ထပ်စင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး စတင်

သောကြာနေ့ညနေက လုမ္ဗဏီဥယျာဉ်အပြင်ဖက်မှာ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ကိုပြန်ခေါ်ဖို့လုပ်တဲ့ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြနေကြစဉ်
ထိုင်းနိုင်ငံမှာ မကြာခင်မှာထုတ်ပြန်မယ့် အငြင်းပွားစရာဖြစ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဒီကရီကြောင့် ရာမ (၄) လမ်းမကြီးပေါ်က လုမ္ဗဏီဥယျာဉ်အပြင်ဖက်မှာ ဒီလွတ်ငြိမ်းခွင့်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူပေါင်း ၁၀၀၀ လောက်စုရုံးခဲ့ကြပါတယ်။ မနှစ်ကလုပ်ခဲ့တဲ့ ရှပ်နီဆန္ဒပြပွဲတွေဟာ သွေးစွန်းမှုတွေနဲ့အဆုံးသတ်ပြီးကတည်းက ပထမ ဆုံးနိုင်ငံရေးအရ စုဝေးမှုတခုဖြစ်တဲ့ လူထုစုဝေးမှုကြီးတခုကို တူးလ်ဆီသီဆုမ်ဝေါင် ဦးဆောင်တဲ့ ထပ်စင်ဆန့်ကျင်ရေး အုပ်စုတစုက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစုဝေးမှုကြီးဟာ ညနေ ၅ နာရီမှာ စတင်ခဲ့ပြီး တနာရီလောက်ကြာပါတယ်။

ပန်းခြံထဲမှာ နောက်အုပ်စုတစုဖြစ်တဲ့ ဆမ်မက်ခီ (၀ါ) ညီညွတ်သောထိုင်း အဖွဲ့ကလည်း ဒီအမိန့်ဒီကရီကို ဆန့်ကျင် ကြဖို့ စုရုံးခဲ့ကြပါတယ်။
ဒီအမိန့်ဒီကရီအပေါ် ဆန့်ကျင်ကန့်ကွက်စာကို ဘုရင့်အတိုင်ပင်ခံကောင်စီကို တင်သွင်းဖို့ တနင်္လာနေ့မှာ နောက်ထပ် တခါစုရုံးကြဖို့ ဒေါက်တာတူးလ်က ဆန္ဒပြသမားတွေကို တောင်းဆိုလိုက်ပါတယ်။ ဒါပြီးရင်တော့ အင်္ဂါနေ့မှာ အစိုးရ အိမ် တော်မှာ သူတို့စုရုံးကြမှာ ဖြစ်ပါတယ်။ဒီအမိန့်ဒီကရီကို သဘောမတူကြတဲ့ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ ကန့်ကွက် စာမှာ သူတို့နာမည်တွေ လက်မှတ်ရေးထိုးပြီး သူတို့ရဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကို တင်ကြဖို့ သူက တောင်းဆို ထားပါတယ်။ အစိုးရဟာ လူပုဂ္ဂိုလ်တဦးတယောက်အတွက်(ထပ်စင်အတွက်) ကူညီဖို့ရည်ရွယ်ချက်နဲ့ နန်း တော်က အမိန့်ဒီကရီကို အတည်ပြု ထုတ်ပြန်ဖို့ လုပ်နေတာ ဖြစ်တယ်။လို့ ဒေါက်တာတူးလ်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ဘုရင်ကြီးမွေးနေ့ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ အကျဉ်းသား ၂၆,၀၀၀ ကို လွှတ်ပေးဖို့ လုပ်နေတဲ့ နန်းတော်ရဲ့ အမိန့်ဒီကရီကို ကက်ဘိနက်က အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။  ဒီကိစ္စအပေါ် အစိုး ရရဲ့ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ဒီမိုကရက်ပါတီခေါင်းဆောင် အဖိဆစ်က ၀န်ကြီးချုပ်ကို တောင်းဆိုထားပါ တယ်။ ဒါက စစ်ရေကိစ္စမဟုတ်ဘူး၊ နိုင်ငံရေးကိစ္စဖြစ်တယ်လို့ ပြောလိုက်ပြီး လောလောဆယ်မှာတော့ ဒီလွတ်ငြိမ်းခွင့် ကိစ္စအပေါ် စစ်တပ်က ထင်မြင်ချက်မပေးပါဘူး။ တပ်မတော်အကြီးအကဲကတော့ တပ်မတော် အနေနဲ့ ရေဘေးဒဏ်ခံရ တဲ့လူတွေကို ကူညီဖို့ပဲ အလေးထားလုပ်စေချင်တယ်လို့ အမှတ် (၁) တပ်တော်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဥဒွမ်ဒေ့ခ်ျဆီထာ ဘတ် က ပြောပါတယ်။ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖရားယုသ်ကျန်းအိုချား ကတော့ ဒီကိစ္စအပေါ် မှတ်ချက်မပေး ပါဘူး။
နိုဝင်ဘာ ၁၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

နေ့သစ်
ထပ်စင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး စတင် ထပ်စင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး စတင် Reviewed by သစ်ထူးလွင် on 23:11 Rating: 5

No comments:

Powered by Blogger.