Sky Net ကြောင့် ဘောလုံး ၀ါသနာအိုတွေ အခက်တွေ

Sky Net  မှ မြန်မာနိုင်ငံတွင် ပထမ ဆုံး ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲစဉ်ပေါင်း ၃၈၀ ကျော်ကို တစ်ဦးတည်း မူပိုင်ထုတ်လွှင့် ခွင့်ရရှိပြီး ချိန်တွင် ရှစ်ပေ စလောင်း တွင်ကြည့် ရှုခွင့် မရတော့ကြောင်း စလောင်းကြည့်ရှု သူ များထံမှ သိရသည်။
“ကျွန်တော်တို့ ပွဲလာခါနီး အချိန် အထိ စောင့်ကြည့်နေတာပါ။ ဘောလုံးပွဲ လည်း စရော၊ အနက်ရောင် ဖန်သားပြင်ချည်းပဲ ကျန် ခဲ့တယ်။ မလာတော့ဘူး။ စောင့်ရ ကျိုးမနပ် ဖူးပေါ့ဗျာ”ဟု ချန်ပီယံ လိဂ်ပွဲစဉ်များကို စောင့် ကြည့်သည့် ဘောလုံး ၀ါသနာရှင်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ယခင်က ချန်ပီယံ လိဂ်ပြိုင်ပွဲများကို နှစ်ပေ စလောင်းနှင့် ရှစ်ပေ စလောင်း များကိုသာ အဓိက ထားပြီးကြည့် ရှုခဲ့ကြသော် လည်း လက်ရှိအချိန်တွင် Sky Net  မှ တစ်ဦးတည်း မူပိုင်ပြသခွင့် ရယူပြီး နောက်တွင် နှစ်ပေ စလောင်းနှင့် Sky Net  နှစ်မျိုးသာ ကြည့်ရှုခွင့်ရနေခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ရှစ်ပေ စလောင်းတပ် ထားတာကြာပါပြီ။ အခုတော့ ရှစ်ပေ က ဒီဗွီ ဘီနဲ့ သတင်းလောက်ပဲ ကြည့်လို့ရ တော့ တယ်။ ဘောလုံးပွဲကြည့်ဖို့ ဆိုရင်တော့ Sky Net  ပဲပြောင်းတပ် ရမလိုဖြစ်နေပြီ”ဟု ဘော လုံးဝါသနာရှင် တစ်ဦးက သူ၏ခံစားချက်ကို ပြောကြားသည်။
မြန်မာနိုင်ငံ တွင် ဘောလုံးဝါသနာရှင် များ အတွက် MRTV – 4 မှ Family Entertainment Box များသည် ဈေးနှုန်း ချိုသာ သော်လည်း ပရီးမီးယား လိဂ်ပွဲစဉ်များကိုသာ ကြည့်ရှုခွင့် ရပြီး Sky Net  မှာမူ ဘောလုံး ပွဲစဉ် အားလုံးနီးပါး ထုတ်လွှင့်ပေးနိုင်သည့်အပြင် ပြည်တွင်း တွင်ယှဉ်ပြိုင် ကစားနေလျက်ရှိသည့် အားကစားပွဲများ၊ စတိတ်ရှိုးများ အပါအ၀င် နိုင်ငံတကာ အားကစားပွဲတော်များ အားလုံး နီးနီးကို တိုက်ရိုက် ကြည့်ရှုနိုင်သော် လည်း ဈေး နှုန်းမှာ လူတိုင်းကြည့်နိုင်သည့် အနေအထား တွင် မရှိသောကြောင့် ဘောလုံး ၀ါသနာရှင် များအနေဖြင့် လက်ဖက်ရည် ဆိုင်နှင့် အခြား စားသောက်ဆိုင် များကိုသာ အားကိုး နေရ သည်။
ခန့်ညီသက်
Sky Net ကြောင့် ဘောလုံး ၀ါသနာအိုတွေ အခက်တွေ Sky Net ကြောင့် ဘောလုံး ၀ါသနာအိုတွေ အခက်တွေ Reviewed by သစ်ထူးလွင် on 18:11 Rating: 5

2 comments:

Anonymous said...

အစိုး၇က နောက်ထပ် providerတွေထပ်ချပေးလိုက်၇င်ကောင်းမယ်ဗျာ

Anonymous said...

၈ပေကမလွှင့်တော့တာ skynet နဲ့ဆိုင်လို့လား skynet receiver ကနေကြည့်ရင် ထိုင်းBECch3 နဲ့ BBTV7 ကပြနေပါသေးတယ်

Powered by Blogger.