ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး
နိုဘယ်လ်ဆု ရရှိခြင်း အနှစ် (၂၀) ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့သည့်
ကြည့်မြင်တိုင် သာဓု ပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို
လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့်
လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP
ပါတီအဖွဲ့ဝင်တစ်ဦးက ယနေ့ည ၁၁ နာရီက The Voice Weekly သို့ပြောကြားသည်။
" ညနေ ၄ နာရီကျောင်းကနေ ဦပညာသီဟကို အပြီးထွက်သွားဖို့၊ဘုန်းကြီးဝတ်နဲ့ နိုင်ငံရေးမလုပ်ဖို့ လုပ်ချင်ရင် လူဝတ်လဲဖို့အတွက် စာထုတ်ထားတာပါ၊ ကျောင်းမှာဘုန်းကြီးကျောင်းသားေ
တွ လူတွေများတော့ ခိုက်ရန်တစ်ခုခု ဖြစ်သွားမှာစိုးလို့ လုံခြုံရေးယူထားတာပါ အခု ည ၇ နာရီလောက်အထိ ကျောင်းမှာ ရှိနေသေးတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့တွင် တရားဟောကြားခဲ့သဖြင့် ကြည်မြင်တိုင်သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့်လူဝတ်လဲရန် ၊နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်းမပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။
by The Voice Weekly

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
Reviewed by သစ်ထူးလွင်
on
08:22
Rating:
4 comments:
ဘုရား.....ဘုရား..... လက်သံပြောင်လိုက်တာ မသိရင် ဗိုလ်ချုပ်တွေ ဘုန်းကြီးဝတ်ထားသလားအောင်မေ့ရတယ်။
စစ်ဗိုလ်တွေကို အသွင်ပြောင်းထားလားမှမသိတာ။ ။
ပြည်သူ့ဘက်တော်သားတွေကို နှိပ်ကွပ်နေပီ။ ပြည်သူတွေက ပြန်ပီး အကာအကွယ်ပေးသင့်ကြပါတယ်။ ။
မှားတာ၇ှိ၇င် ခွင့်လွတ်ပါ ဘု၇ား
ဒီသံဃာ့မဟာနာယက တွေက ဒီမိုကေ၇စီနည်းနဲ့ တင်ထားတာလား?
မဟုတ်၇င် သံဃာ့ေ၇ွးကောက်ပွဲ ပြန်လုပ် အပြီးထုပ်ပစ်ကွာ ဒါအကောင်းဆုံးပဲ
Post a Comment