပြောပါတယ်။ မြို့နယ်က
လျာထားပေးပါ။ တိုင်းနဲ့ ပြည်နယ်ကလည်း လျာထားပေးပါ။ ပြီးရင်
ဗဟိုကနေပြီးတော့ အဲဒါကို စိစစ်ပြီးတော့ ဗဟိုကလည်း
လျာထားခွင့်ရှိတယ်။ အဲ့ဒါကိုမှ ဗဟိုက ဆုံးဖြတ်ပေးမယ်လို့
နဂိုကတည်းက ပြောထားပြီးသား။ နဂိုကတည်းက အောက်ခြေက
ရွေးလိုက်တဲ့လူကို ဗဟိုက လက်ခံပြီးတော့ အတည်ပြုရမယ်လို့
ပြောထားပြီးသား။ အဲဒီတော့ ကျနော်တို့ ဘာမှ ထူးထူးခြားခြား
ဖြေရှင်းနေစရာ မရှိပါဘူး။ မြို့နယ်က မြို့နယ်အနေနဲ့ ရွေးတာပေါ့။
တိုင်းကျတော့ တိုင်းအနေနဲ့ ရွေးတာပေါ့။ ဗဟိုကျတော့ ဒါ
တနိုင်ငံလုံး အတိုင်းအတာနဲ့ သွားမယ့် ခရီးတာကြီး တခုလုံး အတွက်
ချိန်ဆပြီးတော့ လူကြီးတွေက ရွေးတာပေါ့။ အဲဒါပဲ ကျနော်
ပြောစရာရှိပါတယ် တခြား ဘာမှ ပြောစရာ မရှိပါဘူး။”
ဒီဗွီဘီ
ဒေါ်မြင့်မြင့်အေး တသီးပုဂ္ဂလ ဝင်ပြိုင်မည်
Reviewed by သစ်ထူးလွင်
on
06:07
Rating:
10 comments:
မြို့နယ်မှသည် ခရိုင် မှသည်တိုင်း မှသည် ဗဟို ဒီလို အဆင့်ဆင့် နာခံရမည်ဟု မှတ်သားရပါသည်။ဘုံ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီရရှိရေးကိုသာ ဦးတည်ဆောင်ရွက်သင့်ပေသည်။
တသီးပုဂ္ဂလဆိုပြီး အန်အယ်လ်ဒီရဲ့
မူဝါဒအတိုင်းသာ ဆက်လက် ရပ်တည်မှာ
ပါလို့ လျောက်ပြောနေရတာလဲ။
ခင်ဗျားလုပ်ခဲ့တာတွေကိုအသိအမှတ်ပြုပါတယ်။
ဒါပေမဲ့၊အချိန်အခါ၊အနေထား
၊ဖြစ်သင့်တာကိုဦးစားပေးရပါတယ်။သင့်တော်တဲ့အ
ချိန်ရောက်ယင်၊ဖြစ်လာမှာပေါ့။ဒီလိုအခြေအနေမျိုးကိုတောင်
၊သေသေချာချာ၊ဝေဘန်ဆန်းစစ်နိုင်စွမ်းမရှိတဲ့၊
ခင်ဗျာကို တော်တော်အံ့သြမိတယ်။ You need to understand that An independent MP is independent but, he or she can not do much in the Parliament.Now the voters are divided by you.You will get some votes but the majority of the votes will go to the candidate who is supported by the NLD.Bear in mind, every activists can not be MP.Think about how to support and participate democratic reforms in Burma FIRST.The time will arrive you to become MP in Parliament.If you do like this, you will disapper from the scene soon.
