ရွှေညဝါဆရာတော်အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေးယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါအကြောင်းကြားစာမှာ ရွှေည၀ါဆရာတော် ဦးပညာသီဟ အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ပိုင် ကြည့်မြင်တိုင်မြို့ နယ် သာဓုကျောင်းတိုက်မှဖယရှားရန် ၊ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်၏ ဆုံးမညွှန်းကြားည်ကို မနာခံ၍ ဗုဒ္ဓစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန် ၊ နိုင်ငံတော်သဃမဟာနာယကအဖွဲ့ ၏ ခွင့်ပြုချက်မရဘဲ မည်သည့်ပုဂ္ဂိုလ်မျှ သာဓုကျောင်းတိုက်အတွင်း၌ မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင် ရွက်ခြင်းမပြုရန် စတဲ့ အချက်(၃)ချက်ပါရှိပါသည်။
By: သစ်ထူးလွင်
ရွှေညဝါဆရာတော် အား အရေးယူဆောင်ရွက်ရန် ညွှန်ကြားချက်
Reviewed by
သစ်ထူးလွင်
on
21:34
Rating:
5
10 comments:
In this new democracy nation catching or treating to any human being is not appropriate because we are not communist nation. Many monks give speech in many government organization, and that should not be threat to government. Some Dama organization is holding old policy to please government and that is destroying Buddha Dama.Religious should be freedom in democracy nation unless they are killing the people.
အရှေ့ နဲ နောက် ကွာသလို အလင်းနဲအမှောင် ကွာခြားကြောင်း မြတ်စွာဘုရားဟောကြားထားတာဘာသာဝင်တိုင်းသိပါတယ်...
စစ်တပ်လည်းသူနေရာပြန်သလို ဘုရားသားတော်တွေလည်းဘာသာတရားဘတ်ပြန်သင့်ပါပြီ...
တိုင်းပြည်အတွက်နိင်ငံရေးသမားတွေတာဝန်ဖြစ်ချိန်တန်တာကြောင့် အရှင်ရဟန်းတို့လည်း ဘာသာေ၇းတာဝန်အဓီကဖြစ်သင့်ပါပြီ...ယခုလိုသတင်းမျိုးဟာ နိုင်ငံရေးအသင်းအဖွဲအတွက်အနှောက်ယှက်ဖြစ်စေသလို ပြည်ပြရောက်ဘာသာဝင်များတွက်အရှက်ရစေပါတယ်
နိုင်ငံရေး နှင့် ဘာသာရေး သီခြားရှိစေချင်သူ
မတရားအစိုးရ ရဲ့ မတရားဆုံးဖြတ်မှု ကို ဒို့မြန်မာတွေ သီးခံ နေကြတယ်၊ ...သာဓု သာဓု သာဓု ပါတော်။
တပြည့်တော်ကနွားကျောင်းသားလောက်ဘဲသိပါတယ်ဘုရား။ မြတ်စွာဘုရား ရဟန်းတွေကို တရားဟောဘို့ ဆုံးမသလို နေရာအကန့် အသတ် လဲပေးမထားခဲ့ဘူးလို့ သိရပါသည်ဘုရား။ တရားဟောလို့ သာဓုခေါ်တာဘဲ ဖတ်ဘူးတယ်။ ကျောင်း သင်္ဃန်းကထွက်ခိုင်းတာ တခါမှမကြားဘူး မဖတ်ဘူးပါဘူးဘုရား။ ဘုရားလက်တက်က ရွှေညဝါဆရာတော်လိုမျိုး ဇတ်တော်များရှိခဲ့လျှင် ပြောပြပါဘုရား။ ဦးခိုက်လျှက်
