ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည်

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ မိတ္ထီလာမြို့​နယ် အတွင်း​ရေး​မှူး​ဟောင်း​ ​ဒေါ်မြင့်​မြင့်​အေး​ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလအဖြစ် ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ ​ပြောပါတယ်။
မိတ္ထီလာမြို့​ နယ် အဖွဲ့​ချုပ်ဝင်​တွေက​တော့​ သူ့​ကို အန်အယ်လ်ဒီလှုပ်ရှား​မှု တ​လျှောက်လုံး​ လုပ်လာတဲ့​အ​ပေါ် ​ရွေး​ကောက်ပွဲ ဝင်​စေချင်တယ်လို့​ ဆန္ဒပြုတာ​ကြောင့်​ တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်​ရောက်ဖို့​ ဆုံး​ဖြတ်တာလို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။
ဒေါ်မြင့်မြင့်အေး
“မိတ္ထီလာမြို့ ​နယ်အတွက် ဗိုလ်ကြီး​ဝင်း​ထိန်က ဒီဇင်ဘာ ၁၈ ရက်​နေ့​မှာ တရား​ဝင် ဝင်လိုက်တဲ့​အခါမှာ ဒီ​အောက်​ခြေမှာ တကယ် တရား​ဝင်လုပ်​နေတာက မြို့​နယ်အဆင့်​၊​ ခရိုင်အဆင့်​ ပူး​တွဲပြီး​တော့​ လုပ်​နေတဲ့​ စည်း​တွေချည်း​ပဲ ဥက္ကဋ္ဌ​တွေ၊​ အတွင်း​ရေး​မှူး​တွေ အကုန်လုံး​နဲ့​ လုပ်​နေတဲ့​ လူ​တွေက လက်မခံနိုင်ကြဘူး​ပေါ့​။
“ဘာလို့​လဲဆို ​တော့​ သာစည်မှာ ရှိတဲ့​ပွဲဖြစ်​စေ နိုင်ငံ​ရေး​အခမ်း​အနား​တွေ အား​လုံး​ကို ကျမတို့​ကပဲ ဦး​ဆောင်ပြီး​ လုပ်​ပေး​တဲ့​အခါမှာ ​အောက်​ခြေလူနဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေ ကျမတို့​ တ​လျှောက်လုံး​ လုပ်​ပေး​နေတဲ့​ အခါမှာ မိတ္ထီလာမြို့​နယ်၊​ မိတ္ထီလာခရိုင်ရဲ့​ ကိစ္စကို ​ဒေါ်မြင့်​မြင့်​အေး​ကသာလျှင် ဦး​ဆောင်လုပ်​ပေး​နိုင်မယ်လို့​ သူတို့​က ယုံကြည်ပြီး​တော့​ ၁၉ ရက် နဲ့​ ၂၀ အစည်း​အ​ဝေး​ခေါ်ပြီး​ ၂၁ ရက်​နေ့​မှာ ရန်ကုန် ဗဟိုရုံး​ချုပ်အထိ​တောင် သွား​ပြီး​တော့​ လက်မှတ်​ပေါင်း​ ၄၀၀၀ နီး​ပါး​နဲ့​ လကုန်ပြီး​ ၁ ရက်​နေ့​မှာ စာတင်ခဲ့​တယ်​ပေါ့​။ လူထုသ​ဘောထား​နဲ့​။
“အဲဒီ အချိန်မှာ ဗဟိုကလည်း​ပဲ ၂ ရက်​နေ့​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​ ဆိုပြီး​ ​အောက်​ခြေသ​ဘောထား​ တင်ပြတဲ့​ တဦး​ချင်း​စီ တင်ပါဆိုတဲ့​အခါမှာ ၁၁ ရက်​နေ့​ ဗဟိုကချမှတ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီ​အောင် မြို့​နယ်အဆင့်​ရော၊​ ခရိုင်အဆင့်​ရော ​ဒေါ်မြင့်​မြင့်​အေး​ကို အဆိုပြုပါတယ်ဆိုတာ စာကို တရား​ဝင် ပို့​ခဲ့​တယ်။ သို့​သော်လည်း​ပဲ ၁၂ ရက်​နေ့​မှာ ဗိုလ်ကြီး​ဝင်း​ထိန်ကိုပဲ ချ​ပေး​တယ်ဆိုတာ ​ပေါ်​ပေါက်လာတဲ့​အခါမှာ ကျမက ​အောက်​ခြေ ပြည်သူလူထုရဲ့​ သ​ဘောဆန္ဒကို လိုက်​လျောတဲ့​အ​နေနဲ့​ လူထုရဲ့​သ​ဘောထား​ကို မလွန်ဆန်နိုင်ဘဲနဲ့​ ကျမ ​ရွေး​ကောက်ပွဲ ဝင်တဲ့​အခါမှာ တသီး​ပုဂ္ဂလ ဖြစ်သွား​မယ်ဆိုလည်း​ ဝင်မယ်ဆိုတဲ့​ သ​ဘောပါ။”