ဒေါ်မြင့်မြင့်အေးကNLDပါတီမူအရ၊ပါတီလမ်းစဉ်အတိုင်းပါတီဝင်ကောင်းတို့ရဲ့
စံဝင်အောင်လုပ်ကိုင်ဆောင်ရွှက်လာနှိင်လို့ဒီနေ့ပါတီရောဒေါ်မြင့်မြင့်အေးပါဒီ
အခြေအနေရောက်နေပြီးကာမှပါတီမူကိုဆက်လက်မယူလျှင်ဝမ်းနည်းစရာပဲ၊
ကိုယ်က(Leader)အဆင့်ရောက်အောင်ပေးဆပ်ခဲ့ရတဲ့စွမ်းအားတွေလုပ်ကိုင်
ရင်းနှီးစွန့်လွတ်မှုတွေကိုထောက်ထားပြီးခေါင်းဆောင်ကောင်းပီသစွာကျရာ
နေရာမှမသိနားမလည်သေးတဲ့လူထုကိုရှင်းပြစည်းရုံးပြီစည်းစည်းလုံးလုံးနဲ့
ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်တဲ့ ပါတီမူအတိုင်း တိုင်းပြည်အကျိုးအများ
ကြီးဆက်လုပ်နှိင်ပါစေ။ချမ်းသာကိုယ်စိတ်မြဲပါစေ။
အော်..အန်တီမြင့် ရယ်..ဒိအခြေအနေထိရောက်မှတော့.သွေးမကွဲဘို့ စိတ်ကူး မပြောင်းဘို့ဘဲအရေး ကြိးနေတဲ့အချိန်လေ..အမေစုက...ဟိုးရှေးရေးကြိုတင်ပြီး မြင်နေလို့အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးနေဒါဘာ..အများလိုချင်တဲ့ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ရောက်ဘို့ဘဲ မဟုတ်ဘူးလား..ဒီလောက်နှစ်ပေါင်းများစွာ အခက်အခဲများစွာနဲ့ ဖြတ်သန်းလာပြီးခါမှ..နေရာမရလို့ စိတ်ကူးပြောင်းသွားတယ်ဆို ရင် လူအများက ကောက်ချက်ချ မှားသွားဒါဘဲ ခံရလိမ့်မယ်..ဘာဘဲလုပ်လုပ် ဒီမိုကရေစီဆိုဒါမှာ ကိုယ်ကျိုးဆိုဒါကိုတော့ မရောယှက် စေချင်ဘူး ..အများအတွက် ခရီးဆုံးအောင် လျောက်လှမ်းနှိင်ပါစေ....။ ။
ရွေးကောက်ပွဲမှာ ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းတွေကို ပါတီရဲ့ ဗဟို ခေါင်းဆောင်ပိုင်းက ရွေးချယ်ဆုံးဖြတ်တာ သဘာဝကျပါတယ် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း ဒီအတိုင်းသွားကြတာပဲ ... အောက်ခြေနယ်မြေတွေရဲ့ တင်ပြမှုကိုလဲ အပေါ်က လက်ခံစဉ်းစားပေးပြီး သင့်တော်မဲ့သူ ရွေးချယ်တာပဲ ... အဲဒီအထဲကမှ ရှေ့အနာဂါတ်အတွက် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် ဘယ်သူဟာ ပိုသင့်တော်တယ် ဆိုတာ ပါတီခေါင်းဆောင်က ဆုံးဖြတ်တာပါ ....
အဲဒီလို နေရာတွေအတွက် ရွေးချယ်တော့မယ်ဆိုရင် ပဋ္ဋိပက္ခကတော့ ရှိစမြဲပါ ... အခု ကြားဖြတ်ရွေးကောက်ပွဲဟာ အကဲစမ်းတဲ့ပွဲတခုဖြစ်သလို .... နည်းဗျူဟာမြောက်စွာ လက်ရွေးစင်ရွေးထုတ် အားစမ်းရမဲ့ပွဲပါ ....
နိုင်ငံရေး လုပ်တဲ့အခါမှာ .... တက်ကြွစွာ လှုပ်ရှားမှုတွေ လုပ်တိုင်း နိုင်ငံရေးသမား မဖြစ်နိုင်သေးပါဘူး ... တက်ကြွလှုပ်ရှားသူပဲ ဖြစ်မှာပါ ... နိုင်ငံရေးသမားကောင်းဖြစ်ဖို့ ... အထူးသဖြင့် အခုလို ပါတီကိုယ်စားပြုပြိုင်မဲ့ သူဟာ နိုင်ငံရေး အတွေးအခေါ် အမြင် ထက်မြက်ဖို့ အားကောင်းဖို့လိုပါတယ် ...လူတယောက်ကို အရည်အချင်းအရ နှိုင်းယှဉ် ရွေးချယ်ဖို့ စဉ်းစား ဆုံးဖြတ်မှုတွေ လုပ်ချင်ရင် အဲဒီသူရဲ့ ပြောဆို လှုပ်ရှားဆောင်ရွက်မှု တွေးခေါ်နိုင်မှုတွေကို ပြန်ကြည့် ပြန်သုံးသပ် စဉ်းစားရပါတယ် ...