ထေရဝါဒ ဗုဒ္ဓ ဘာသာ ကရဟန်းတွေကော ဒလိုင်းလာမား တို့လို နိုင်ငံရေး လုပ်လို့မရဘူးလား..သံဃနာယက ကဆရာတော်တွေ၇ဲ့ကျောင်းတွေမှာလဲ ဘာသင်တန်း ညာသင်တန်း ဆိုပြီးဖွင့်ထားတာတွေ ရှိတာဘဲ သူတို့ကိုကော ဘယ်လို အရေးယူမလဲ..တရားတော်နဲ့ မွေ့လျှော်တဲ့တရားတော်ဘုရားတွေ ကိုယ်လုပ်တဲ့အလုပ်.တရားတယ်.မတရားဘူးဆိုတာ ကိုယ့်ဘာသာသိကြပါတယ်.နောင်တမရဘဲ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်ပြီး တရားရှာနိုင်ကြပါစေ....သာသနာ အကာကွယ်ယူပြီးအာဏာမရူးကြပါနှင့်....။
မေးပါရစေ ၁၊ နိုင်ငံရေးလုပ်တယ်ဆိုတော့ ရွှေည၀ါဆရာတော်က ဘယ်ပါတီထဲ ၀င်ထားပါသလဲ။ ၂၊ နိုင်ငံရေးလုပ်တာနဲ့ နိုင်ငံအရေး လုပ်တာ ဘယ်လိုကွာသလဲ။ ၃၊ သူတို့ပြောခြင်တဲ့နိုင်ငံရေးဆိုတာ ဘာလဲ။ ၄၊ အမြင်မရှိဘဲ ခေါင်းဆောင်နေရာယူသူတွေ ခိုင်းရာလုပ်တော့ ဘယ်သူတွေ ထိခိုက်ပါသလဲ။ ၅၊ NLD ကိုရော ပြည်သူဆိုတဲ့စာရင်းထဲ မထည့်တော့ဘူးလား။ ၆၊ NLD ကရော တရာဝင်ပါတီဖြစ်သွားပီမဟုတ်လား။ ၇၊ ဘုရားရှင်ဘ၀ဖြစ်စဉ်မှာ အဇာတသတ်တို့လို မကောင်းတဲ့ ခေါင်းဆောင်တွေ တက်လာတဲ့အခါ မင်းအလိုမလိုက်ပဲ နေခဲ့ပီး နောက်ဆုံး သာဝတ္ထိကိုပြောင်းသီးတင်းသုံးရတဲ့အဆင့်ထိ ဖြစ်ခဲ့ရတာတွေကိုရော သံဃာ့ဘက်က သတိမထားသင့်ဘူးလား၊ ၈။ မဟနစတဲ့သံဃာ့အဖွဲ့အစည်းတွေရှိတာဟာ တော်တော်များများ အကျိုးရှိနေပေမဲ့ လက်ကိုင်ဒုတ်ဖြစ်နေရင် အဖွဲ့အစည်းတင်မက သံဃာဘက်မှာပါ အကျိုးသက်ရောက်မှု ရှိမလာနိုင်ဘူးလား-------------- အမှားပါလျှင်ခွင့်လွှတ်ပါ
ကလေးလဲ မဟုတ်ကြပဲနဲ့ အဓိပ္ပါယ် မရှိတာတွေ သိပ်မလုပ်ကြပါနဲ့ ဘုရား...........။ တတ်ထားတဲ့ ပညာ သင်ထားတဲ့ အတွေးအခေါ် ရောက်ရှိနေတဲ့ အသက်နဲ့ စဉ်းစား ချင့်ချိန် ဆုံးဖြတ်တော်မူကြပါ........။ ဘယ်သူတွေ က မှား ပြီး ဘယ်သူတွေ က မှန်နေသလဲ ဆိုတာ တော်တော် များများ သိကြပါတယ်........ ကြီးသင့် ကျယ်သင့် တဲ့ မျက်စိ နားတွေ ကျယ်ပေးကြပါ မကျယ် သင့် တဲ့ -င်ခေါင်းကြီးတော့ သိပ်မကျယ် ပါနဲ့ ............။
ဆရာတော် သီဟ မိန့်တော်မူသလိုပါပဲ။ ။ ။ ။ ။
ကိုင်းဒီလောက်၇ှိလှ ၇န်ကုန်မြို့လယ်က ဦးဥတ်တမ အထိမ်းအမှတ် ကျောက်တိုင်ကိုတာ ဖြိုကြပါတော့။။။
ကြောက်ပါ၇ဲ့ဘု၇ား။
227?
227=?
Post a Comment