လွှတ်တော်မှာ ပြည်သူ့အကျိုး ဆွေးနွေးတာနည်းတယ် လို့ဆို



Parliamentလွှတ်တော်မှာ ပြည်သူ အကျိုးရှိအောင် ပိုလုပ်သင့်တယ် လို့ သတင်း သမားကဆိုမြန်မာနိုင်ငံ ရဲ့ လွှတ်တော်မှာ သတင်းထောက်တွေ လာရောက်ခွင့်ရပြီး ဒီမိုကရေစီ ဆန်ဆန် မေးတာ ဖြေတာ သတင်းယူတာတွေ လုပ်လို့ ရပေမယ့် တကယ်တမ်း ပြည်သူ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ နည်းနေသေးတယ် လို့ အဲဒီမှာ သတင်းယူနေတဲ့ သတင်းထောက် တဦးက ပြောပါတယ်။အရင်က သတင်းယူလို့ မရခဲ့ လုပ်ခွင့်မရခဲ့ တာတွေကို အခု လုပ်နိုင်တဲ့အတွက် ကျေနပ်မှုတွေရှိတယ် လို့လည်း သူက ပြောပါတယ်။လွှတ်တော်မှာ မေးခွန်းတွေ မေးတဲ့အခါ စိတ်ဝင်စား စရာကောင်းတာတွေ ရှိပေမယ့် တာဝန်ရှိတဲ့ ဝန်ကြီး တွေက ဖြေတဲ့အခါ မေးခွန်းကို အခွင့်ကောင်း ယူပြီး ခေတ် အဆက်ဆက်မှာ သူတို့ဆောင်ရွက် ခဲ့တဲ့ စာရင်းတွေကိုတန်းစီ ဖြေလေ့ရှိတာကို သူကထောက်ပြ ပါတယ်။လွှတ်တော် ကိုယ်စားလှယ် တခိျု့ကလည်း သာမန် ကိစ0x081စရပ်တွေကို လွှတ်တော်မှာ မေးခွန်း ထုတ်ပြီး အချိန်ကုန်ခံ နေတယ်လို့ အဲဒီ သတင်းသမား က ဝေဖန်ပါတယ်။ဒီတော့ လွှတ်တော်ဟာ သာမန်ပြည်သူတွေ အကျိုးထက် လာတက်တဲ့ ကိုယ်စားလှယ်တွေ၊ မေးခွန်း ဖြေတဲ့ ဝန်ကြီးတွေ အတွက်သာ ပို အကျိုးရှိနေတာ တွေ့ရတယ်လို့ အဲဒီသတင်းသမားက ပြောပြခဲ့ပါတယ်။
လွှတ်တော်မှာ ပြည်သူ့အကျိုး ဆွေးနွေးတာနည်းတယ် လို့ဆို လွှတ်တော်မှာ ပြည်သူ့အကျိုး ဆွေးနွေးတာနည်းတယ် လို့ဆို Reviewed by သစ်ထူးလွင် on 10:53 Rating: 5
Powered by Blogger.