ကြားဖြတ် ရွေးကောက် ပွဲ၌ လွတ်လပ် နေရာ ၄၈ နေရာ NLD ဝင်ရောက် ယှဉ်ပြိုင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပါတီမှတ်ပုံတင်ပြီး ကြား ဖြတ်ရွေးကောက်ပွဲ၌ လွတ်လပ်မဲ ဆန္ဒနယ် ၄၈ နေရာလုံး ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျွန်မသဘောက ရွေးကောက် ပွဲကို မဲဆန္ဒနယ် အားလုံးမှာယှဉ်ပြိုင် မယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က နိုင်ငံရေး ပါတီတစ်ခုလို မလှုပ် ရှားရ တာ တော်တော်ကြာပြီ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဗဟိုဦးစီး အဖွဲ့ဝင်များကို ပြောကြားသည်။
အဆိုပါအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီ မှတ်ပုံတင်ရေး ဥပဒေ နှင့်အညီ မှတ်ပုံတင်ခြင်းနှင့် နောင်လာမည့် ရွေးကောက်ပွဲ တိုင်း တွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဆုံးဖြတ် ချက်ကို နိုဝင်ဘာ ၁၈ ရက်တွင် အဖွဲ့ချုပ်ရုံးချုပ်၌ ဗဟို ဦးစီး အစည်း အဝေးခေါ်ယူဆုံးဖြတ်ချက်ချခဲ့သည်။
ယင်းဗဟို ဦးစီး အစည်းအဝေး တွင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ ၀င်ပေါင်း ၁၀၀ ကျော်တက်ရောက် ဆွေးနွေးခဲ့သည်။
“နိုင်ငံရေး အကျဉ်းသား တွေသာ လွတ်မယ် ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် အတိုင်း သဘောတူ တယ်” ဟု မူလ လက်ဟောင်းအမျိုး သားဒီမိုကရေစီပါတီမှ ဦးစိုးဝင်းက ဆိုသည်။
လစ်လပ်မဲ ဆန္ဒနယ်များမှာ ကချင်ပြည်နယ် တွင် ပြည်သူ့လွှတ် တော်သုံး နေရာ(ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုး သား လွှတ်တော်နှစ်နေရာ (ကန့်ဘ လူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီ တိုင်းဒေ သကြီးတွင် ပြည်သူ့ လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်း ဒေသကြီးတွင် ပြည်သူ့ လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံ တန်း)၊ အမျိုးသား လွှတ်တော်တစ် နေရာ (အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေ ရာ (က၀မြို့နယ်မဲဆန္ဒနယ်အမှတ်- ၂) တို့ဖြစ်ကြသည်။
မကွေးတိုင်း ဒေသကြီးတွင်ပြည် သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသား လွှတ်တော်တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေး တိုင်း ဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၁၀ နေရာ (ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက် ပန်းတောင်း၊ နွားထိုးကြီး၊ မဟာ အောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည် သူ့ လွှတ်တော် တစ်နေရာ (မော်လ မြိုင်)၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်သူ့ လွှတ်တော်ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာ တောင်ညွန့်၊ လှည်းကူး၊ မရမ်း ကုန်း)၊ ရှမ်းပြည်နယ် တွင် ပြည်သူ့ လွှတ်တော်တစ်နေရာ (ကလော)၊ အမျိုးသား လွှတ်တော်တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါး ခယ်မ၊ မြန်အောင်)၊ အမျိုးသား လွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေး ဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ် နေရာ (ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ်-၂) တို့ဖြစ်ကြသည်။
ကျော်ဇေယျာဝင်း
ကြားဖြတ် ရွေးကောက် ပွဲ၌ လွတ်လပ် နေရာ ၄၈ နေရာ NLD ဝင်ရောက် ယှဉ်ပြိုင်မည် ကြားဖြတ် ရွေးကောက် ပွဲ၌ လွတ်လပ် နေရာ ၄၈ နေရာ NLD ဝင်ရောက် ယှဉ်ပြိုင်မည် Reviewed by သစ်ထူးလွင် on 18:52 Rating: 5

No comments:

Powered by Blogger.