သူ့​အ​နေနဲ့​ အန်အယ်လ်ဒီကထွက်ပြီး​ ​ရွေး​ကောက်ပွဲဝင်တယ်လို့​ မယူဆဘူး​လို့​လည်း​ ဆိုပါတယ်။
“ဘာလို့​လဲ ဆို​တော့​ အန်အယ်လ်ဒီ ဟာ ကျမတို့​ ပါတီဝင် လူအား​လုံး​နဲ့​ သက်ဆိုင်တဲ့​ ကိစ္စ​လေ။ အန်အယ်လ်ဒီ ကို အစအဆုံး​ ပြန်ပြီး​ ​လျှောက်လွှာတင်ဆိုတာကလည်း​ပဲ အခုအချိန်အခါမှာ ​ရွေး​ကောက်ပွဲ ကိစ္စက အ​ရေး​ကြီး​နေ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ အထက်က ချ​ပေး​လိုက်တဲ့​ လူထက် ပြည်သူလူထုရဲ့​ ​တောင်း​ဆိုမှု​နောက်ကို မမှိတ်မသုန် လိုက်ရတဲ့​ သ​ဘောနဲ့​ ကျမတို့​က ​ရွေး​ကောက်ပွဲ ဝင်ရတာပါ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ထုတ်ပြန်ခဲ့​တဲ့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​မှာ အန်အယ်ဒီ ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က မိတ္ထီလာမြို့​နယ်မှာ ဝင်​ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်မြင့်​မြင့်​အေး​က တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်ပြိုင်မယ်ဆိုရင်​တော့​ ဦး​ဝင်း​ထိန်နဲ့​ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တသီး​ပုဂ္ဂလ ဝင်ပြိုင်မှာ ဖြစ်​ပေမယ့်​ အန်အယ်လ်ဒီရဲ့​ မူဝါဒအတိုင်း​သာ ဆက်လက် ရပ်တည်မှာ ဖြစ်သလို မကြာခင် ရက်ပိုင်း​အတွင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ဆီ ကိုယ်စား​လှယ်​လောင်း​အဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။ ​ရွေး​ကောက်ပွဲအတွက် ကုန်ကျစရိတ် အား​လုံး​ မိမိဘာသာ အကုန်ကျခံမှာ ဖြစ်​ကြောင်း​လည်း​ ​ပြောပါတယ်။
ဧရာဝတီတိုင်း​ မြန်​အောင်မြို့​နယ်မှာလည်း​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်​တွေက ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ​ရွေး​ချယ်ပြီး​ အဖွဲ့​ချုပ် ရုံး​ချုပ်ကို တင်ထား​ပေမယ့်​ ဗဟို​ကော်မတီဝင်က ဦး​ကျော်မြင့်​ကို ချ​ပေး​တာ​ကြောင့်​ ပါတီဝင်​တွေ မ​ကျေနပ်ဘူး​လို့​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်တဦး​က ​ပြောပါတယ်။
