လမ်းဘေးတွင် လမ်းလျှောက်နေသူ နှစ်ဦးအား ခရီးသည်တင်ယာဉ် တိုက်၍တစ်ဦးသေ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကား
အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးတွင် မထသ (၄၄) ယာဉ်လိုင်းမှ ယာဉ်တစ်စီးက လမ်းဘေး လျှောက်နေသူ နှစ်ဦးအားတိုက်မိ၍ တစ်ဦးသေဆုံးခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၃ ရက်နံနက် ၉ နာရီမိနစ် ၅၀ အချိန်တွင် အောက်မင်္ဂလာဒုံလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသော ၆ခ/၇၁၃၄ ဖူဆိုဘတ်စ်အနီ (၄၄) မထသ ယာဉ်တစ်စီးက ယာဘက်လမ်းစပ်မှ လမ်းလျှောက်သွားနေသူ ကိုလွမ်းယုနှင့် ကိုစန်းလွင်ဦးတို့ကို တိုက်မိခဲ့ခြင်းဖြစ်သည်။

" ယာဉ်မောင်းတွေက စည်းကမ်းမလိုက်နာဘဲ မောင်းချင်တိုင်းမောင်းတယ်။ ပြီးရင် တာဝန်မ ယူချင်ဘဲ ထွက်ပြေးကြတယ်။ အစကတည်းက ဆင်ခြင်သင့်တယ်။ ပြီးမှ ထွက်မပြေးသင့်ဘူး" ဟု ကြိုးမဲ့ကြေး နန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ၂၉ နှစ်အရွယ်ရှိ ကိုလွမ်းယမှာရင်ဘတ်ဖူးရောင်၊ ယာဘက်ပေါင် စုတ်ပြဲ ဒဏ်ရာဖြင့် အင်းစိန်ဆေးရုံးတွင် သေဆုံးခဲ့ပြီး ၃၆ နှစ်အရွယ်ရှိ ကိုစန်းလွင်ဦးမှာ ၀ဲဘက်ပခုံးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့သော်လည်း ဒီဇင်ဘာ ၄ ရက် ၁၂ နာရီ ၁၀ မိနစ် တွင် အောင်ဆန်း အထက (၃)အင်းစိန်ကျောင်းရှေ့၌ ကားနှင့်အတူ ဖမ်းမိခဲ့သည်ဟု အထက်ပါပုဂ္ဂိုလ် ကပြောကြောင်း 7 DAY NEWS Journal မှာရေးသားဖော်ပြထားပါသည်။

By: သစ်ထူးလွင်
လမ်းဘေးတွင် လမ်းလျှောက်နေသူ နှစ်ဦးအား ခရီးသည်တင်ယာဉ် တိုက်၍တစ်ဦးသေ လမ်းဘေးတွင် လမ်းလျှောက်နေသူ နှစ်ဦးအား ခရီးသည်တင်ယာဉ် တိုက်၍တစ်ဦးသေ Reviewed by သစ်ထူးလွင် on 19:36 Rating: 5

1 comment:

Anonymous said...

ကျွန်တော်တို့ အဲဒီယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို တစ်ခုခု ပညာပေးလုပ်ငန်းတွေ တင်းတင်းကြပ်ကြပ်လုပ်ဖို့သင့်နေပြီ။ ဘယ်လို အရည် အချင်းတွေနဲ့ ခန့်ထားတာလဲမသိပေမဲ့ များသောအားဖြင့် အတတ်ပညာနည်း ကြမယ်ထင်တယ်။ တစ်ကယ်က စပယ်ယာလုပ်တယ်ဆိုတာ လူတွေအများ ကြီးနဲ့ဆက်ဆံရတဲ့သူမို့ တွေ့ရာသူမခန့်သင့်ဘူးထင်တယ်။ ညစ်ညမ်းတာတွေ ပြောတယ်။ အရင်လိုရင်အတင်းဆွဲချတယ်။ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ။ ဘယ်အမျိုးသမီးမဆို တွေ့ရာ ဆွဲကိုင်တယ်။ နောက်ကျော်တက်၊ ပြိုင်မောင်း။ အသက်တွေကို ကားထဲထည့် ပြီး ကိုယ်လုပ်ချင်သလို လုပ်နေကြတယ်။ တိုင်းပြည်က မိုးပျံ ရထားတွေဆောက်ဖို့လုပ်နေပြီး ရှိတဲ့လိုင်းပေါင်းစုံကိုတောင် ထိန်းသိမ်းဘို့
မနိုင်နင်းသေးဘူး။ တက်က်စီမီတာဆိုတာ သတင်းစာထဲ တီဗွီထဲမှာ အခါ ပေါင်း မြောက်မြားစွာအော်နေပြီး သင်္ကြန်အမြောက်ပါဘဲ။ လမ်းပေါ် မှာကားပြိုင်မောင်းနေတုန်း၊ ယာဉ်ထိန်းရဲတွေကတောင်းနေတုန်း၊ ကားသ မားတွေကလည်း ပေးပြီးလုပ်ချင်သလိုလုပ်နေတုန်း။ အဲဒီစီမံကိန်းတွေချတဲ့ လူတွေ လူယောင်ဆောင်ပြီး အငှားကားစီးကြည့်ပါ။ လိုင်းကားပေါင်းစုံစီး ကြည့်ပါ။ ပြည်သူ့ဘ၀အစစ်အမှန်တွေတွေ့ ရပါလိမ့်မယ်။

Powered by Blogger.