သေချာတာကတော့ ဦးဝင်းထိန်ဟာ ... ဒေါ်မြင့်မြင့်အေးထက် နိုင်ငံရေးအမြင် အတွေးအခေါ် လုပ်ရည်ကိုင်ရည် ဦးဆောင်မှု အစစ အရာရာ အများကြီး သာပါတယ် ... လုပ်ဆောင်မှုတွေကလည်း ဘယ်သူ ဘာတွေလုပ်ခဲ့တယ် ဘာလိုဖြတ်သန်းခဲ့သလဲ ဆိုတာက သက်သေပြပြီးသားမို့ အထူးအထွေ ပြောစရာမလိုတော့ပါ ....
အကောင်းဆုံးကတော့ ဒေါ်မြင့်မြင့်အေး အနေနဲ့ နောင်သက်တမ်းမှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက်ကိုပဲ ရည်ရွယ်ပြီး ခုကတည်းက လိုအပ်တာ ဖြည့်ဆည်း ပြင်ဆင်တာ ပိုကောင်းမယ်ထင်ပါတယ် တက်ကြွလှုပ်ရှားသူကနေ နိုင်ငံရေးသမားကောင်း ပီသအောင် ကြိုးစားပါဦး အခုလို ပါတီက ကိုယ့်ကိုမရွေးချယ်လို့ .... လူခံတွေက ဝိုင်းအားပေး ထောက်ခံလို့ ဝင်ရွေးရတာပါဆိုတာ ... ရိုးနေပြီဖြစ်တဲ့ အကြောင်းပြချက် တခုပါ ... ပါတီ အဖွဲ့အစည်း စည်းကမ်းနဲ့ ညီတဲ့အလုပ်မဟုတ်ပါဘူး ... ဒီပါတီဝင်ဖြစ်ရင် ဒီပါတီရဲ့ အဆုံးအဖြတ်ကို လိုက်နာလက်ခံရမှာ မဟုတ်လား ... အဲဒါကို မကျေနပ်လို့ မကျေလည်ရင် အဆင့်ဆင့် တင်ပြ ပြေလည်အောင်ရှင်းလေ .... ဒါမှ ဘယ်လိုမှ လက်မခံဘူးဆိုရင် နှုတ်ထွက်လိုက် ဒါပဲရှိတာပေါ့ ....
အခု အန်တီစု တယောက်လုံး ရှိနေချိန် ... ရှေ့က ဦးဆောင် ဆုံးဖြတ် သွားနေ ချိန်မှာတောင် ဒီလိုမျိုးလုပ်နေရင် ...
အရင် အန်တီစု မလွတ်ခင်က ပါတီစည်းကမ်းနဲ့ မညီတာ ညီတာ မစဉ်းစား ပါတီဦးဆောင်မှုအတိုင်း မခံယူ သူလုပ်ချင်တာ လုပ်ခဲ့တာပါလို့ ပြောနေတဲ့သူတွေကို ဘာများပြောချင်ပါသလဲ .....။
မမြင်မြင့်အေး ရဲ့တစိုက်မှတ်မှတ် NLDအပေါ်ရဲစွမ်းသတ်တိအပြည့်နဲ့အနစ်နာခံရပ်တည်လာတာ လူတိုင်းနိုင်ငံတကာရောက်NLDတိုင်းသိပါတယ် လေးစားပါတယ် အခုအနေအထေားက ၂၀၁၅ကိုရည်မျော်ပြီးလုပ်နေရတာပါ ပြင်ဆင်မူအချိန်သိပ်မရတဲ့အပေါ် ဗဟိုကိုနားလည်ပေးပါ မမြင့်မြင့်အေးအနေနဲ့အချိန်မှီ နောက်ဆုပ်ပြီး ၂၀၁၅ကျမှ NLD ကိုယ်စားပြုဝငိပြိုင်ပေးပါလား NLDသမိုင်းနဲ့ မမြင့်မြင့်အေးရဲ့သမိုင်းလည်းလှပမှာပါ လေးစားသတိယလျက် ထွန်းထွန်းဦး NLD
