16 June 2011

အလှုငွေ ကိုယ်ထူ ကိုယ်ထ နှင့် အစိုးရ ဘတ်ဂျက်

Posted on June 13th, 2011
အလှုငွေ ကိုယ်ထူ ကိုယ်ထ နှင့် အစိုရ ဘတ်ဂျက်လက်ရှိအစိုးရ အဖွဲ့သစ်ဟာ မကြာလှသေး တဲ့ ကျောင်းဖွင့် ကာလမှာမူလတန်း အဆင့်အတွက် ကျောင်းသုံး စာအုပ်တွေ အခမဲ့ ထုတ်ပေးတဲ့စနစ် စတင်ကျင့်သုံး ခဲ့ပါတယ်။ ကျောင်းအပ် နှံ ရာမှာ လည်း တရားဝင် သတ်မှတ်ထားတဲ့ ကျောင်းဝင် ကြေး၊ ကျောင်းလခ တွေမှအပ အခြားမည် သည့်ငွေမှ မကောက်ခံ ရဘူးလို့လည်း
ညွှန်ကြား ချက် ထုတ်ခဲ့ပါတယ်။ ကျောင်းသား မိဘတွေက ကျောင်းကို စေတနာ ရှိလို့ လှူစေဦးတော့ ချက် ခြင်း လက်မခံရဘူး၊ နောက်နှစ်လ သုံးလမှလက်ခံ ဖို့ဆိုတာ လည်းပါပါတယ်။ ဂျာနယ် သတင်းတစ် ပုဒ်မှာတော့ ကျောင်းတွေရဲ့လိုအပ်ချက် တွေဖြစ် တဲ့ အဆောက် အအုံပြုပြင်ထိန်းသိမ်းတာ၊ အသစ် ဆောက်လုပ်တာ၊ ကျောင်း ပရိဘောဂ၊ ကျောင်း အတွက် လိုအပ်တဲ့ အထွေထွေ ပစ္စည်းများ စတာ တွေအတွက်ကို ကျောင်းသား မိဘတွေထည့်ဝင် လှူဒါန်းငွေ တွေနဲ့ လည်ပတ်နေရတယ်ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီလိုကိုယ် ထူကိုယ်ထ စနစ်နဲ့ရပ်တည်ရတာ၊ လှူဒါန်းမှု အစဉ်အလာ တွေဖြစ်နေတာကြာလှ ပါပြီ။ ယခင် တပ်မတော်အစိုးရ လက်ထက် ၂၂ နှစ်ကျော် ကာလ မှာ အလွန်ကျယ်ပြန့်လာ တယ်လို့တောင် ပြောနိုင်ပါတယ်။ အဓိက ကတော့ စာသင် ကျောင်း တွေဟာ ပညာရေးဝန်ကြီးဌာန က ဘတ်ဂျက်အပြင် ကျောင်းသား မိဘတွေရဲ့ လှူဒါန်းငွေ တွေနဲ့လည်ပတ်နေရတဲ့ သဘော သက်ရောက် ပါတယ်။
အလားတူပါပဲ။ ရှေ့နှစ်ပေါင်း ၂၀ ပတ်ဝန်း ကျင် မြန်မာနိုင်ငံ တစ်ဝှမ်းမြို့သစ်များစွာ ဖော် ထုတ် ခဲ့ပါတယ်။ အဲဒီမြို့သစ် တွေအတွက်အစိုးရ က တာဝန်ယူ ပေးတာကတော့ မြေရှင်းတာ၊ မြေတိုင်းတာ၊ အကွက် ရိုက်တာ၊ လမ်းကြမ်းတွေ ဖေါက်တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း ကာယကံ ရှင်ပြည်သူ တွေ ကသာ ကိုယ့်အား ကိုယ်ကိုး လမ်း ဖေါက်လုပ်ကြရပါတယ်။ ကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးတိုင် တွေထူ၊ မီးကြိုးတွေ သွယ်တန်း အချို့နေရာတွေဆို ကိုယ့်အား ကိုယ်ကိုး ထရန်စ ဖော်မာ တွေတောင် တပ်ဆင် ရပါတယ်။ ရေ မြောင်းဖေါက်တာ၊ ရေသွယ်ယူရေး အတွက် ဆောင်ရွက်ရတာ တွေကလည်း ကိုယ့်အား ကိုယ် ကိုးပါပဲ။
