နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရက်စက်တဲ့လူသတ်မှု ဖြစ်ပွါး ရပ်ကွက် တာဝန်ကျ ရဲ နဲ့ အုပ်ချုပ်ရေးမှူးရုံးက တာဝန်မယူ

မြောက်ဥက္ကလာပမြို့၊ နွယ်သာကီ ၆လမ်းသို့ ညအချိန် ကားများဖြင့် ဝင်ရောက်လာပြီး လိုက်ပါလာသည့် လူ ၂ဝဝန်းကျင်ခန့်က ရပ်ကွက်နေ လူလတ်ပိုင်းတစ်ဦးအား ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ခဲ့သည့် ရာဇဝတ်မှုတစ်ခု ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်ည ၈နာရီ ၃ဝဝန်းကျင်ခန့်က နိုင်ငံခြား ရုပ်ရှင်ဆန်ဆန် ဖြစ်ပွားခဲ့သည်။  အဆိုပါ ဖြစ်ရပ်စတင်ခဲ့ချိန်မှာ ကာယကံရှင်ဖြစ်သူ ကိုကျော်မင်း (အသက် ၃ဝ)၊ မြောက်ဥက္ကလာ ဆေးရုံကြီးသို့ ရောက်ရှိသေဆုံးသွား ချိန်အထိ တာဝန်ယူမှုမရှိခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျ ရဲတပ်ဖွဲ့အား မကျေနပ်၍ နွယ်သာကီ ၁ လမ်းမှ ၈ လမ်းအပေါ်နှင့် အောက်နေ ရပ်ကွက်သူရပ်ကွက်သား များမှာ လမ်းမပေါ် ထွက်၍ စုပေါင်း အရေးဆိုခဲ့ကြသည်။ ”စဖြစ်တဲ့အချိန်ကတည်းက ရပ်ကွက်ရုံးက တံခါးပိတ်ထားတယ်။ အခုတ်ခံရတဲ့ လူကိုလည်း ရပ်ကွက် က ဆေးရုံပို့ရတာ။ ဟိုကျမှ ဆုံးတာပါ။ နောက်တော့ တစ်ရပ်ကွက်လုံး မကျေနပ်လို့ ရပ်ကွက်ရုံးကို ဝိုင်းပြီး ခဲတွေနဲ့ထုမှ အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့တွေ ကားနဲ့ ထွက်သွားကြ တာလေ။ ဥပဒေအရ အရေးယူပေးပါမယ် ပြောတာပဲ” ဟု နွယ်သာကီ လမ်းမကြီးပေါ် စုဝေးရောက်ရှိနေ သူများထဲမှ အသက် ၂၅ ဝန်းကျင် အမျိုးသမီးတစ်ဦးက ယင်းည ၁၂ နာရီခန့်က Popular  News သို့ ပြောသည်။ ဖြစ်ပွားပုံမှာ ယင်းနေ့ည ၈း၃ဝ ခန့်အချိန်တွင် မြောက်ဥက္ကလာ၊ နွယ်သာကီ လမ်းမကြီးအတိုင်း လိုက်ထရပ်ကားတစ်စီး၊ ဂျစ်ကား တစ်စီး နှင့် တက္ကစီတစ်စီး အပြင်းဝင်ရောက် လာပြီး နွယ်သာကီ ၆ လမ်းထိပ် တွင် ရပ်ခဲ့သည်။ အဆိုပါ လိုက်ထရပ်ကားပေါ်တွင် လူ ၂ဝ ခန့်ပါလာသည်ဟု ကိုယ်တွေ့မြင် ခဲ့ရသူများက ဆိုပြီး ၄င်းတို့မှာ ကားပေါ်မှ ဓားရှည်များဖြင့် ဆင်းကာ အရက်ဆိုင် အတွင်း ထိုင်သောက်နေသော ကိုကျော်မင်းအား ဦးတည်ထိုးခုတ် ခဲ့ကြကြောင်း၊ ရုတ်တ ရက်ဖြစ်ပွားခဲ့ ခြင်းကြောင့် ဆိုင်အတွင်းရှိ ကိုကျော်မင်း၏ သူငယ်ချင်းအချို့နှင့် စားသုံးသူများမှာ တစ်စုံတစ်ရာ တားမြစ်နိုင်ခြင်း မရှိခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကိုကျော်မင်းမှာ ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ပြီး ၆ လမ်းအပေါ်ရှိ ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ပုန်းရှောင်နေခဲ့ကြောင်း ကိုယ်တွေ့မြင်ခဲ့ရသူများက ဆိုသည်။ ”ကားတွေ က နံပါတ်တွေ အုပ်ထားတယ်။ ရုတ်တရက်ဆို တော့ ဘာမှန်းမသိဘူး။ သူတို့က ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်သွား ကြတာ။ အပြင်မှာ ကျန်တဲ့သူတွေ က ဓားတွေ ယမ်းပြီး မဆိုင်တဲ့သူ မကပ်နဲ့လို့အော်တယ်။ ကိုကျော်မင်း ပြေးထွက်လာပြီး လမ်းထဲက ဆံပင်ညှပ်ဆိုင်မှာ ရေတောင်းသောက်ပါ သေးတယ်။ သူသေတော့မှာကို လည်း ပြောသွားပါတယ်” ဟု ၄င်းအား ဆေးရုံပို့ဆောင်ပေးခဲ့သူလူငယ် တစ်ဦးက ယင်းညတွင် ပြောသည်။ ကိုကျော်မင်းမှာ ယင်းဆိုင်တွင်ဝင်၍ ရေသောက်ပြီးနောက် အပြင် ပြန်ထွက်ခဲ့ရာ လမ်းမပေါ်သို့ လဲ ကျသွားခဲ့ကြောင်း ၄င်းကဆိုသည်။  အဆိုပါ ဖြစ်စဉ်မတိုင်မီ တန်ဆောင်တိုင် လပြည့်ညတွင် ကိုကျော်မင်းနှင့် ဝေဘာဂီမြို့သစ်နေ ကိုသက်ဦးဆိုသူတို့ ပြဿနာဖြစ်ပွားခဲ့ဖူးပြီး ကိုသက်ဦးမှ ယင်းညတွင် ကိုကျော်မင်းအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ကိုကျော်မင်းမှာ ရှောင်တိမ်း၍ ပြန်လည်ခုခံရာ ကိုသက်ဦး ပါးစပ်၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၄င်းမှ ပြန်လည် ထွက်ပြေးစဉ် ကိုကျော်မင်းအား ဓားဖြင့်ပစ်ပေါက်သွားခဲ့ရာ ယင်းဓားအား ရပ်ကွက်လူငယ်များက သိမ်းယူထားခဲ့သည်။ အဆိုပါ ဖြစ်ရပ်အပြီး ကိုကျော်မင်းအား အရေးယူရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များ ၄င်းနေအိမ်သို့ လာရောက်စဉ် ရပ်ကွက်ပြည်သူ ၃ဝဝ ခန့်က ဝိုင်းဝန်း ကန့်ကွက်အရေးဆိုခဲ့၍ ဖမ်းဆီးခြင်း မပြုခဲ့ကြောင်း ကိုကျော်မင်း၏ မိခင်ဖြစ်သူက ပြောသည်။ ”အဲဒီတုန်းက ဓားနဲ့လာခုတ် တဲ့သူကိုတော့ မဖမ်းဘူး။ ပြန်ခုခံတဲ့သူကို လာ ဖမ်းရသလားဆိုပြီး လူ တွေဝိုင်းဝန်း ကန့်ကွက်အော်ဟစ်ကြတော့ သူတို့ မဖမ်းတော့ဘူး။ သားကို သတ်ဖို့ သက်ဦးက လူမိုက်တွေ ကို ၂၅ သိန်းပေးပြီး ငှားထားတယ် ဆိုတာ အရင်ကတည်းက တစ်ရပ်ကွက်လုံး ကြားနေကြတာပါ။ အခုကတော့ တကယ့်ကို မထင်မိပါဘူး။ ကျွန်မတို့က ဒီအမှု ကို အမှန်တရား အတိုင်းဖြစ်စေချင်ပါ တယ်” ဟု  ၄င်းက ယင်းနေ့ည ၁၂း၃ဝ ခန့်တွင် PNသို့ ပြောသည်။ ယင်းဖြစ်ရပ်မှာ ကိုကျော်မင်း နှင့် ရန်ငြိုးရှိခဲ့ဖူးသော ဝေဘာဂီမြို့သစ်နေ ကိုသက်ဦး ဆိုသူနှင့် ပတ်သက်မှုရှိ မရှိ PN မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်အားမေးရာ ”ဆက်စပ်မှုရှိနိုင်ပါတယ်” ဟု ဆိုသည်။  ယင်းည ကိုယ်တွေ့မြင်ရသူ အချို့က ဓားဖြင့်ခုတ်သွားသူများ၏ အင်္ကျီ   နောက်ကျောတွင် စံပြငါးဈေး စာတမ်းများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။