“ဟင်္သာတခရိုင် မြန်​အောင်မြို့​နယ်မှာ ကျ​နော်တို့​ အဲဒီမှာ ကိုယ်စား​လှယ်​လောင်း​ ၄ ​ယောက်ကို လျှို့​ဝှက်မဲ စနစ်နဲ့​ ​ရွေး​လိုက်တဲ့​အခါကျ​တော့​ ၄၄ မဲနဲ့​ နိုင်တဲ့​ ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ကျ​နော်တို့​က ရုံး​ချုပ်ကို ၁၁ ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​တော့​ တင်လိုက်တယ်။ ပြန်ချ​ပေး​တော့​ ဦး​ကျော်မြင့်​ဆိုတဲ့​လူ။ မြန်​အောင်မြို့​နယ်က လူ​တွေက လူတိုင်း​မသိဘူး​။ သူ့​ကို ပြန်ချ​ပေး​တဲ့​ အခါကျ​တော့​ ပါတီဝင်​တွေ အများ​စု မ​ကျေနပ်ဘူး​ပေါ့​။ ကျ​နော်တို့​ ကိုယ့်​ကိုယ်စား​လှယ် ကိုယ်အား​ကိုး​တဲ့​လူ ကိုယ်​ရွေး​ချင်တာ​ပေါ့​။ ပါတီဝင်​တွေ အကုန်လုံး​က ဒီမိုက​ရေစီ နည်း​ကျကျ ​ရွေး​လိုက်တဲ့​ ကိုယ်စား​လှယ်​တွေ။ ဗဟိုက​နေပြီး​တော့​ ဗဟိုဦး​စီး​ဆန်တဲ့​ စနစ်မျိုး​နဲ့​ ​ရွေး​ချလိုက်တာက​တော့​ တသီး​ပုဂ္ဂလ ​ထောင်မယ်ဆိုရင် ကြား​ဖြတ် လစ်လပ်​နေရာမှာ အင်အား​ နည်း​သွား​နိုင်တယ်ဗျာ။”
မြို့​နယ်ပါတီဝင်​တွေ ​ပြောဆိုလာတဲ့​အ​ပေါ် အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို ရှင်း​ပြပါတယ်။
“ကျ​နော်တို့​ က နဂိုကတည်း​က ကျ​နော်တို့​ သူတို့​ကို ​သေချာ​ပြောပါတယ်။ မြို့​နယ်က လျာထား​ပေး​ပါ။ တိုင်း​နဲ့​ ပြည်နယ်ကလည်း​ လျာထား​ပေး​ပါ။ ပြီး​ရင် ဗဟိုက​နေပြီး​တော့​ အဲဒါကို စိစစ်ပြီး​တော့​ ဗဟိုကလည်း​ လျာထား​ခွင့်​ရှိတယ်။ အဲ့​ဒါကိုမှ ဗဟိုက ဆုံး​ဖြတ်​ပေး​မယ်လို့​ နဂိုကတည်း​က ​ပြောထား​ပြီး​သား​။ နဂိုကတည်း​က ​အောက်​ခြေက ​ရွေး​လိုက်တဲ့​လူကို ဗဟိုက လက်ခံပြီး​တော့​ အတည်ပြုရမယ်လို့​ ​ပြောထား​ပြီး​သား​။ အဲဒီ​တော့​ ကျ​နော်တို့​ ဘာမှ ထူး​ထူး​ခြား​ခြား​ ​ဖြေရှင်း​နေစရာ မရှိပါဘူး​။ မြို့​နယ်က မြို့​နယ်အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ တိုင်း​ကျ​တော့​ တိုင်း​အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ ဗဟိုကျ​တော့​ ဒါ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ သွား​မယ့်​ ခရီး​တာကြီး​ တခုလုံး​ အတွက် ချိန်ဆပြီး​တော့​ လူကြီး​တွေက ​ရွေး​တာ​ပေါ့​။ အဲဒါပဲ ကျ​နော် ​ပြောစရာရှိပါတယ် တခြား​ ဘာမှ ​ပြောစရာ မရှိပါဘူး​။” 
ဒီဗွီဘီ
ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည် ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည် Reviewed by သစ်ထူးလွင် on 06:07 Rating: 5

