အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့်
ပြုလိုက်ပြီးနောက် ၊ ပါတီ မှတ်ပုံတင်ရာတွင်
လိုအပ်မည့် ပါတီခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင်များကို ယခုလ ၁၉ ရက်နေ့တွင် ရွေးချယ် သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ
ဦးအုန်းကြိုင်မှ ဘားမားဘီဂျေသို့ ယခုလို ပြောကြား ခဲ့ပါသည်။
ပါတီ မှတ်ပုံတင် လျှောက်ထားရန် ရွေးကောက်ပွဲ ကော်မတီသို့အမည်စာရင်း တင်သွင်းထားသည့် ၂၁ဦးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပါတီ ပြန်လည်၍
မှတ်ပုံတင်ရန် အတွက် လိုအပ်မည့် ပါတီ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင်များကို ပြန်လည် ရွေးချယ်မည် ဖြစ်ကြောင်း၊ ယင်း၂၁ဦး အစည်း အဝေးတွင် ပါတီမူဝါဒ၊
လမ်းစဉ် နှင့် ဖွဲ့စည်းပုံများကို အတည်ပြုကာ ယခု လာမည့် အပတ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွားမည် ဖြစ်ကြောင်း ဦးအုန်းကြိုင်မှ ပြောကြားခဲ့
ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ
ကို ဖွဲ့စည်းထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးမှ ထုတ်ပြန် ကြေငြာထားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်
နေ့က ပါတီ မှတ်ပုံတင်ရေးအတွက် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် လျှောက်ထားခဲ့ပြီးနောက်၊ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုလိုက်သည်။
ဘားမားဘီဂျေ

NLD ခေါင်းဆောင် အမည်စာရင်း ၁၉ရက်နေ့ တွင်ထုတ်ပြန်မည်
Reviewed by သစ်ထူးလွင်
on
08:41
Rating:
No comments:
Post a Comment