မြန်မာ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ လျှပ်စစ်မီး ရရှိရေးကိစ္စမှာ လည်း ကိုယ်ထူကိုယ်ထ ကိုယ့်အား ကိုယ်ကိုးပါဝင်မှုက အခန်းကဏ္ဍ အတော်ကြီးမား ပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာ ပေါင်း ၆,၃၇၉ ရွာ အနက် ငါးပုံ တစ်ပုံရှိတဲ့ ရွာပေါင်း ၁,၃၉၃ ဟာ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ နိုင်ငံတော် ဓာတ်အား စနစ်ကနေ ဓာတ်အား ရယူ ထားပြီး ကျန်ငါးပုံ လေးပုံဖြစ်တဲ့ ရွာ၅,၀၀၀ နီးပါး ကတော့ ကိုယ့်အား ကိုယ်ကိုးပြီး အခြားနည်း လမ်းတွေနဲ့ ဖြေရှင်း နေရသေးကြောင်း သိရပါ တယ်။ဆိုလို တာက မြန်မာနိုင်ငံ ကျေးရွာ အားလုံး နီးပါးဟာ လျှပ်စစ်မီး ရရှိရေးအတွက် ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ခဲ့ တာတွေ့နိုင်ပါတယ်။
အလားတူ ဆေးကု သရာမှာ၊ အစိုးရရုံးများ ကို အလုပ် ကိစ္စသွားရောက်ရာမှာလည်း လှူဒါန်း ငွေပေးရတာတွေ ကိုယ့်စား ရိတ်ကိုယ်ခံ ရတာတွေ နေရာ အနှံ့ ဖြစ်ပေါ်နေပါတယ်။ ဒီက နေ တစ်ဆင့်ပြည်သူ တွေဟာ နေ့စဉ် နေထိုင်မှုဘ၀ အတွက် ကုန်ကျ စားရိတ်တွေ ပိုမိုမြင့်မား လာစေ ပါတယ်။ ဒါတင်မ က လှူဒါန်းမှုနဲ့ ဆက်နွှယ်တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေလည်း ပေါက်ပွား လာစေပါတယ်။
တကယ်တော့ ဒါတွေဟာ သဘာဝကျပါရဲ့ လား။ အစိုးရဆိုတာ ပြည်သူ တွေဆီက အခွန် ကောက်မယ်၊ ရလာတဲ့ ငွေနဲ့ ဘတ်ဂျက် စီမံကိန်း ရေးဆွဲပြီး အစိုးရ ဌာနများ၊ အစိုးရက ကုန်ကျခံ ရမယ့် လုပ်ငန်းများ အတွက် ငွေကြေးအသုံးပြု မယ်၊ တကယ်လို့ ဘတ်ဂျက်ငွေ တွေမလောက်ငှ ဘူးဆိုရင် ဘာတွေ ဆက်လုပ် မယ်ဆိုတဲ့ အစီ အစဉ်တွေ ရှိရမှာဖြစ်ပါတယ်။ ဒါမှသာ ပြည်သူ တွေဟာ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာ စီးပွားရှာ ပညာသင်အစရှိတာတွေကို ပြုလုပ်နိုင် ကြမှာဖြစ်ပါတယ်။
တပ်မတော်အစိုးရလက်ထက် ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုတော့ အရပ်သား အစိုးရ အဖွဲ့သစ် တက်လာပါပြီ။ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး သမားတွေ၊ ပညာရှင်တွေ ကရော ဒီကိစ္စ ကို ဘယ်လို သဘောထားကြပါသလဲ။ သူများ နိုင်ငံ တွေမှာရော ဒီလိုကိစ္စမျိုး ဘယ်လို ဖြေရှင်း နေကြပါသလဲ။ စတာတွေကို ခုတစ်ပတ် ကျွန်တော်တို့ မြန်မာပို့စ်ဂျာနယ်က မေးမြန်းတင်ပြ ထားပါတယ်။
(၁) ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း – NDF )