10 comments:

အိုးဝေ said...

မြို့နယ်မှသည် ခရိုင် မှသည်တိုင်း မှသည် ဗဟို ဒီလို အဆင့်ဆင့် နာခံရမည်ဟု မှတ်သားရပါသည်။ဘုံ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီရရှိရေးကိုသာ ဦးတည်ဆောင်ရွက်သင့်ပေသည်။

Weik Zar said...

တသီး​ပုဂ္ဂလဆိုပြီး အန်အယ်လ်ဒီရဲ့
မူဝါဒအတိုင်း​သာ ဆက်လက် ရပ်တည်မှာ
ပါလို့ လျောက်ပြောနေရတာလဲ။
ခင်ဗျားလုပ်ခဲ့တာတွေကိုအသိအမှတ်ပြုပါတယ်။
ဒါပေမဲ့၊အချိန်အခါ၊အနေထား
၊ဖြစ်သင့်တာကိုဦးစားပေးရပါတယ်။သင့်တော်တဲ့အ
ချိန်ရောက်ယင်၊ဖြစ်လာမှာပေါ့။ဒီလိုအခြေအနေမျိုးကိုတောင်
၊သေသေချာချာ၊ဝေဘန်ဆန်းစစ်နိုင်စွမ်းမရှိတဲ့၊
ခင်ဗျာကို တော်တော်အံ့သြမိတယ်။ You need to understand that An independent MP is independent but, he or she can not do much in the Parliament.Now the voters are divided by you.You will get some votes but the majority of the votes will go to the candidate who is supported by the NLD.Bear in mind, every activists can not be MP.Think about how to support and participate democratic reforms in Burma FIRST.The time will arrive you to become MP in Parliament.If you do like this, you will disapper from the scene soon.

tharsein said...

ဒေါ်မြင့်မြင့်အေးကNLDပါတီမူအရ၊ပါတီလမ်းစဉ်အတိုင်းပါတီဝင်ကောင်းတို့ရဲ့
စံဝင်အောင်လုပ်ကိုင်ဆောင်ရွှက်လာနှိင်လို့ဒီနေ့ပါတီရောဒေါ်မြင့်မြင့်အေးပါဒီ
အခြေအနေရောက်နေပြီးကာမှပါတီမူကိုဆက်လက်မယူလျှင်ဝမ်းနည်းစရာပဲ၊
ကိုယ်က(Leader)အဆင့်ရောက်အောင်ပေးဆပ်ခဲ့ရတဲ့စွမ်းအားတွေလုပ်ကိုင်
ရင်းနှီးစွန့်လွတ်မှုတွေကိုထောက်ထားပြီးခေါင်းဆောင်ကောင်းပီသစွာကျရာ
နေရာမှမသိနားမလည်သေးတဲ့လူထုကိုရှင်းပြစည်းရုံးပြီစည်းစည်းလုံးလုံးနဲ့
ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်တဲ့ ပါတီမူအတိုင်း တိုင်းပြည်အကျိုးအများ
ကြီးဆက်လုပ်နှိင်ပါစေ။ချမ်းသာကိုယ်စိတ်မြဲပါစေ။

မီဒီယာ said...

