လမ်းခွဲလိုက်ကြတဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း

“ဟိုအရင်က ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ်ကြတာက ချစ်သူတွေသဘာဝ ရိုးရိုးတန်းတန်းကိစ္စလေးတွေနဲ့ ဖြစ်ကြတာပါ။ အခုတစ်ခါမှာတော့ ကျွန်တော်ဘယ်လိုမှ လက်ခံလို့မရတဲ့ အတိုင်းအတာဖြစ်တဲ့အတွက် ပြန်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။”
Posted on Jun 01 11 - 02:26 PM |
လမ်းခွဲလိုက်ကြတဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း
အနုပညာလောကအတွင်း ထင်ရှားသည့် စုံတွဲတစ်တွဲအဖြစ် တည်ရှိခဲ့ပြီး ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြင့် နာမည်ကြီးလှသော မော်ဒယ်ဘုဏ်းသိုက်နှင့် အဆိုတော်ချမ်းချမ်းတို့ နှစ်ဦးသည် မေလလယ်ပိုင်းတွင် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မော်ဒယ်ဘုဏ်းသိုက်ကပြောသည်။ “ဟိုအရင်က ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ်ကြတာက ချစ်သူတွေသဘာဝ ရိုးရိုးတန်းတန်းကိစ္စလေးတွေနဲ့ ဖြစ်ကြတာပါ။ အခုတစ်ခါမှာတော့ ကျွန်တော်ဘယ်လိုမှ လက်ခံလို့မရတဲ့ အတိုင်းအတာဖြစ်တဲ့အတွက် ပြန်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ စဖြစ်ခါစကတော့ ဒေါသလည်းထွက်တယ်။ စိတ်လည်းမကောင်းဘူး။ ယောက်ျားတစ်ယောက်ရဲ့ မာနကို ထိခိုက်တယ်လို့ ခံစားရတယ်။ ဒီရက်ပိုင်း ဘာအလုပ်မှလည်း လုပ်လို့မရဘူး။ သူ သြစတြေးလျ မထွက်သွားခင်ကတည်းက ကျွန်တော်တို့ လမ်းခွဲလိုက်တာပါ”ဟု ဘုဏ်းသိုက်ကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချမ်းချမ်းကို မေးမြန်းရန် ဆက်သွယ်သော်လည်း သြစတြေးလျသို့ ပြည်ပဖျော်ဖြေရေးပွဲ ခရီးသွားနေသည့်အတွက် ချမ်းချမ်း၏အမဖြစ်သူထံ ဆက်သွယ်မေးမြန်းရာတွင် “သူတို့နှစ်ယောက် လမ်းခွဲလိုက်တယ်ဆိုတာကတော့ တကယ်ပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းတွေကြောင့်ဆိုတာ ကျွန်မတို့က ကာယကံရှင်မဟုတ်တဲ့အတွက် မပြောနိုင်ပါဘူး”ဟု ဖြေကြားခဲ့သည်။ ချမ်းချမ်းသည် မေလလယ်က သြစတြေးလျသို့ ပြည်ပဖျော်ဖြေပွဲအတွက် ရန်ကုန်မှ မေလ ၁၇ ရက်တွင် ထွက်ခွာသွားပြီး ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်စြဖ်သည်။ သြစတြေးလျသို့ ချမ်းချမ်း မထွက်ခွာခင်အချိန်ကတည်းက ဘုဏ်းသိုက်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ခုချိန်မှာ ဘာအလုပ်မှ မလုပ်နိုင်အောင် အရမ်းခံစားရလို့ အလုပ်တွေအကုန်လုံးကို ဒီတစ်ပတ်လုံး လုံးဝမလုပ်ဘဲ နောက်တစ်ပတ်ထဲ နောက်ဆုတ်ထားပါတယ်”ဟု ဘုဏ်းသိုက်က သူ၏ လက်ရှိခံစားချက်ကို ပြောပြသည်။ ချမ်းချမ်းနှင့်ဘုဏ်းသိုက်သည် ချမ်းချမ်း၏ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဗီစီဒီတွင် “နေပါစေ”သီချင်း၌ အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး ၄င်းတို့နှစ်ဦး၏ အချစ်ရေးနှင့်ပတ်သက်၍ စာမျက်နှာများထက်တွင် ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ခြင်းများ ရှိခဲ့သည်။

Credit: အေးသူစံ (7Day News Journal)
လမ်းခွဲလိုက်ကြတဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း လမ်းခွဲလိုက်ကြတဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း Reviewed by သစ်ထူးလွင် on 10:00 Rating: 5
Powered by Blogger.