ကိုယ့်အိမ်နီးချင်း အာဆီယံနိုင်ငံထဲက ဗီယက်နမ်နိုင်ငံမှာ ကျေးရွာမြို့သစ်တည်ရင် လမ်းဖောက်တာ၊ ရေစီးရေလာ ကောင်းအောင်၊ မီးရအောင် အားလုံး ပြည့်ပြည့်စုံစုံ အစစ အရာရာ အဆင်ပြေအောင် လုပ်ပေးပြီးမှ မြို့ရွာ သစ်တည် တယ်။ မြို့ရွာ တည်ထောင်ပေးတယ် လို့ လေ့လာ ထားတယ်။ အဲဒီ အခြေအနေနဲ့ ဒီမှာ အများကြီး ကွာတယ်။ ဒါက ပါတီစုံ၊ တစ်ပါတီ မပြောတော့ ဘူး။ အစိုးရရဲ့ စီမံခန့်ခွဲမှု ပေါ်မှာ မူတည်တယ်။ အခုစကား နဲ့ပြောရရင် အစိုးရ ကောင်းဟုတ် မဟုတ်ဆိုတာ ကျေးရွာတည်ခြင်း၊ မြို့သစ်တည် ခြင်းပေါ်မှာ လည်းမူတည်တယ်။ ကျွန်တော်တို့ သင်္ဃန်းကျွန်း က ရပ်ကွက် တော်တော်များများ ရွေးကောက်ပွဲ မတိုင်ခင်ရော၊ ရွေးကောက် ပွဲပြီး နောက်ပိုင်းမှာ လည်း တော်တော် များများ ကို မြို့သစ်တွေ ပြောင်းခိုင်းတယ်။ အထူးသဖြင့် ဒဂုံတောင်၊ ဒဂုံအရှေ့ ၊ ဒဂုံမြောက် များတယ်။ အဲဒီလို ပို့တာကို ကျွန်တော်ကိုယ်တိုင် က သွား ရောက်လေ့လာတဲ့ အချက်အရ မြေကြီးကို ဒီနေ ရာ ဒီနေရာ မင်းတို့နေဆိုပြီး ပန္နက်ချ ထားခဲ့တယ်။ ဒီတော့ ရေမရ၊ မီးမရဆိုတော့ မြို့သစ် တည်တဲ့ ဒုက္ခတွေ အများကြီး ခံစားရတယ်။ အဲဒါတွေ ကြောင့်မြို့သစ် တည်တည်၊ ရပ်ကွက်သစ် တည် တည် လိုအပ်ချက် အားလုံးပြုလုပ်ပြီးမှ ဒီစီမံကိန်း တွေကို အကောင်အထည် ဖော်သင့်ပါတယ်။
ဒါတွေက အသွင်ကူးပြောင်းစ ဒီမိုကရေစီ စနစ်၊ ဒီအပြောင်းအလဲကိုလူထု ယုံကြည်ဖို့ ဆိုရင် ပြင်စရာတွေ အများကြီးရှိပါတယ်။ မြို့ပြနဲ့သက် ဆိုင်တဲ့ စည်ပင် ဥပဒေမှာ ကိုက သေချာပြန်လည် ပြုပြင်ရမယ့် အချက်တွေ အများကြီးရှိတယ်။
ဒီတော့ ရောဂါလက္ခဏာ ကတူတယ်။ ဒီ ရောဂါ လက္ခဏာကိုကုမယ့် ဥပဒေတွေ အသစ် လုပ်မလား၊ ပြင်မလား၊ ဖြည့်စွက် မလားဆိုတာ အားလုံးဝိုင်း စဉ်းစားရမယ်။ ဖြစ်နိုင်ရင် ဆင်းရဲ မွဲတေမှု လျော့နည်းရေး အတွက် နှီးနှောဖလှယ်ပွဲ လုပ်သလို မြို့ပြ အုံ့ပုန်း ဒုက္ခသည်တွေရဲ့ဘ၀ကို ကုစားဖို့ နှီးနှော ဖလှယ်ပွဲ တစ်ရပ်လုပ်သင့်တယ်။ လုပ်တဲ့ အခါမှာလည်း လူထု အခြေအနေကို တ ကယ်သိပြီး လူထု ခံစားချက် ကို တကယ် ပြောနိုင် တဲ့ အကြံကောင်း ဥာဏ်ကောင်းပေးနိုင်တဲ့ ပုဂ္ဂိုလ် တွေရဲ့ သဘောထား ကိုရယူပြီး ဆောင်ရွက်ရင် လိုအပ်တဲ့ အဖြေကို တစ်စုံတစ်ရာ ရနိုင်မှာပါ။