အော်..အန်တီမြင့် ရယ်..ဒိအခြေအနေထိရောက်မှတော့.သွေးမကွဲဘို့ စိတ်ကူး မပြောင်းဘို့ဘဲအရေး ကြိးနေတဲ့အချိန်လေ..အမေစုက...ဟိုးရှေးရေးကြိုတင်ပြီး မြင်နေလို့အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးနေဒါဘာ..အများလိုချင်တဲ့ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ရောက်ဘို့ဘဲ မဟုတ်ဘူးလား..ဒီလောက်နှစ်ပေါင်းများစွာ အခက်အခဲများစွာနဲ့ ဖြတ်သန်းလာပြီးခါမှ..နေရာမရလို့ စိတ်ကူးပြောင်းသွားတယ်ဆို ရင် လူအများက ကောက်ချက်ချ မှားသွားဒါဘဲ ခံရလိမ့်မယ်..ဘာဘဲလုပ်လုပ် ဒီမိုကရေစီဆိုဒါမှာ ကိုယ်ကျိုးဆိုဒါကိုတော့ မရောယှက် စေချင်ဘူး ..အများအတွက် ခရီးဆုံးအောင် လျောက်လှမ်းနှိင်ပါစေ....။ ။

The Wild Rose said...

ရွေးကောက်ပွဲမှာ ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းတွေကို ပါတီရဲ့ ဗဟို ခေါင်းဆောင်ပိုင်းက ရွေးချယ်ဆုံးဖြတ်တာ သဘာဝကျပါတယ် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း ဒီအတိုင်းသွားကြတာပဲ ... အောက်ခြေနယ်မြေတွေရဲ့ တင်ပြမှုကိုလဲ အပေါ်က လက်ခံစဉ်းစားပေးပြီး သင့်တော်မဲ့သူ ရွေးချယ်တာပဲ ... အဲဒီအထဲကမှ ရှေ့အနာဂါတ်အတွက် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် ဘယ်သူဟာ ပိုသင့်တော်တယ် ဆိုတာ ပါတီခေါင်းဆောင်က ဆုံးဖြတ်တာပါ ....
အဲဒီလို နေရာတွေအတွက် ရွေးချယ်တော့မယ်ဆိုရင် ပဋ္ဋိပက္ခကတော့ ရှိစမြဲပါ ... အခု ကြားဖြတ်ရွေးကောက်ပွဲဟာ အကဲစမ်းတဲ့ပွဲတခုဖြစ်သလို .... နည်းဗျူဟာမြောက်စွာ လက်ရွေးစင်ရွေးထုတ် အားစမ်းရမဲ့ပွဲပါ ....
နိုင်ငံရေး လုပ်တဲ့အခါမှာ .... တက်ကြွစွာ လှုပ်ရှားမှုတွေ လုပ်တိုင်း နိုင်ငံရေးသမား မဖြစ်နိုင်သေးပါဘူး ... တက်ကြွလှုပ်ရှားသူပဲ ဖြစ်မှာပါ ... နိုင်ငံရေးသမားကောင်းဖြစ်ဖို့ ... အထူးသဖြင့် အခုလို ပါတီကိုယ်စားပြုပြိုင်မဲ့ သူဟာ နိုင်ငံရေး အတွေးအခေါ် အမြင် ထက်မြက်ဖို့ အားကောင်းဖို့လိုပါတယ် ...လူတယောက်ကို အရည်အချင်းအရ နှိုင်းယှဉ် ရွေးချယ်ဖို့ စဉ်းစား ဆုံးဖြတ်မှုတွေ လုပ်ချင်ရင် အဲဒီသူရဲ့ ပြောဆို လှုပ်ရှားဆောင်ရွက်မှု တွေးခေါ်နိုင်မှုတွေကို ပြန်ကြည့် ပြန်သုံးသပ် စဉ်းစားရပါတယ် ...
သေချာတာကတော့ ဦးဝင်းထိန်ဟာ ... ဒေါ်မြင့်မြင့်အေးထက် နိုင်ငံရေးအမြင် အတွေးအခေါ် လုပ်ရည်ကိုင်ရည် ဦးဆောင်မှု အစစ အရာရာ အများကြီး သာပါတယ် ... လုပ်ဆောင်မှုတွေကလည်း ဘယ်သူ ဘာတွေလုပ်ခဲ့တယ် ဘာလိုဖြတ်သန်းခဲ့သလဲ ဆိုတာက သက်သေပြပြီးသားမို့ အထူးအထွေ ပြောစရာမလိုတော့ပါ ....
အကောင်းဆုံးကတော့ ဒေါ်မြင့်မြင့်အေး အနေနဲ့ နောင်သက်တမ်းမှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက်ကိုပဲ ရည်ရွယ်ပြီး ခုကတည်းက လိုအပ်တာ ဖြည့်ဆည်း ပြင်ဆင်တာ ပိုကောင်းမယ်ထင်ပါတယ် တက်ကြွလှုပ်ရှားသူကနေ နိုင်ငံရေးသမားကောင်း ပီသအောင် ကြိုးစားပါဦး အခုလို ပါတီက ကိုယ့်ကိုမရွေးချယ်လို့ .... လူခံတွေက ဝိုင်းအားပေး ထောက်ခံလို့ ဝင်ရွေးရတာပါဆိုတာ ... ရိုးနေပြီဖြစ်တဲ့ အကြောင်းပြချက် တခုပါ ... ပါတီ အဖွဲ့အစည်း စည်းကမ်းနဲ့ ညီတဲ့အလုပ်မဟုတ်ပါဘူး ... ဒီပါတီဝင်ဖြစ်ရင် ဒီပါတီရဲ့ အဆုံးအဖြတ်ကို လိုက်နာလက်ခံရမှာ မဟုတ်လား ... အဲဒါကို မကျေနပ်လို့ မကျေလည်ရင် အဆင့်ဆင့် တင်ပြ ပြေလည်အောင်ရှင်းလေ .... ဒါမှ ဘယ်လိုမှ လက်မခံဘူးဆိုရင် နှုတ်ထွက်လိုက် ဒါပဲရှိတာပေါ့ ....
အခု အန်တီစု တယောက်လုံး ရှိနေချိန် ... ရှေ့က ဦးဆောင် ဆုံးဖြတ် သွားနေ ချိန်မှာတောင် ဒီလိုမျိုးလုပ်နေရင် ...
အရင် အန်တီစု မလွတ်ခင်က ပါတီစည်းကမ်းနဲ့ မညီတာ ညီတာ မစဉ်းစား ပါတီဦးဆောင်မှုအတိုင်း မခံယူ သူလုပ်ချင်တာ လုပ်ခဲ့တာပါလို့ ပြောနေတဲ့သူတွေကို ဘာများပြောချင်ပါသလဲ .....။

