လာဖမ်းရင် လိုက်ဖို့ အဆင်သင့် ဟု ရွှေညဝါ ဆရာတော် မိန့်ကြား

ရွှေည၀ါဆရာတော်ဦးပညာသီဟ
ရန်ကုန်တိုင်း၊ကြည့်မြင့်တိုင်မြို့ နယ်ရှိသာဓုပရိယတ္တိစာသင်တိုက်၏ကျောင်းထိုင်ဆရာတော် ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာတစ်စောင်ကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ယနေ့ညနေ ၆နာရီခန့်က ပေးပို့လိုက်ကြောင်း  ဆရာတော်နှင့်နီးစပ်သူတစ်ဦးက ဘားမားဗီဂျေ မီဒီယာ အား ပြောကြားခဲ့ပါတယ်။
အထက်ပါညွှန်ကြားစာနဲ့ ပတ်သက်၍  “မနက်ကတည်းက သင်္ကန်းအပိုနှစ်ထည်ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွားမလို့” ဟု ဆရာတော်က အတည်ပြုမိန့်ဆိုခဲ့ပါတယ်။
မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရွှေည၀ါဆရာတော် တရားဟောပြောခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ယင်းညွှန်ကြားစာထဲတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား နိုင်ငံတော်သံဃာနာယကပိုင် ကြည့်မြင့်တိုင်မြို့ နယ်၊သာဓုကျောင်းတိုက်မှဖယ်ရှားပေးရန်၊ သံဃာအဖွဲ့စည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပြင် သာဓုကျောင်း တိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခွင့်မပြုရန် ပါရှိပါတယ်။ အထက်ပါညွှန်ကြားချက်များကို မလိုက်နာပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၁ အရ အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ မည်သည့်နေ့ရက်တွင် ထွက်ခွာပေးရန်ညွှန်ကြားမှု မပါရှိကြောင်း၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ရွှေည၀ါ ပညာ့ဗိမာန်သို့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကြွရောက်လာရန် အစီအစဉ်ရှိကြောင်းဆရာတော်နှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။
“ဟီလာရီလာတုန်းက ဆရာတော်သွားတွေ့လိုက်လို့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။” ဟု ဆရာတော်၏ အနီးကပ် ကပ္ပိယတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဆရာတော်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်လာရောက်စဉ်က ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပါတယ်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပွဲအပြင် နိုင်ငံရေးအကျဉ်းသားမိသားစုများဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားကိုလည်းယင်းကျောင်းတိုက်တွင်ကျင်းပခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် ရွှေည၀ါဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာ တော်ကိုလည်း ဒီဇင်ဘာ ၉ရက်နေ့ ၂၀၁၁ခုနှစ် မှ ဒီဇင်ဘာ ၈ရက် ၂၀၁၂ခုနှစ်အထိ တစ်နှစ်တိတိတရား   ဟောပြောခွင့် ပိတ်ပင်လိုက်ပါတယ်။

ကိုဟိန်း (ဘားမားဗီဂျေ မီဒီယာ)
လာဖမ်းရင် လိုက်ဖို့ အဆင်သင့် ဟု ရွှေညဝါ ဆရာတော် မိန့်ကြား လာဖမ်းရင် လိုက်ဖို့ အဆင်သင့် ဟု ရွှေညဝါ ဆရာတော် မိန့်ကြား Reviewed by သစ်ထူးလွင် on 08:25 Rating: 5

7 comments:

Tri Asian Taste said...

ဘုရားကဟောခဲ့တယ် သတ်ဗေသင်္ခါရ အနိစ္စ (ဘယ်အရာမှမမြဲဘူးတဲ့) ဒါပေမဲ့ မြန်မာနိုင်ငံက သံဃာ့နာယက အဖွဲ့ မပါတဲ့၊ တည်ထောင်ခဲ့တဲ့ နေ၀င်းရယ်၊ နောက်ဆက်တွဲ စိန်လွင်၊ မောင်မောင်၊ စောမောင်၊ န၀တ၊ နအဖ အခု ၀န်ကြီး ဦးသိန်းစိန်အထိ တခုပြီးတခု ပြောင်းသွားတယ် သံဃာ့နာယက အဖွဲ့ ကတော့ နိစ္စဘဲ။ အော် နိစ္စ.......နိစ္စ

Unknown said...