ကျောင်းတွေမှာ ကလေး မိဘတွေဆီက အလှူခံ တယ်ဆိုတဲ့ကိစ္စကို ရိုးရိုးသားသားပြော ရင် ကျွန်တော် မသိဘူး။ မသိတဲ့ အတွက် ကျွန် တော်မပြောချင်ဘူး။ သို့သော် ကလေးသူငယ် ဥပဒေပြဋ္ဌာန်း ထားတာ ရှိတယ်။ ကလေး သူငယ် ဥပဒေနဲ့ မကိုက်ညီတဲ့အချက်ဆိုရင် ကျောင်းဆရာ ဆရာမ တွေကလည်း ဥပဒေကို ၀ိုင်းဝန်းထိန်း ကျောင်းပေးရမယ်။
ဒါကတော့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး သက်ဆိုင်ရာ တာဝန်ထမ်းတဲ့သူကို တရားဝင်ခံ စား ခွင့်မှတစ်ပါး အခြား ရယူမှုမျိုးကို ငွေနဲ့ ရရပစ္စည်းနဲ့ရရ စတာတွေ က လာဘ်ပေး လာဘ်ယူမှုပဲ။ လာဘ်ပေးလာဘ် ယူမှုကြီး ကို ယူတဲ့ သူကလည်း တောင်းရဲတယ်။ ပေးတဲ့ သူကလည်း မပေးရင် မဖြစ်တဲ့ အခြေအနေ။ အဲဒီအခြေအနေ ကိုပြင်ဖို့အတွက် တိတိကျကျ လုပ်ဖို့ လိုတယ်။ အနိမ့်ဆုံးဧည့်စာရင်းတိုင်ရင် တချို့နေရာ မှာ တစ်ရာ၊ တချို့မှာ ငါးရာ၊ တချို့ နေရာမှာတစ်ထောင်။ ရန်ကုန်တိုင်းကောင်စီ လက်ထက် ကတည်းက ထုတ်ထားတာက ဧည့်စာ ရင်းအတွက် အခကြေးငွေ ပေးစရာ မလိုပါ။ ရန် ကုန်တိုင်း ဒေသကြီး အစိုးရကစပြီး ရန်ကုန်တိုင်း မှာဧည့်ုစာရင်း လာလျှောက်သူတွေကို ငွေပေးရ မယ်ဆိုရင် စာရွက် စာတမ်းခ ဘယ်လောက် ပေးရ မလဲဆိုတာ တစ်ပြေးညီ သတ်မှတ်ပေးဖို့လိုတယ်။ မသတ်မှတ် ပေးရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိစ္စ တွေ လူထုကလည်းတိုင်တဲ့ အခါမှာ ကိုယ့်တာဝန် ကိုယ်ထမ်းတာ ကို နည်းအမျိုးမျိုးနဲ့ ငွေကြေး ပစ္စည်း တောင်းနေတာ အများကြီးရှိတယ်။ ဒါတွေက နေ့စဉ် ရက်ဆက်ကြားနေရတယ်။ ဒါတွေပြင်ဖို့  စနစ်သစ်မှာ သမ္မတခေါင်းဆောင်တဲ့ အစိုးရရော၊ ဒီအစိုးရနဲ့ လူထုကြားမှာ ပေါင်းကူး ပေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ အပေါ်ပိုင်း မှာသာ ဒီမိုကရေစီ အုပ်ချုပ်ရေး ဖြစ်ပေမယ့် ခရိုင် မြို့နယ် ရပ်ကျေး တွေရဲ့ အုပ်ချုပ်ရေးက ဒီမိုက ရေစီမ ဆန်သေးဘူး။ ဘာလို့ဆို ဆွဲခန့် ထားတဲ့ အဆင့်နဲ့ တာဝန် ပေးထားတာဖြစ်တယ်။ တစ်ဦး ချင်း အာဏာပေးရမယ့်အစား ထိန်းကျောင်းတဲ့ စနစ် လိုတယ်။ ဒီလိုအပ်ချက် ကို အမြန်ဆုံးပြုပြင် ရင်းအခုပြော နေတဲ့အစိုးရကောင်း၊သန့်ရှင်းသော အစိုးရ ဆိုတဲ့ရည်မှန်းချက် ကို ရောက်လာမယ်။
(၂) ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်- စဒက)
