သမ္မတ ဇာဒါရီ |
ဘနာဇီယာ ဘူတိုကို အကောင်းဆုံးဂုဏ်ပြုတဲ့နည်းကတော့ ဒီမိုကရေစီနဲ့တကွ တိုင်းပြည်မှာရှိနေတဲ့ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ပြီး ဖျက်လိုဖျက်ဆီး ကြံစည်နေတာတွေကို တိုက်ဖျက်ဖို့ပါပဲလို့ သမ္မတ ဇာဒါရီက ပြောပါတယ်။
ပါကစ္စတန်မှာ စစ်တပ်ကအာဏာသိမ်းတော့မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေချိန်မှာ ဇာဒါရီက အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်နေကြောင်း၊ အင်အားကြီးအမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ရှိရာကို သွားရကြောင်း၊ သူ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ထူထောင်တယ်ဆိုတာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့ အတတ်ပညာဖြစ်ကြောင်း ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုခဲ့ပါတယ်။
RFA
ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီ ပြောကြား
Reviewed by သစ်ထူးလွင်
on
07:03
Rating:
2 comments:
တခြားနိုင်ငံသားခေါင်းဆောင်များ အမေစုလမ်းစဉ်ကို နမူနာယူသင့်ကြောင်းပြောနေကြတဲ့ အချိန်မှာ..မြန်မာနိုင်ငံသား ခေါင်းဆောင် လွှတ်တော်အမတ်များ...ကိုယ့်တိုင်းပြည် လူမျိုးများ ကောင်းစားနေအတွက်..ဘာတွေများ လုပ်ဆောင်ပြီးကြ ပြီးလဲ
အမေစုက...အုပ်ချုပ်သူတွေချမ်းသာပြီး ပြည်သူတွေဆင်းရဲနေတာရှက်ရမယ်တဲ့။
ဇာဂနာက...လွှတ်တော်၊ လိမ်တယ်တဲ့။
ဖတ်မိ၊မှတ်မိတာလေးပြောပါတယ်။
Post a Comment