ပေါ်ပျူလာဂျာနယ်
နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရက်စက်တဲ့လူသတ်မှု ဖြစ်ပွါး ရပ်ကွက် တာဝန်ကျ ရဲ နဲ့ အုပ်ချုပ်ရေးမှူးရုံးက တာဝန်မယူ နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ရက်စက်တဲ့လူသတ်မှု ဖြစ်ပွါး ရပ်ကွက် တာဝန်ကျ ရဲ နဲ့ အုပ်ချုပ်ရေးမှူးရုံးက တာဝန်မယူ Reviewed by သစ်ထူးလွင် on 21:05 Rating: 5

4 comments:

Anonymous said...

ဥပဒေမဲ့တိုင်းပြည်ကြီးကျနေတာပဲနော်...............
လုပ်ချင်တိုင်းကိုလုပ်နေလိုက်ကြတာ......

Anonymous said...

အမေစုေ၇ မြန်မာပြည်ကို အမြန်ကယ်တင်ပေးပါခင်ဗျာ။ ။

Anonymous said...

သတ်ကြဟေ့။ ကိုယ့်နိုင်ငံသားအချင်းချင်း။
စိတ်ဓါတ်ကိုက သူ့တို့အမေလင် အစိုးရနဲ့တပုံစံတည်း။

a said...

ဒါမျိုး ဒီတနေရာထည်း မဟုတ် ။ နောက်ကျ ရဲနဲ့ ညှိပီး တရားခံ တယောက်ထဲကို ပဲ အမှုလုပ် ပီး အုပ်စု က အပြင်မှာ ဆက်ကျန်နေတာပါပဲ

Powered by Blogger.