လာဘ်ပေးလာဘ် ယူကိစ္စ၊ အလှူခံတဲ့ကိစ္စ တွေကမဖြစ်သင့်ဘူးဆိုတာ ဂျာနယ်တွေ မှာပါပါ တယ်။ ကျောင်းအပ်တဲ့ အခါမှာလည်း အပိုအလှူ ငွေကောက်ခံခြင်း မပြုလုပ်ရဘူး။ တဖြည်းဖြည်း တော့ အခု ဦးဆောင်တဲ့အစိုးရက တစ်ဆင့်ပြီး တစ်ဆင့် အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ အန်ကယ်လ် အဲဒီလိုနား လည်တယ်။ သမ္မတ မိန့်ခွန်းမှာလည်း ဒါတွေ အားလုံးကို တိတိကျကျပါတယ်။ မိန့်ခွန်းမှာ ပါတဲ့ အတိုင်း  လက်တွေ့ အကောင်အထည်ဖော်နိုင် အောင်ကြိုးစားနေပြီ။ အခုက အသွင်ကူးပြောင်း ရေးအချိန် အခါလည်းဖြစ်တော့ တကယ်ရည် ရွယ်ထားတဲ့ အနေအထားကို ရောက်ဖို့ တစ်ဆင့် ပြီး တစ်ဆင့်သွားမှရမယ်။ အရာရာတိုင်း ဘယ် အလုပ်မဆို ချက်ခြင်း ပြောင်းလဲလို့မရဘူး။ အား လုံးကောင်းအောင် အားလုံးက ၀ိုင်းဝန်း ကြိုးစား ရမယ်။ အစိုးရကို ပဲတာဝန်အကုန် ပေးလို့မဖြစ်၊ ဦးဆောင်တဲ့ အခါမှာ ပြည်သူတွေ၊ ၀န်ထမ်းတွေ ရော ပါဝင် ဆောင်ရွက်ရင်လည်း တဖြည်းဖြည်း နဲ့မှ ဖြစ်လာမယ်။ အန်ကယ်လ် တို့ ဘက်မှာ ဧည့်စာရင်းတိုင်ရင် ပိုက်ဆံ ပေးရတယ်ဆိုတာ မကြားမိဘူး။ ရပ်ကွက်ရုံး တွေမှာ ကျောင်းတွေမှာ အလှူငွေ ကောက်ခံတယ်ဆိုတာ အစိုးရပေါ်လစီ တော့ မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ဦးချင်း က တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ အုပ်ချုပ် ရေးမှူးတွေလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ အဲဒီအနေအထား ပေါ်မှာမူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့လုပ် ဆောင်မှုတွေ တော့ ရှိနိုင်တယ်။
(၃) ဒေါ်သန်းသန်းနု
(ဒီမိုကရက်တစ်ပါတီ-မြန်မာ)
ဧည့်စာရင်း တိုင်တာ၊ ထောက်ခံစာလုပ်ရင် အလှူငွေပေး ရတယ်ဆိုတာမရှိ၊ အဲဒီက အစိုးရရဲ့ ရသုံးငွေ ဆိုတာလည်း အဲဒီက ရတယ်။
ကျောင်းတွေမှာ အလှူငွေပိုပြီး ကောက်ခံ လားဆိုတာ အန်တီမှာ ကျောင်းသား အရွယ် မရှိတော့ မသိဘူး။ ဒါပေမယ့် အခုချိန်ထိ အန်တီ တို့ရုံးမှာ အစည်းအဝေးလုပ်ရင် သူတို့ဆီမှာ စာရွက်ဖိုးငါးရာ၊ ဒါယူရင်တော့ တစ်ထောင်နဲ့ အားလုံး ပေါင်းလိုက်တော့ ငါးထောင်လောက် ကျတယ် လို့ပြောတယ်။ အခမဲ့ ဆိုပေမယ့် ဒီလို ဖြစ်နေသေး တယ်ဆိုတာ တောင်ဒဂုံ၊ မြောက် ဥက္ကလာတို့ဘက်မှာ ကြားနေရ တုန်းပါပဲ။ ဒါတွေ ကိုအစည်းအဝေးမှာ တင်ပြလို့ ကြားရတယ်။ လာဘ်ပေး လာဘ်ယူကိစ္စက မပ ပျောက်သေး ဘူး။ ဒီကိစ္စက အရိုးစွဲနေတဲ့ကိစ္စဆိုတော့  …။ မြို့သစ် တည်မယ်ဆိုရင် အဓိက အခြေခံလိုအပ် ချက် လမ်း၊ မီး၊ ရေ အစစ အရာရာ အစိုးရ ဘက်က လုပ်ပေးရမယ်။ အစိုးရ မလုပ်ပေးရင် ဘယ်သူလုပ်ပေးမှာလဲ။ ဒီမှာ လုပ်ပေးဖို့ စောင့် ရတယ်။
