ဒီမိုကရက်တစ် မြန်မာ့အသံ၏ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားသည့် ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်ရောက်လာခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ၄င်းနှင့် နီးစပ်သော အသိုင်းအဝိုင်း မှ သိရသည်။
”ဦးဟန်အခုသွားတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”ဟု နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်၏ Online
ဆက်သွယ်မေးမြန်းချက်ကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိမ် အရေအတွက် အားဖြင့် အတိအကျမ သိရသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံရေး သဘော မဟုတ်သည့် လာရောက် လည်ပတ်မှုများရှိခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အောက်တိုဘာ ၁၉ ရက်နေ့ က Air Asiaလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဦးဟန်ညောင်ဝေနှင့်၎င်း၏သမီးဖြစ်သူတို့အား ပြည်တွင်းမီဒီယာ အချို့က တွေ့ဆုံရာတွင် ယခုမြန်မာနိုင်ငံကို ပြန်လာခြင်းသည် မည်သည့်ရည် ရွယ်ချက်မှ မရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြည်တော်ပြန်ခွင့်အမိန့် အရ လာရောက်ခြင်း ဖြစ်ပြီး ပြောင်းလဲနေသည့် အခြေအနေများကို လေ့လာလိုခြင်းသက်သက်သာ ဖြစ်ကြောင်း ဦးဟန်ညောင်ဝေက ပြောကြားသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ၏ တာဝန်ချပေးချက်အရ မည်သည့်တာဝန်ရှိသူမှ မြန်မာနိုင်ငံသို့ သွားရောက်မည်မဟုတ်သကဲ့သို့ ယင်းဌာန၏အလုပ်ကိစ္စဖြင့်လည်း မည်သူမျှ မြန်မာအစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုမရှိခဲ့ကြောင်း ယင်းသတင်းဌာန သတင်းအယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပေါ်ပြူလာနယူးစ် ၏ Online ဆက်သွယ်မေးမြန်း ခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ဦးဟန်ညောင်ဝေသည် မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စစ်ရွှေ သိုက်၏ သားအကြီးဆုံးဖြစ်ပြီး နှစ်ပေါင်းငါးဆယ်ကျော်ကြာ ပြည်ပ တွင် နေထိုင်ခဲ့သူဖြစ်ကာ လက်ရှိ တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး ပြည်ပအခြေစိုက်ဒီမိုကရေစီအင်အား စုများအား ကူညီနေသူတစ်ဦးဖြစ် ကြောင်း ¤င်းနှင့်နီးစပ်သောအသိုင်း အဝိုင်းမှ သိရသည်။ ¤င်းမြန်မာ နိုင်ငံလာရောက်ခြင်းကြောင့် မြန်မာ နိုင်ငံရေး ဖြစ်စဉ်များပြောင်းလဲ နေပြီဟု ရှုမြင်ကြသကဲ့သို့ ဒီမို ကရက်တစ် မြန်မာ့အသံအနေဖြင့် ပြည်တွင်းတွင် အခြေစိုက်ရန် စတင် ကြိုးစားနေပြီဟူသော ရှုမြင်သုံးသပ် ချက်များလည်း ထွက်ပေါ်နေ ကြောင်း နိုင်ငံရေးလေ့လာသူများ ထံမှ သိရသည်။
နိုင်လင်း

ဦးဟန်ညောင်ဝေ လာရောက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဟု DVB တာဝန်ရှိသူတဦးကပြော
Reviewed by သစ်ထူးလွင်
on
14:58
Rating:
No comments:
Post a Comment