htun said...

မမြင်မြင့်အေး ရဲ့တစိုက်မှတ်မှတ် NLDအပေါ်ရဲစွမ်းသတ်တိအပြည့်နဲ့အနစ်နာခံရပ်တည်လာတာ လူတိုင်းနိုင်ငံတကာရောက်NLDတိုင်းသိပါတယ် လေးစားပါတယ် အခုအနေအထေားက ၂၀၁၅ကိုရည်မျော်ပြီးလုပ်နေရတာပါ ပြင်ဆင်မူအချိန်သိပ်မရတဲ့အပေါ် ဗဟိုကိုနားလည်ပေးပါ မမြင့်မြင့်အေးအနေနဲ့အချိန်မှီ နောက်ဆုပ်ပြီး ၂၀၁၅ကျမှ NLD ကိုယ်စားပြုဝငိပြိုင်ပေးပါလား NLDသမိုင်းနဲ့ မမြင့်မြင့်အေးရဲ့သမိုင်းလည်းလှပမှာပါ လေးစားသတိယလျက် ထွန်းထွန်းဦး NLD

Aung said...

အခုချိန်မှာ NLD ပါတီဝင်အားလုံး ဟာ အမေစု ရဲ့ ဦးဆောင် မှုအောက်မှာဘဲ စည်းစည်းလုံးလုံး ဆောင် ရွက်သင့်တဲ့ အချိန် အခါပါ
အားလုံးစိတ်ဝမ်း မကွဲ ကြဖို့  တောင်းပန် ပါတယ်

အိုက်စံ said...