လာဘ်ပေး လာဘ်ယူကိစ္စပ ပျောက်ဖို့ အဆင်ပြေအောင် လုပ်ဖို့ဆိုရင် အစိုးရ ဘက်ပိုင်း က တိတိကျကျ သေသေချာချာပါဝင်ဆောင်ရွက် ရမယ်။ ပြည်သူတွေ အနေနဲ့လည်း ပါဝင်ဖို့လို တယ်။ အစိုးရ အားလုံးလုပ်မှာ ငါတို့ ဘာမှ လုပ်စရာ မလိုဘူးဆိုတာမျိုးတော့ မရဘူး။ ဟိုအရင် လမ်းဖောက်တာက ကိုယ့်ဘာသာ ကိုယ် ဖောက်ရပေမယ့် အစိုးရက ကမကထ လုပ်ပေး တယ်။ ကိုယ့်အသိစိတ် နဲ့အကျွေးအမွေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အိုးစည်ဗုံမောင်း ပါတယ်။ အဲဒါ မျိုးလေး တွေဖြစ်စေချင်တယ်။ အကုန်လုံးက အစိုးရ လုပ်မှာဆိုပြီးထိုင် စောင့်နေလို့လည်း မရ ဘူး။ အစိုးရ ဘက်က ဦးဆောင်ပြီးလုပ်ဖို့လို တယ်။ လာဘ်ပေး လာဘ်ယူကိစ္စမှာလည်း အစိုးရ ကိုယ်တိုင်တိတိကျကျ အရေးယူ ပြရမယ်။ ဟိုဟာဖြစ်မှာ စိုးလို့၊ ဒီဟာဖြစ်မှာစိုးလို့နဲ့ အရေး မယူလို့ တော့မရဘူး။ အရေးယူပြရမယ်။ ရပ် ကွက်ရုံး တွေမှာလည်း ဘတ်ဂျက် ငွေချပေးသည့် တိုင်အောင် တချို့ကအလှူ ဆက်ခံနေရင်တော့ မပြောတတ်ဘူး။
(၄) ဦးလျှံကြယ်
(ချင်းတိုးတက်ရေးပါတီ)
ကျောင်းကိစ္စ ပတ်သက်ပြီး အသေးစိတ် တော့ မသိပေမယ့် အလကားတော့ ပေးမယ် မထင်ဘူး။ ကျသလောက် ၀ယ်ရမယ်ထင်တယ်။ ကိုယ်လိုချင်တဲ့ အခန်းကိုပြောင်း တယ်ဆိုတာ အရင်ကရှိတယ်။ အခုတော့ သတင်းစာ ထဲမှာ ပါတဲ့အတိုင်း ဆိုတော့ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးနဲ့ ဌာနဆိုင်ရာ အထူးသဖြင့် ကြပ်မတ် ပြီးတော့ လုပ်မယ်ကြားတယ်။ အရင်က ရှိခဲ့ပေ မယ့်အခုနှစ်က မလိုအပ် တဲ့ကိစ္စတွေမရှိဘူးလို့ အန်ကယ် ထင်တယ်။ ကျောင်းကလည်း ဒီနေ့မှ တက်တာ ဆိုတော့ အဆင်ပြေမယ် ထင်တယ်။ မြို့သစ်တွေမှာ လမ်းမဖောက်ပေး၊ မီးမသွယ်ပေး၊ ရေမတူးပေး တာကတော့ စည်ပင်သာယာက မနိုင်လို့ ထင်တယ်။ ဒီကိစ္စတွေ ကလည်း ၀န်ကြီး ဌာန အလုပ်တွေပါ။ ဒါတွေမလုပ်ပေး ဘူးဆိုရင် စည်ပင်သာယာ နယ်နိမိတ်မှာ ပိုက်ဆံဘယ် လောက်ရှိရှိ တိုက်ခန်း အိမ်ခန်းပဲ ၀ယ်နေတော့ မယ်။
(၅) ဦးစိုးဝင်း
(အမျိုးသားဒီမိုကရေစီအင်အားစု)
တမျိုးသားလုံးနဲ့ ဆိုင်လာပြီဆိုရင် ပြည်သူ့ လွှတ်တော်ကို တက်လာပြီဆိုရင် အန်ကယ်တို့ ပြောမယ်။ တိုင်းဒေသကြီး အတွင်းမှာ ကျန်းမာ ရေးဝန်ကြီး၊ ဆောက်လုပ်ရေး ၀န်ကြီး၊ ပညာရေး ၀န်ကြီး၊ ၀န်ကြီးဌာန တွေရှိနေပြီဆိုတော့ သူတို့ ဦးစီးပြီး လုပ်ပေးမယ်။ အစိုးရဌာန တွေကို ဘတ် ဂျက်ချ ပေးတာတော့ရှိတယ်။ ရပ်ကွက်ရုံး၊ ကျောင်းတွေကို ဘတ်ဂျက်ချ ပေးလားဆိုတော့ အန်ကယ် လည်းမသိဘူး။