တောပြန်လို့ ရွာဦး ဆရာတော်ကို သွားဖူးခဲ့ပါတယ်...ဆရာတော်က အသက်
ကြီးပါဘီ...ယခင် ၁၁ ပါးစုံညီမှာ ပါဝင်ခဲ့ပါတယ်...ဒီအလုပ်ဆက်လုပ်လို့ကြာ
ယင် ငါလဲ ဒုက္ခဆိုပီး ထွက်ခဲ့ပါတယ်တဲ့...
ဆရာတော်က ငါ့နေရာ အစားဝင်တဲ့ ကိုယ်တော်ဆို ဒီနေရာရဘို့ သိန်း ၂၅၀
လောက် ကုန်သွားတယ်လို့ မိန့်တယ်....
ဒါတောင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က...

soekoko said...

သံဃာ ကို မဝေဘန် ကောင်းပါဘူး ဆိုတာ သိပါတယ်......... ဒါပေသိ မဟန ကိုယ်တော်တွေ တဆိတ် လွန်တယ် ထင်တယ်.. တရားဟောတာ ပဲ ဘာပြုသဲ ဘုန်ကြီးပါ ဆို တရား မဟော လို့ ပလ္လင် ပေါ်ကနေ ဟစ်ဟော့ ဆိုပြရ မှာလား... ဒယ်အိုး ဆတော် က သူ အလှုခံ လို့ရတာ ကို လူမှု့ရေး အကျိုးပြု တွေ မှာ လှုတာ ဘာဖြစ် လို့ လဲ ဘာလို့ တရားဟောခွင့် ပိတ်ရ တာ လဲ.. ချဲ ဂဏန်း ပေးနေတဲ့ ကိုယ်တော် တို့ ဓါတ်လိုလို နတ် လိုလို ကိုယ်တော် တို့ အဘဘုန်းကြီး တို့ အဖေ ဘုန်းကြီးတို့ ဘာတို့ ညာတို့ ကြတော့ ဘာမျ မလုပ် ပဲ နဲ့....... တကယ် ပဲ တို့ နိုင်ငံ မှာ ကျောက်ဖျာ တွေ ရောပေါ်ပြီး ဘူးတောင်းတွေ မြုပ်ကုန်ပါပြီ ကွာ.........။.

thawthar said...

အဲဒီ မဟနဥက္ကဋ္ဌ ဘုန်းကြီးတွေက ဘယ်သူတွေတင်မြှောက်ထားလဲ။
2007သံဃာ့အရေးအခင်းမှာလဲဘာသံမှမကြားမိသလိုပဲ။

Anonymous said...

သြော် အနှစ်မဲ့တော......ပင်မင်းမူ ဆိုတာလို၊ ကာလနှယ်ဆိုးပါဘိ သခိုးက လူလူ။ ကြောက်ပါတယ်ဗျာ ပြောတော့ပါဘူး။

Anonymous said...

သံဃာဆိုတာတရားဟောတယ်ဆိုဘုရားဟောအတိုင်းလူသားအားလုံးအကျိုးရှိမယ့်တရားတော်ကိုဟောပြောဆုံးမရပါတယ်။နိုင်ငံရေးသမားဆိုတာသူ့ပါတီကောင်းကြောင်းသူများပါတီတွေမကောင်းကြောင်းဟောပြောစည်းရုံးကြပါတယ်။သံဃာအမည်ခံပြီးနိုင်ငံရေးတွေဟောပြောနေတဲ့သူဟာသံဃာအစစ်အမှန်မဟုတ်တာနားလည်ကြဖို့လိုပါတယ်။

khit lu said...

အဲ့ဒီ၄၇ ယောက်ကလဲ ...လူလိုပါဘဲ ....စစ်တပ်က ၀ါဆိုသင်္ကန်းကပ်နေကြမို့နေမှာပါ....စစ်သားဆရာတော်တွေနေမှာပေါ့...

ပဲခူးကြခတ်ဝိုင်းထက် ဆိုးနေသလိုဘဲ ....

Powered by Blogger.