အခုချိန်မှာ NLD ပါတီဝင်အားလုံး ဟာ အမေစု ရဲ့ ဦးဆောင် မှုအောက်မှာဘဲ စည်းစည်းလုံးလုံး ဆောင် ရွက်သင့်တဲ့ အချိန် အခါပါ
အားလုံးစိတ်ဝမ်း မကွဲ ကြဖို့  တောင်းပန် ပါတယ်
ရွေးကောက်ပွဲမှာ မဲထည့်မှာက ဗဟိုကလာထည့်မလား။ အောက်ခြေက အခြေခံလူတန်းစား ပြည်သူတွေက သူတို့ကို ဦးဆောင်ဖို့လူကို သူတို့ ဘာသာ ထည့်ကြမလား။ နအဖ ပြုတ်သွားတယ် အာဏာရှင်တွေက ဆက်တိုက် ရှိနေတုန်းပဲ။ စစ်သား သမီးကတော့ စစ်တပ်လို အာဏာကို သုံးတတ်တယ်ဆိုတာ လူတိုင်းနားလေသင့်တဲ့ အရာတစ်ခုပါ။ မယုံရင်ကြည့်လိုက် မောင်တင်ဦးက ဥက္ကှဌ တစ်နေရာ အောင်ဆန်းစုကြည် အဲရစ်က ဥက္ကဌ တစ်နေရာ ပြီးရော့ပေါ့။ မောင်တင်ဦးက စစ်တပ်အသိုင်းအ၀ိုင်းကို ကာကွယ်မယ်။ အောင်ဆန်းစုကြည့် အဲရစ်က ပြည်သူကိုလိမ်ညာမယ်။ တိုင်းရင်းသား အတိုက်အခံတွေကို နိုင်ငံတကာမှာ နိုင်ငံရေးအသိအမြင် မကြွယ်ဝတဲ့ ပုံစံတွေနဲ့ လေတစ်လုံး မိုးတစ်လုံး အော်မယ်။ ဗိုလ် စားပဲကတော့ ဗိုလ်ကြိုက်တတ်တဲ့ အရာတွေကို ဗိုလ်လိုမှုတ်ပြမယ်။ ပြီးရော့ပေါ့။ ဒီဇာတ်နဲ့ ဒီအခန်းလောက်ပါပဲ။ သွားလေသူတွေ မင်းတို့ နွားကျတယ်လို့ တမလွန်မှာ သဘောထားလိုက်ပေတော့။
လူကောင်းစိတ်ဓာတ် ...လူတော်-လူကောင်းဟု သိအပ်ခြင်းရာ လက္ခဏာကား၊ မဝါကြွားခြင်း၊ မပြင်းဒေါသ၊ မာနမပျိုး၊ ကိုယ်ကျိုးကိုသာ မရှာပေတတ်၊ မလျောက်ပတ်ကို အမှတ်မယူ၊ သူတပါးအား စကားပစ်တင် မဆိုချင်တည်း၊ စိတ်ရွှင်ဝမ်းသာ၊ ခန္တီမှာကား အခါခပ်သိမ်း ကိုယ်နှုတ်ထိမ်း၍၊ မယိမ်းမေတ္တာ ဆင့်ပွားရာသည်၊ မှတ်ပါ လူတော်လူကောင်း လက္ခဏာတည်း။
(NLD ပါတီ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင် အားလုံးအတွက်)။
"ဒီလိုသာဆိုလျှင် မိုးကြီးချုပ်၍ ကျနုပ်အိမ်သို့ မပြန်နိုင်
ပုံပြင်လို ဖြစ်မှာစိုး၍"
နေရာအတွက်လုပ်နေကြတာဆိုရင်တော့ အခွင့်အရေးသမားပဲ၊
ဘယ်လောက်ထိခရီးပေါက်မယ်မှန်းမသိသေးပဲ ဇွတ်တိုးဝင်နေရတဲ့ ခုလိုအချိန်မျိုးမှာ ညီညွတ်ကြဖို့လိုပါတယ်။
အန်တီစု ကိုယုံကြည်တယ်ဆိုရင် ဒီလမ်းမလိုက်သင့်ပါဘူး။
Post a Comment