လာဘ်ပေးလာဘ်ယူ ပပျောက်အောင်ဆို ရင်အခြေခံ ကစပြီးဒီလာဘ်ပေးလာဘ် ယူကဘာ လို့ မပပျောက် တာလဲ။ ဘာလို့ဆက်ရှိနေလဲဆို တဲ့အကြောင်းရင်း ကိုရှာရမယ်။ ဒီအခြေခံကို မပြင်နိုင် သမျှတော့ လာဘ်ပေးလာဘ် ယူက ပျောက်စေ ဆိုပြီးတော့ ဘယ်ပျောက်မှာလဲ။ နိုင်ငံတော် သမ္မတကိုယ်တိုင် မိန့်ခွန်းမှာ ပါပြီးသားကို ဘာလို့ မပ ပျောက်သေး တာလဲ၊ အောက်ခြေမှာ ဘာတွေ အဆင်မပြေလို့လဲဆို တာ အန်ကယ်တို့ ကလေ့လာရမယ်။ တတယ်လို့ ဘယ်သူ့ဘက်က လွန်တယ် ဆိုတာကိုသိရင် အရေးယူလို့ရရမယ်။ မရရင် အန်ကယ်တို့ဒီလိုပဲ တင်ပြပြောသွားရမယ်။
(၆) ဦးစိုင်းသူရိန်ဦး (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)
(နမ့်စန်၊ ပြည်နယ်လွှတ်တော်)
မြို့သစ်တည်တဲ့နေရာမှာ လမ်း၊ မီး၊ ရေက ဘယ်သူကလုပ်ရလဲဆိုတာ သေချာမသိဘူး။ သူတို့အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကောက်ခံတယ်ဆိုရင်လည်းဥပမာ-မီး လုံးဝမရရှိ တဲ့နေရာဆိုရင်မြို့မီးလင်းရေးကော်မတီဆိုပြီး သူ့ဟာသူလုပ်ကြတာရှိတယ်။ ကျွန်တော်တို့ ဘက်မှာ သိရသလောက်ရပ်ကွက်လမ်းခင်းမယ် ဆိုရင် စည်ပင်ကလည်း အချိုးကျစိုက်တာရှိ တယ်။အိမ်တွေကလည်း သုံးသောင်း၊ ငါးသောင်း စိုက်ရတာတော့ရှိတယ်။ ဘယ်သူ့တာဝန်လဲဆို တာတော့ လွှတ်တော်ထဲမှာ ပြန်မေးရမယ်။ အစိုးရ ဘတ်ဂျက်ခွဲဝေတာကို ကျွန်တော်တို့ နမ့်စန်မှာ ကောင်းကောင်း မသိရသေးဘူး။ ဘတ် ဂျက်ခွဲဝေတာ နောက်တစ်ခေါက် လွှတ်တော် ခေါ်ပြီးမှ ဘယ်လိုခွဲ ဝေသုံးစွဲမယ် ဆိုတာ သိရ မယ်။ ဘတ်ဂျက် ဆိုတာ နိုင်ငံတော်မှာ အခွန် ထမ်းဆောင်တာ နဲ့ပြည်သူတွေ ဆီက ကောက်ခံ ထားတာ တွေဖြစ်တယ်။ ပြီးတော့မှ ဘယ်လို ပြန်သုံးစွဲမယ်လဲဆိုတာ သုံးသပ်တယ်။
လာဘ်ပေးလာဘ်ယူ ကိစ္စက တအား ဏမသနြခအ ကြီးတယ်။ ကျွန်တော်တို့ နိုင်ငံတစ်ခု တည်းမှာတော့ မဟုတ်ဘူး။ နိုင်ငံတကာမှာ လာဘ်ပေးလာဘ်ယူ မရှိတဲ့နိုင်ငံက မရှိသလောက် ပါပဲ။  အဲဒီပင် ကိုယ်အသိစိတ် တွေကို အရင်ဆုံး ပြန်ပြောင်းဖို့ လိုတယ်ထင်တယ်။ ဒီလာဘ်ပေး လာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ကိစ္စ အများကြီး မကိုင်တွယ်ဖူးသေးဘူး။ ကြုံလည်း မကြုံဖူး သေးဘူးဆိုပေမယ့် နေရာတကာ မှာဖြစ် ပျက်နေတယ်။ ဘယ်လို လုပ်ရမလဲ ဆိုရင် ပြည်သူ လူထု စိတ်ထဲကို မပေးရဘူး ဆိုတဲ့ အသိရိုက် ထည့်ပေးရမယ်။