ရွေးကောက်ပွဲမှာ မဲထည့်မှာက ဗဟိုကလာထည့်မလား။ အောက်ခြေက အခြေခံလူတန်းစား ပြည်သူတွေက သူတို့ကို ဦးဆောင်ဖို့လူကို သူတို့ ဘာသာ ထည့်ကြမလား။ နအဖ ပြုတ်သွားတယ် အာဏာရှင်တွေက ဆက်တိုက် ရှိနေတုန်းပဲ။ စစ်သား သမီးကတော့ စစ်တပ်လို အာဏာကို သုံးတတ်တယ်ဆိုတာ လူတိုင်းနားလေသင့်တဲ့ အရာတစ်ခုပါ။ မယုံရင်ကြည့်လိုက် မောင်တင်ဦးက ဥက္ကှဌ တစ်နေရာ အောင်ဆန်းစုကြည် အဲရစ်က ဥက္ကဌ တစ်နေရာ ပြီးရော့ပေါ့။ မောင်တင်ဦးက စစ်တပ်အသိုင်းအ၀ိုင်းကို ကာကွယ်မယ်။ အောင်ဆန်းစုကြည့် အဲရစ်က ပြည်သူကိုလိမ်ညာမယ်။ တိုင်းရင်းသား အတိုက်အခံတွေကို နိုင်ငံတကာမှာ နိုင်ငံရေးအသိအမြင် မကြွယ်ဝတဲ့ ပုံစံတွေနဲ့ လေတစ်လုံး မိုးတစ်လုံး အော်မယ်။ ဗိုလ် စားပဲကတော့ ဗိုလ်ကြိုက်တတ်တဲ့ အရာတွေကို ဗိုလ်လိုမှုတ်ပြမယ်။ ပြီးရော့ပေါ့။ ဒီဇာတ်နဲ့ ဒီအခန်းလောက်ပါပဲ။ သွားလေသူတွေ မင်းတို့ နွားကျတယ်လို့ တမလွန်မှာ သဘောထားလိုက်ပေတော့။

ven said...

လူကောင်းစိတ်ဓာတ် ...လူတော်-လူကောင်းဟု သိအပ်ခြင်းရာ လက္ခဏာကား၊ မဝါကြွားခြင်း၊ မပြင်းဒေါသ၊ မာနမပျိုး၊ ကိုယ်ကျိုးကိုသာ မရှာပေတတ်၊ မလျောက်ပတ်ကို အမှတ်မယူ၊ သူတပါးအား စကားပစ်တင် မဆိုချင်တည်း၊ စိတ်ရွှင်ဝမ်းသာ၊ ခန္တီမှာကား အခါခပ်သိမ်း ကိုယ်နှုတ်ထိမ်း၍၊ မယိမ်းမေတ္တာ ဆင့်ပွားရာသည်၊ မှတ်ပါ လူတော်လူကောင်း လက္ခဏာတည်း။
(NLD ပါတီ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင် အားလုံးအတွက်)။

"ဒီလိုသာဆိုလျှင် မိုးကြီးချုပ်၍ ကျနုပ်အိမ်သို့ မပြန်နိုင်
ပုံပြင်လို ဖြစ်မှာစိုး၍"

Win Naing Eagle said...

နေရာအတွက်လုပ်နေကြတာဆိုရင်တော့ အခွင့်အရေးသမားပဲ၊
ဘယ်လောက်ထိခရီးပေါက်မယ်မှန်းမသိသေးပဲ ဇွတ်တိုးဝင်နေရတဲ့ ခုလိုအချိန်မျိုးမှာ ညီညွတ်ကြဖို့လိုပါတယ်။
အန်တီစု ကိုယုံကြည်တယ်ဆိုရင် ဒီလမ်းမလိုက်သင့်ပါဘူး။

Powered by Blogger.