အင်းစိန်အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ဟာ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆက်လက် ဆန္ဒပြနေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်က ပြောဆိုလိုက်ပါတယ်။
လျှော့ရက်ခံစားခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လျော့ရက်ခံစားခွင့်ရရှိဖို့ အစာငတ်ခံ ဆန္ဒပြနေခဲ့တာဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေဘက်ကတော့ ဘာသတင်းမှ ထုတ်ပြန်တာမျိုး မရှိတဲ့အပြင် ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေကိုလဲ ယနေ့အချိန်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြနေတာ နာရီပေါင်း ၂၀၀ ကျော်ရှိသွားပြီဖြစ်တဲ့အတွက် ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ကျန်းမာရေးကို အထူးစိတ်ပူတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
အခုလို ထောင်ဝင်စာပိတ်သိမ်းထားတာကို မေးမြန်းဖို့အတွက် ဒုထောင်မှုးထံ ဖုန်းဆက်မေးမြန်းနိုင်တယ်လို့ ဆိုပေမဲ့ မိသားစုဝင်တွေအနေနဲ့ အခုအချိန်အထိတော့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ဘူးလို့ သိရပါတယ်။
Burma VJ Media Network
Burma VJ Media Network
အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ဟာ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆက်လက် ဆန္ဒပြနေဆဲ
Reviewed by သစ်ထူးလွင်
on
18:26
Rating:
No comments:
Post a Comment