(၇) ဦးဖေသန်း
(ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ)
(မြေပုံ၊ ပြည်သူ့လွှတ်တော်)
ရပ်ကွက်ရုံးတွေမှာ ထောက်ခံစာ လုပ်တာ ဧည့်စာရင်း တိုင်ရင် ပိုက်ဆံ ကောက်ခံတာ အရင်ကတည်း ရှိပါတယ်။ အရင်တုန်းက ရ-ယ-က လုပ်တယ်။ အခုပြောင်းထားတဲ့ အုပ်ချုပ်ရေး မှူးတွေ လည်း ဆက်လက်လုပ် နေဆဲပါ။ ဒါက အထွေအထူး ပြောစရာမလိုပါဘူး။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် ပါပဲ။ ပြင်မယ် ဆိုလည်း အခုချက် ချင်းပြောင်းလဲ မှာမဟုတ်ဘူး။ ပြောင်းလဲ ဖို့လည်း ဘာမှ မရှိသေးပါဘူး။ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကိုတောင် သူတို့က အရင် ရ-ယ-က လူတွေ ပဲပြန်ခန့် ထားတယ်။ တကယ်တော့ အုပ်ချုပ်ရေး မှူးဆိုတာ ရပ်ကွက်ပြည်သူ လူထု ဆန္ဒကောက်ခံ ပြီးပြန် ရွေးချယ်ရမယ့် တာဝန်  ရှိတယ်။ ဒါတွေ ဖြစ်နေတယ် ဆိုတာကို ကျွန်တော်နေပြည်တော် ရောက်နေတာ လ၀က် ရှိနေပေမယ့် သိတယ်။ ဒီအချိန် လ၀က်လောက်မှာ အဲဒီအခြေ အနေတွေ ပြောင်းလဲသွားစရာအကြောင်းမရှိဘူး။ အထက် ကလည်း သေသေချာချာနဲ့အမိန့်လာသေးတာမဟုတ် ဘူး။ ဖမ်းဆီးတာ၊ အရေးယူတာ မရှိသေးဘူး။ တကယ်တော့ ကောက်ခံတာတွေကိုမလုပ်သင့် ဘူး။ အစိုးရကဘတ်ဂျက် ကချပေးရမယ်။သူတို့ ကောက်ခံတဲ့ အခါပြောတာတွေက အကြောင်းပြ ချက်တွေပဲ။ ဒါတွေကိုအထက်က သတ်သတ်မှတ် မှတ် ဥပဒေနဲ့ ပြဋ္ဌာန်းထားတာ မရှိသေးဘူး။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေနဲ့လည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။
(၈) ဦးစောအေးကို
(ကရင်ပြည်သူ့ပါတီ)
အန်ကယ်တို့ ရွှေပြည်သာဘက် ကရပ်ကွက် ရုံးတွေမှာ တစ်ခုခုနဲ့ ပတ်သက်ပြီးအလှူငွေ ကောက်ခံ တာမကြားမိဘူး။ ရပ်ကွက်ရုံး တွေကို အစိုးရက ဘတ်ဂျက်ငွေချပေးလား ဆိုတာဘာမှ တော့ မကြားမိ သေးဘူး။ မြို့သစ်တစ်ခု မှာ လမ်း၊ မီး၊ ရေ စတာတွေ ကတော့ အစိုးရက လုပ်ပေးရင် အစိုးရ အခွန်ပါမယ်။ မလုပ်ပေးရင် တော့ မပါ ဘူး။ ဒါပဲကွာမယ်ထင်တယ်။ သူများနိုင်ငံ တွေ ကြည့်မယ် ဆိုရင်တော့ ဒါတွေ အကုန်လုံးကို ကုမ္ပဏီ တွေက လုပ်နေကြတယ်။ လုပ်ပြီးမှ အခကြေးငွေပြန် ယူတယ်။ အခုအစိုးရက လည်း သူ့ဝန်ထုပ်ဝန်ပိုး တွေကို လျှော့ချနေတယ်။
ဖြိုးဇာ